မြင့်သောအရပ်တို့ကို ပယ်၏။ ရုပ်တုဆင်းတုတို့ကို ချိုးဖဲ့၏။ အာရှရပင်တို့ကို ခုတ်လှဲ၏။ မောရှေလုပ်သော ကြေးဝါမြွေကို အပိုင်းပိုင်းဖြတ်၏။ အကြောင်းမူကား၊ ဣသရေလ အမျိုးသားတို့သည် ထိုကာလတိုင်အောင်၊ ထိုမြွေရှေ့မှာ နံ့သာပေါင်းကို မီးရှို့တတ်ကြ၏။ ထိုမြွေကို နဟုတ္တန်အမည်ဖြင့် မှည့်သတည်း။