Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 4:18

Judson Bible

အ​ကြောင်း​မူ​ကား၊ သင်၌ လင်​ငါး​ယောက်​ရှိ​ဖူး​ပြီ။ ယ​ခု​သင်​နှင့်​နေ​သော​သူ​သည် သင်၏​လင်​မ​ဟုတ်။ ဤ​အ​ရာ၌ သင်​သည်​မှန်​သော စ​ကား​ကို​ပြော​ပြီ​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ည​အ​ချိန်​တွင်​အိပ်​မက်​အား​ဖြင့် ဘု​ရား​သ​ခင်​သည် အ​ဘိ​မ​လက်​ဆီ​သို့​ကြွ​လာ၍၊ သင်​သည် လူ​သေ​ဖြစ်၏။ အ​ကြောင်း​မူ​ကား၊ သင်​ယူ​သော​မိန်း​မ​သည် သူ့​မ​ယား​ဖြစ်၏​ဟု မိန့်​တော်​မူ​၏။

ထို​ပြည်​ကို​အ​စိုး​ရ​သော​ဟိ​ဝိ​အ​မျိုး၊ ဟာ​မော်​မင်း​၏​သား​ရှေ​ခင်​သည် ဒိ​န​ကို​မြင်​လျှင်၊ ယူ​သွား၍​အိပ်​ဖော်​ပြု​လျက်၊ သူ့​အ​သ​ရေ​ကို​ရှုတ်​ချ​လေ​၏။

သူ​တို့​က၊ ငါ​တို့​နှ​မ​ကို​ပြည့်​တန်​ဆာ​ကဲ့​သို့​မှတ်၍ ပြု​ရ​မည်​လော​ဟု ပြန်​ဆို​လေ၏။

အို ဣ​သ​ရေ​လ​အ​မျိုး၊ မ​ယား​သည် မိ​မိ​ခင်​ပွန်း၌ သ​စ္စာ​ဖျက်​သ​ကဲ့​သို့၊ အ​ကယ်​စင်​စစ် သင်​တို့​သည် ငါ၌​သ​စ္စာ​ဖျက်​ကြ​ပြီ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ကိုယ်​မ​ဆိုင်​သော ယောက်ျား​ကို ကိုယ်​လင်၏​ကိုယ်​စား​လက်​ခံ၍ မျောက်​မ​ထား​သော မိန်း​မ​နှင့်​တူ၏။

သို့​ဖြစ်၍၊ အို​ပြည့်​တန်​ဆာ​မိန်း​မ၊ ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို နား​ထောင်​လော့။

ဤ​ရွေ့​ကား၊ မိန်း​မ​သည် ကိုယ်​ခင်​ပွန်း​မှ​တစ်​ပါး အ​ခြား​သော​ယောက်ျား​နှင့် မှား​ယွင်း၍ ညစ်​ညူး​ခြင်း​ရှိ​သော်​လည်း​ကောင်း၊

မိန်း​မ​သည်​လည်း မိ​မိ​လင်​နှင့်​ကွာ၍ အ​ခြား​သော​ယောက်ျား​နှင့် စုံ​ဖက်​ခြင်း​ကို​ပြု​လျှင် မှား​ယွင်း​ခြင်း​သို့ ရောက်​သည်​ဟု မိန့်​တော်​မူ၏။

ယေ​ရှု​က၊ သွား​လော့။ သင်၏​လင်​ကို​ခေါ်၍ သည်​ကို​လာ​ဦး​လော့​ဟု မိန့်​တော်​မူ၏။-

မိန်း​မ​က​လည်း၊ အ​ကျွန်ုပ်၌ လင်​မ​ရှိ​ဟု​ဆို​လျှင်၊ ယေ​ရှု​က၊ လင်​မ​ရှိ​ဟူ​သော​စ​ကား​သည် မှန်၏။-

ထို​မိန်း​မ​က​လည်း၊ သ​ခင်၊ ကိုယ်​တော်​သည် ပ​ရော​ဖက်​ဖြစ်​သည်​ကို အ​ကျွန်ုပ်​ရိပ်​မိ​ပါ၏။-

ထို​ကြောင့်၊ မိ​မိ​လင်​မ​သေ​မီ အ​ခြား​သော​သူ၏ မ​ယား​ဖြစ်​လျှင်၊ မျောက်​မ​ထား​သော​မိန်း​မ​ဟု ခေါ်​ထိုက်၏။ လင်​သေ​လျှင်​မူ​ကား၊ ထို​တ​ရား​နှင့်​လွတ်​သည်​ဖြစ်၍၊ အ​ခြား​သော​သူ၏​မ​ယား ဖြစ်​သော်​လည်း၊ မျောက်​မ​ထား​သော​မိန်း​မ​ဟု ခေါ်​စ​ရာ​အ​ကြောင်း​မ​ရှိ။-

ခပ်​သိမ်း​သော သူ​တို့၌ မင်္ဂ​လာ​ဆောင်​ခြင်း​အ​မှု​နှင့် သ​စ္စာ​သံ​ဝါ​သ​ပြု​ခြင်း​အ​မှု​သည် အ​သေ​ရေ ရှိ​စေ​လော့။ မ​တ​ရား​သော မေ​ထုန်​ကို​ပြု​သော​သူ​နှင့် သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ​ကို ဘု​ရား​သ​ခင်​စစ်​ကြော စီ​ရင်​တော်​မူ​လိမ့်​မည်။-

သေ​သော​သူ၏​နာ​မည်​ကို သူ၏​ညီ​အစ်​ကို​စု​ထဲ​က​လည်း​ကောင်း၊ သူ​နေ​ရာ မြို့​တံ​ခါး​ထဲ​က​လည်း​ကောင်း မ​ပြတ်​စေ​ခြင်း​ငှာ၊ သူ၏​အ​မွေ​အား​ဖြင့် သူ၏​နာ​မည်​ကို ထောက်​မ​မည်​အ​ကြောင်း၊ မ​ဟာ​လုန်၏​မ​ယား မော​ဘ​အ​မျိုး​သ​မီး ရု​သ​ကို ငါ၏​မ​ယား​ဖြစ်​စေ​ခြင်း​ငှာ ငါ​ဝယ်​သည်​ကို သင်​တို့​သည် ယ​နေ့​သက်​သေ​ဖြစ်​ကြ​ပါ၏​ဟု အ​သက်​ကြီး​သူ​များ၊ လူ​များ​အ​ပေါင်း​တို့​အား ပြော​ဆို၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ