ယောဟန်သည်လည်း၊ ရှာလိမ်မြို့နှင့်အနီး အဲနုန်အရပ်၌ ရေများသောကြောင့်၊ ဗတ္တိဇံကိုပေး၍ နေသဖြင့်၊ လူများတို့သည်လာ၍ ဗတ္တိဇံကို ခံကြ၏။-
ထိုနောက်မှ၊ ရှေခင်မြို့သို့ ဘေးမဲ့ရောက်လေ၏။ ပါဒနာရံပြည်မှ ပြန်လာ၍၊ ခါနာန်ပြည်သို့ ရောက်သောလမ်းခရီးတွင်၊ ထိုမြို့ရှိသတည်း။ ထိုမြို့ရှေ့မှာတဲကို ဆောက်လေ၏။
များစွာသော ရေအနားမှာနေ၍ စည်းစိမ်ကြီးသောသူ၊ သင်၏ဆုံးရှုံးချိန်၊ သင်၏လောဘအလို ပျက်ချိန် ရောက်လေပြီ။
သင်၏အမိသည် သင်နှင့်တူလျက်၊ ရေနားမှာစိုက်သော စပျစ်နွယ်ပင်ကဲ့သို့ ဖြစ်၏။ ရေများသောကြောင့် အခက်အလက်နှင့် ပြည့်စုံ၍၊ များစွာသောအသီးကို သီးတတ်၏။
ဣသရေလအမျိုး၏ ဘုရားသခင့်ဘုန်းတော်သည် အရှေ့မျက်နှာမှလာ၍၊ အသံသည် သမုဒ္ဒရာသံကဲ့သို့ ဖြစ်၏။ ရောင်ခြည်တော်အားဖြင့် မြေတစ်ပြင်လုံး လင်း၏။
ထိုအခါ၊ ဗတ္တိဇံကို ခံအံ့သောငှာ လာကြသော လူအစုအဝေးတို့အား ယောဟန်ဟောပြောသည်ကား၊ အချင်းမြွေဆိုးအမျိုးတို့၊ ရောက်လုသောဘေးဒဏ်မှ ပြေးသွားစိမ့်သောငှာ အဘယ်သူသည် သင်တို့ကို သတိပေးဘိသနည်း။-
ထိုနောက်မှ ယေရှုသည် တပည့်တော်တို့နှင့်အတူ ယုဒပြည်၏ကျေးလက်သို့ ကြွတော်မူလျှင်၊ ထိုအရပ်၌ တပည့်တော်တို့နှင့်တကွ နေတော်မူ၍ ဗတ္တိဇံကို ပေးလေ၏။-
ယောဟန်သည် ထောင်ထဲသို့မရောက်သေး။
ခြေတော်သည်လည်း မီး၌ချွတ်ပြီးသော ကြေးဝါစစ်နှင့်တူ၏။ အသံတော်သည်လည်း သမုဒ္ဒရာသံကဲ့သို့ ဖြစ်၏။-
သမုဒ္ဒရာရေသံ၊ ကြီးစွာသော မိုးကြိုးသံကဲ့သို့ ကောင်းကင်က အသံကို ငါကြား၏။ ထိုသို့ ငါကြားသော အသံသည် စောင်းသမားများ စောင်းတီးသော အသံကဲ့သို့ဖြစ်၏။-
တစ်ဖန်တုံ၊ ဟာလေလုယ။ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင်၊ ငါတို့ဘုရားသခင်သည် စိုးစံတော်မူ၏။-
သူတို့သည် ဧဖရိမ်တောင်အရပ်နှင့် ရှလိရှအရပ်တစ်လျှောက်လုံး၌ ရှာ၍မတွေ့လျှင်၊ တစ်ဖန် ရှာလိမ်အရပ်မှသည် ဗင်္ယာမိန်အရပ်များ တစ်လျှောက်လုံး၌ မတွေ့။