အကျွန်ုပ်တို့ဘိုးဘေးများသည် ဤတောင်ပေါ်၌ ကိုးကွယ်လေ့ရှိကြ၏။ ယေရုရှလင်မြို့၌သာ ကိုးကွယ်ရမည်ဟု သင်တို့သည် ဆိုတတ်ကြ၏ဟု လျှောက်လျှင်၊-
သင်သည် ငါ့ရှေ့မှာ ဆုတောင်းပတ္ထနာပြုသော စကားကိုငါကြားပြီ။ သင်တည်ဆောက်သော ဤအိမ်ကို သန့်ရှင်းစေ၍၊ ငါ့နာမကို အစဉ်တည်စေမည်။ အစဉ်ငါကြည့်ရှုလျက် နှလုံးစွဲလမ်းလျက်နေမည်။
ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်၍၊ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်လေ၏။ ထိုသို့ ထာဝရဘုရားကို ပတ္ထနာပြုသောအခါ၊ မီးရှို့ရာယဇ်ပလ္လင်ပေါ်သို့ မီးကျသဖြင့် ကောင်းကင်ထဲက ထူးတော်မူ၏။
သို့ဖြစ်၍၊ ဒါဝိဒ်က ဤအရပ်သည် ထာဝရအရှင် ဘုရားသခင်၏အိမ်တော်ဖြစ်၏။ ဤယဇ်ပလ္လင်သည် ဣသရေလအမျိုး၏ ယဇ်ပလ္လင်ဖြစ်၏ဟု ဆိုလျက်၊
ထာဝရဘုရားသည် ညအချိန်တွင်ထင်ရှားတော်မူလျက်၊ သင်ပြုသော ပတ္ထနာစကားကို ငါကြားပြီ။ ဤအရပ်ဌာနကို ယဇ်ပူဇော်ရာ အိမ်ဖြစ်စေခြင်းငှာ ကိုယ်အဖို့ ငါရွေးယူပြီ။
ငါ့နာမသည် အစဉ်တည်၍ ငါ့မျက်စိနှင့် ငါ့နှလုံး အစဉ်စွဲလမ်းစရာဖို့ ဤအိမ်ကိုငါရွေးချယ်၍ သန့်ရှင်းစေပြီ။
ထာဝရဘုရားသည် ဇိအုန်မြို့ကိုရွေးကောက်၍၊ အမြဲနေတော်မူရာဖို့ အလိုတော်ရှိသည်အရာမှာ၊
ယုဒအမျိုးကိုလည်းကောင်း၊ ချစ်တော်မူသော ဇိအုန်တောင်ကိုလည်းကောင်း ရွေးတော်မူ၏။
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကောင်းကင်ဘုံသည် ငါ့ပလ္လင်ဖြစ်၏။ မြေကြီးသည် ငါ့ခြေတင်ရာခုံ ဖြစ်၏။ အဘယ်သို့သော ဗိမာန်ကို ငါ့အဖို့တည်ဆောက်ကြမည်နည်း။ အဘယ်အရပ်သည် ငါကျိန်းဝပ်ရာအရပ် ဖြစ်မည်နည်း။
ကိုယ်တော်သည် ယေရုရှလင်မြို့သို့သွားအံ့သော အခြင်းအရာကို ထိုရွာသားတို့သည်ထောက်၍ လက်မခံကြ။-
ဤရေတွင်းကို ငါတို့အဘယာကုပ်သည် ငါတို့အား ပေး၏။ သူ့ကိုယ်တိုင်မှစ၍၊ သားသမီး၊ တိရစ္ဆာန်များတို့သည် ဤတွင်းရေကို သောက်ကြပြီ။ သခင်သည် ထိုသူထက် ကြီးမြတ်သလောဟုဆို၏။-
သင်တို့သည်သွား၍ ဝင်စားလတ္တံ့သောပြည်သို့ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည်ဆောင်သွင်းတော်မူပြီးမှ၊ ကောင်းချီးမင်္ဂလာကို ဂေရဇိမ်တောင်ပေါ်၌လည်းကောင်း၊ ကျိန်ခြင်းကို ဧဗလတောင်ပေါ်၌လည်းကောင်း တင်ထားရကြမည်။
သင်တို့သည် ယော်ဒန်မြစ်ကိုကူးသောနောက်၊ လူများတို့အား ကောင်းချီးပေးခြင်းအလိုငှာ ဂေရဇိမ်တောင်ပေါ်မှာ ရပ်ရသောသူဟူမူကား၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ယောသပ်၊ ဗင်္ယာမိန်တည်း။