နိကောဒင်ကလည်း၊ ဤအမူအရာသည် အဘယ်သို့ဖြစ်နိုင်ပါမည်နည်းဟု လျှောက်ပြန်လျှင်၊-
ဖြောင့်မတ်သောသူတို့၏လမ်းသည် တက်သောအရုဏ်ကဲ့သို့ဖြစ်၍၊ နေထွက်သည်တိုင်အောင် တိုးပွားထွန်းလင်းတတ်၏။
မျက်စိကန်းသောသူတို့ကို မိမိတို့မသိသောလမ်းဖြင့် ငါဆောင်မည်။ မိမိတို့ မကျွမ်းသောခရီး၌ သွားစေမည်။ သူတို့ရှေ့မှာ မှောင်မိုက်ကို လင်းစေမည်။ ကောက်သောလမ်းကိုလည်း ဖြောင့်စေမည်။ ထိုသို့သောကျေးဇူးကို ပြုမည်။ သူတို့ကို မစွန့်ပစ်။
မာရိကလည်း၊ ဤအမှုအရာသည် အဘယ်သို့ ဖြစ်လိမ့်မည်နည်း။ အကျွန်ုပ်သည် ယောက်ျားနှင့် မဆက်ဆံပါဟု ကောင်းကင်တမန်အား ပြန်ပြော၏။-
တစ်ဖန်ယေရှုက၊ သင်သည် ဣသရေလလူတို့တွင် ဓမ္မဆရာဖြစ်လျက်ပင် ဤအမှုအရာကို မသိသလော။-
နိကောဒင်ကလည်း၊ အသက်ကြီးသောသူသည် မွေးခြင်းကိုအဘယ်သို့ခံနိုင်ပါမည်နည်း။ အမိဝမ်းထဲသို့ တစ်ဖန်ဝင်၍ မွေးခြင်းကို ခံနိုင်ပါမည်လောဟု လျှောက်၏။-
လေသည် အလိုရှိတိုင်းသွားလာ၏။ လေ၏အသံကို သင်သည်ကြားရသော်လည်း အဘယ်အရပ်ကဖြစ်သည်၊ အဘယ်အရပ်သို့သွားသည်ကို မသိနိုင်။ ထိုနည်းတူ ဝိညာဉ်တော်မွေးသောသူဖြစ်သည်ဟု မိန့်တော်မူ၏။
ထိုအခါ ယုဒလူတို့က၊ ဤသူသည် မိမိအသားကို ငါတို့စားစရာဖို့အဘယ်သို့ ပေးနိုင်သနည်းဟု အချင်းချင်း ငြင်းခုံကြ၏။-
တပည့်တော်အများတို့သည် ကြားလျှင်၊ ထိုစကားသည် အလွန်ခက်လှ၏။ အဘယ်သူနားခံနိုင်မည်နည်းဟု ဆိုကြ၏။-