Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 3:32

Judson Bible

မြင်​သ​မျှ​ကြား​သ​မျှ​တို့​ကို​လည်း သက်​သေ​ခံ​တော်​မူ၏။ ထို​သက်​သေ​ခံ​ချက်​ကို အ​ဘယ်​သူ​မျှ​မ​ခံ​မ​ယူ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ငါ​လာ​သော​အ​ခါ အ​ဘယ်​ကြောင့် လူ​မ​ရှိ​သ​နည်း။ ငါ​ခေါ်​သော​အ​ခါ အ​ဘယ်​ကြောင့် မ​ထူး​သ​နည်း။ ငါ​သည် မ​ရွေး​မ​နုတ်​နိုင်​အောင် လက်​တို​သ​လော။ ကယ်​ချွတ်​နိုင်​သော တန်​ခိုး​မ​ရှိ​သ​လော။ ကြည့်​ရှု​လော့။ ငါ​ဆုံး​မ​သ​ဖြင့် ပင်​လယ်​ရေ​သည် ခန်း​ခြောက်၏။ မြစ်​တို့​ကို လွင်​ပြင်​ဖြစ်​စေ၏။ ရေ​မ​ရှိ​သော​ကြောင့် ငါး​တို့​သည်​နံ​ကြ၏။ ရေ​ငတ်၍ သေ​ကြ၏။

ငါ​တို့​ဟော​ပြော​သော သ​တင်း​စ​ကား​ကို အ​ဘယ်​သူ ယုံ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား၏ လက်​တော်​သည် အ​ဘယ်​သူ​အား ထင်​ရှား​တော်​မူ​သ​နည်း။

တောင်း​သော​သူ​မည်​သည်​ကား ရ၏။ ရှာ​သော​သူ​လည်း တွေ့၏။ ခေါက်​သော​သူ​အား​လည်း တံ​ခါး​ကို​ဖွင့်၏။-

သူ​သည် မိ​မိ​ဒေ​သ​အ​ရပ်​သို့ ကြွ​လာ​သော်​လည်း၊ မိ​မိ​လူ​မျိုး​တို့​သည် သူ့​ကို​လက်​မ​ခံ​ဘဲ နေ​ကြ၏။-

ယ​ခု​မှ​စ၍ ငါ​သည်​သင်​တို့​ကို ကျွန်​ဟူ၍​မ​ခေါ်။ ကျွန်​မူ​ကား၊ ကိုယ်​သ​ခင်​ပြု​သော​အ​မှု​ကို မ​သိ။ သင်​တို့​ကို အ​ဆွေ​ဟူ၍​ငါ​ခေါ်၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ခ​မည်း​တော်​ထံ၌ ကြား​သ​မျှ​သော​အ​ရာ​တို့​ကို သင်​တို့​အား ငါ​ပြ​သ၏။-

ပိ​လတ်​မင်း​က​လည်း၊ သို့​ဖြစ်​လျှင် သင်​သည် ရှင်​ဘု​ရင်​မှန်​သ​လော​ဟု မေး​သော်၊ ယေ​ရှု​က၊ မင်း​ကြီး​မေး​သည်​အ​တိုင်း ငါ​သည်​ရှင်​ဘု​ရင်​မှန်၏။ သ​မ္မာ​တ​ရား​ဘက်၌ သက်​သေ​ခံ​ခြင်း​ငှာ ငါ​သည်​မွေး​ဖွား​ခြင်း​ကို​ခံ၍ ဤ​လော​က​သို့​ကြွ​လာ​ပြီ။ သ​မ္မာ​တ​ရား​နှင့်​စပ်​ဆိုင်​သ​မျှ​သော သူ​တို့​သည် ငါ့​စ​ကား​ကို​နား​ထောင်​ကြ​သည်​ဟု မိန့်​တော်​မူ၏။-

ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ ငါ​တို့​သည် ကိုယ်​သိ​သော​အ​ရာ​ကို ပြော၏၊ ကိုယ်​မြင်​သော​အ​ရာ​ကို သက်​သေ​ခံ၏။ သို့​သော်​လည်း ငါ​တို့၏​သက်​သေ​ခံ​ချက်​ကို သင်​တို့​သည် မ​ခံ​မ​ယူ​ကြ။-

ယော​ဟန်​ထံ​သို့​လာ၍၊ အ​ရှင်​ဘု​ရား၊ ယော်​ဒန်​မြစ်​တစ်​ဖက်၌ ကိုယ်​တော်​နှင့်​တ​ကွ​ရှိ၍၊ ကိုယ်​တော် သက်​သေ​ပေး​သော​သူ​သည် ဗ​တ္တိ​ဇံ​ကို​ပေး​လျက်​နေ၏။ ထို​သူ​ထံ​သို့ လူ​အ​ပေါင်း​တို့​သည် ရောက်​ကြ​ပါ၏​ဟု လျှောက်​လျှင်၊-

သက်​သေ​ခံ​တော်​မူ​ချက်​ကို ခံ​ယူ​သော​သူ​သည်​ကား၊ ဘု​ရား​သ​ခင်​သည် သ​စ္စာ​စောင့်​တော်​မူ​သည်​ဟု တံ​ဆိပ်​ခတ်၏။-

ခ​မည်း​တော်​သည် သား​တော်​ကို​ချစ်​တော်​မူ၍ ပြု​တော်​မူ​သ​မျှ​တို့​ကို သား​တော်​အား​ပြ​တော်​မူ၏။ သင်​တို့​သည် အံ့​ဩ​ဖွယ်​ရှိ​စေ​ခြင်း​ငှာ ဤ​မျှ​မ​က သာ၍​ကြီး​စွာ​သော အ​မူ​အ​ရာ​တို့​ကို သား​တော်​အား​ပြ​တော်​မူ​လိမ့်​မည်။-

သင်​တို့​အ​မှု၌ ငါ​ပြော​ဆို​စီ​ရင်​စ​ရာ များ​စွာ​ရှိ၏။ သို့​သော်​လည်း ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​သည် သ​စ္စာ​နှင့် ပြည့်​စုံ​တော်​မူ၏။ သူ၏​အ​ထံ​တော်၌ ငါ​ကြား​သ​မျှ​ကို​သာ ဤ​လော​က၌ ငါ​ဟော​ပြော​သည်​ဟု မိန့်​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ