ယေရှုကလည်း၊ ချစ်သားတို့၊ စားစရာတစ်စုံတစ်ခု ရှိသလောဟု မေးတော်မူလျှင်၊ မရှိပါဟုပြန်ပြောကြ၏။-
ဧလိယသည် မျှော်ကြည့်သောအခါ၊ မီးနှင့်ဖုတ်သောမုန့်ပြားနှင့် ခေါင်းရင်း၌ ရေဘူးရှိသည်ကိုမြင်၍ စားသောက်ပြီးမှ တစ်ဖန်အိပ်ပျော်၏။
ထာဝရဘုရားကို ခိုလှုံ၍၊ ကောင်းသောအကျင့်ကို ကျင့်လော့။ ပြည်တော်၌နေ၍၊ သစ္စာတရားကို ကျက်စားလော့။
ညဉ့်ဦးယံ၌ တပည့်တော်တို့သည် ချဉ်းကပ်၍၊ ဤအရပ်သည် တောအရပ်ဖြစ်ပါ၏။ မိုးလည်း ချုပ်ပါပြီ။ လူအစုအဝေးတို့သည် မြို့ရွာသို့သွား၍ စားစရာကိုဝယ်စေခြင်းငှာ အခွင့်ပေးတော်မူပါဟု လျှောက်ကြလျှင်၊-
အနည်းငယ်မျှသော ငါးကောင်ကလေးလည်း ရှိသည်ဖြစ်၍၊ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ လူများရှေ့၌ ထည့်စေခြင်းငှာ မိန့်တော်မူ၏။-
ငါ၏ဘုရားသခင်သည် ဘုန်းအာနုဘော်၌ စံပယ်တော်မူသော စည်းစိမ်ရှိသည်အတိုင်း၊ သင်တို့အလို ရှိသမျှတို့ကို ယေရှုခရစ်အားဖြင့် ပြည့်စုံစေတော်မူလိမ့်မည်။-
သင်တို့၏ကျင့်ကြံပြုမူခြင်းသည် ငွေကိုတပ်မက်ခြင်းနှင့် ကင်းလွတ်၍၊ ကိုယ်၌ရှိသောဥစ္စာနှင့် ရောင့်ရဲခြင်းရှိကြလော့။ အကြောင်းမူကား၊ ငါသည် သင့်ကိုမစွန့်၊ သင့်ကိုအလျှင်းပစ်၍မထားဟု ကတိတော်ရှိ၏။-
အဘတို့၊ သင်တို့သည် ရှေ့ဦးစွာကပင် ရှိတော်မူသောသူကို သိသောကြောင့်၊ သင်တို့အားငါရေး၍ ပေးလိုက်၏။ လူပျိုတို့၊ သင်တို့သည် မာရ်နတ်ကိုအောင်သောကြောင့်၊ သင်တို့အား ငါရေး၍ ပေးလိုက်၏။ သူငယ်တို့၊ သင်တို့သည် ခမည်းတော်ကိုသိသောကြောင့်၊ သင်တို့အား ငါရေး၍ပေးလိုက်၏။-
ချစ်သားတို့၊ ယခုကာလသည် နောက်ဆုံးသောကာလဖြစ်၏။ ခရစ်တော်၏ ရန်သူတည်းဟူသော အန္တိခရစ် ပေါ်လာကြောင်းကို သင်တို့ကြားရသည်အတိုင်း၊ ယခုပင် အန္တိခရစ်အများရှိကြ၏။ ထိုကြောင့်၊ ယခုကာလသည် နောက်ဆုံးသောကာလဖြစ်သည်ကို သိရ၏။-