Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 4:47

Judson Bible

ယေ​ရှု​သည်​ယု​ဒ​ပြည်​မှ​ဂါ​လိ​လဲ​ပြည်​သို့ ရောက်​တော်​မူ​သည်​ကို ထို​အ​မတ်​သည်​ကြား​လျှင်၊ အ​ထံ​တော်​သို့ သွား၍ သေ​ခါ​နီး​ဖြစ်​သော မိ​မိ​သား​ဆီ​သို့​ကြွ၍ အ​နာ​ရော​ဂါ​ကို ငြိမ်း​စေ​တော်​မူ​မည်​အ​ကြောင်း တောင်း​ပန်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်​သည် ငါ​တို့​ခို​လှုံ​ရာ​ဖြစ်၍၊ ခွန်​အား​ကို​ပေး​တော်​မူ၏။ ဘေး​ရောက်​သည်​ကာ​လ အ​ထူး​သ​ဖြင့် ကူ​မ​တော်​မူ​ကြောင်း ထင်​ရှား​လျက်​ရှိ၏။

ယု​ဒ​ပြည်​ဗက်​လင်​မြို့၌ ဟေ​ရုဒ်​မင်း​ကြီး​လက်​ထက်၊ ယေ​ရှု​သည် ဖွား​မြင်​ခြင်း​ကို​ခံ​တော်​မူ​ပြီး​မှ၊ မာ​ဂု​ပ​ညာ​ရှိ​တို့​သည် အ​ရှေ့​ပြည်​က ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​လာ​ကြ​လျှင်။-

နာ​ဇ​ရက်​မြို့​သား ယေ​ရှု​ရှိ​ကြောင်း​ကို ကြား​ရ​လျှင်၊ ဒါ​ဝိဒ်၏​သား​တော်​ယေ​ရှု၊ အ​ကျွန်ုပ်​ကို ကယ်​မ​သ​နား​တော်​မူ​ပါ​ဟု ဟစ်​ကြော်​လေ၏။-

ထို​အ​ခါ ယာ​ဣ​ရု​အ​မည်​ရှိ​သော တ​ရား​ဇ​ရပ်​မှူး​သည် လာ၍ ယေ​ရှု၏​ခြေ​တော်​ရင်း၌ ပျပ်​ဝပ်​လျက်၊-

မာ​ရိ​မူ​ကား​အိမ်၌ ထိုင်​လျက်​နေ​ရစ်၏။ မာ​သ​က၊ သ​ခင်၊ ကိုယ်​တော်​ရှိ​တော်​မူ​လျှင် ကျွန်​မ၏​မောင် မ​သေ​ပါ။-

မာ​ရိ​သည် ယေ​ရှု​ရှိ​တော်​မူ​ရာ​အ​ရပ်​သို့​ရောက်၍ ကိုယ်​တော်​ကို​မြင်​လျှင် ခြေ​တော်​ရင်း၌ ပျပ်​ဝပ်​လျက်၊ သ​ခင်၊ ကိုယ်​တော်​ရှိ​တော်​မူ​လျှင် ကျွန်​မ၏​မောင် မ​သေ​ပါ​ဟု လျှောက်၏။-

ယု​ဒ​ပြည်​မှ ထွက်​သွား၍ ဂါ​လိ​လဲ​ပြည်​သို့ တစ်​ဖန် ကြွ​တော်​မူ​စဉ်​တွင်၊-

ဤ​နိ​မိတ်​လ​က္ခ​ဏာ​တော်​ကား၊ ယေ​ရှု​သည် ယု​ဒ​ပြည်​မှ ဂါ​လိ​လဲ​ပြည်​သို့ ကြွ​သည်​နောက်၊ ပြ​တော်​မူ​သော ဒု​တိ​ယ​နိ​မိတ်​လ​က္ခ​ဏာ ဖြစ်​သ​တည်း။

လု​ဒ္ဒ​မြို့​သည် ယု​ပ္ပေ​မြို့​နှင့် နီး​သည်​ဖြစ်၍ ထို​မြို့၌ ပေ​တ​ရု​ရှိ​ကြောင်း​ကို တ​ပည့်​တော်​တို့​သည်​ကြား​လျှင်၊ ပေ​တ​ရု​သည် အ​လျင်​အ​မြန် ကြွ​လာ​ပါ​မည်​အ​ကြောင်း လူ​နှစ်​ယောက်​ကို စေ​လွှတ်၍ တောင်း​ပန်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ