Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 21:12

Judson Bible

ယေ​ရှု​က​လည်း၊ လာ၍​နံ​နက်​စာ​ကို​စား​ကြ​လော့​ဟု မိန့်​တော်​မူ၏။ သ​ခင်​ဖြစ်​တော်​မူ​ကြောင်း​ကို တ​ပည့်​တော်​တို့​သည် သိ​ကြ​သော​ကြောင့် ကိုယ်​တော်​သည် အ​ဘယ်​သူ​နည်း​ဟူ၍ တစ်​စုံ​တစ်​ယောက်​မျှ မ​မေး​မ​လျှောက်​ဝံ့​ကြ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

အ​ဘယ်​သူ​မျှ စ​ကား​တစ်​ခွန်း​ကို ပြန်​လျှောက်​ခြင်း​ငှာ မ​တတ်​နိုင်​ကြ။ ထို​နေ့​မှ​စ၍ နောက်​တစ်​ဖန် အ​ဘယ်​သူ​မျှ မ​မေး​မ​လျှောက်​ဝံ့​ကြ။

ခံ​ပြီး​မှ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟူ​သော အ​ကြောင်း​များ​ကို တ​ပည့်​တော်​တို့​အား ပြ​တော်​မူ၏။ ထို​အ​ကြောင်း​များ​ကို သူ​တို့​သည် နား​မ​လည်​သော်​လည်း၊ ကိုယ်​တော်​ကို မ​မေး​မ​လျှောက်​ဝံ့​ကြ။

ထို​စ​ကား​တော်၏ အ​နက်​မ​ထင်​ရှား​သ​ဖြင့် တ​ပည့်​တော်​တို့​သည် နား​မ​လည် မ​ရိပ်​မိ​ဘဲ​နေ​ကြ၏။ အ​နက်​ကို​လည်း မ​မေး​မ​လျှောက်​ဝံ့​ကြ။

တ​ပည့်​တော်​တို့​သည် မေး​လျှောက်​လို​သည်​ကို ယေ​ရှု​သိ​မြင်​တော်​မူ​လျှင်၊ ခ​ဏ​ကြာ​ပြီး​မှ သင်​တို့​သည် ငါ့​ကို​မ​မြင်​ရ​ကြ။ တစ်​ဖန် ခ​ဏ​ကြာ​ပြီး​မှ ငါ့​ကို​မြင်​ပြန်​ကြ​လိမ့်​မည်​ဟု ငါ​ပြော​သော​စ​ကား​ကို သင်​တို့​သည် အ​ချင်း​ချင်း ဆင်​ခြင်​ကြ​သ​လော။-

ရှိ​မုန်​ပေ​တ​ရု​သည် လှေ​ပေါ်​သို့​တက်၍၊ ငါး​ကြီး​တစ်​ရာ​ငါး​ဆယ်​သုံး​ကောင်​နှင့် ပြည့်​လျက်​ရှိ​သော ပိုက်​ကွန်​ကို ကုန်း​ပေါ်​သို့ ဆွဲ​တင်​လေ၏။ ထို​မျှ​လောက် များ​သော်​လည်း ပိုက်​ကွန်​သည် မ​စုတ်​မ​ပြတ်​ရှိ၏။-

နံ​နက်​စာ​ကို စား​ကြ​သည်​နောက်၊ ယေ​ရှု​က၊ ယော​န၏​သား ရှိ​မုန်၊ ဤ​သူ​တို့​သည် ငါ့​ကို ချစ်​သည်​ထက် သင်​သည်​သာ၍​ချစ်​သ​လော​ဟု ရှိ​မုန်​ပေ​တ​ရု​အား မေး​တော်​မူ​လျှင်၊ ဟုတ်​ပါ၏​သ​ခင်။ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ချစ်​သည်​ကို ကိုယ်​တော်​သိ​တော်​မူ၏​ဟု လျှောက်​သော်၊ ငါ၏​သိုး​သ​ငယ်​တို့​ကို ကျွေး​မွေး​လော့​ဟု မိန့်​တော်​မူ၏။-

ထို​အ​ခါ တ​ပည့်​တော်​တို့​သည် ရောက်​လာ၍၊ ထို​မိန်း​မ​နှင့် စ​ကား​ပြော​တော်​မူ​သည်​ကို အံ့​ဩ​ခြင်း​ရှိ​ကြ၏၊ သို့​သော်​လည်း၊ အ​ဘယ်​အ​လို​တော်​ရှိ​သ​နည်း၊ ထို​မိန်း​မ​နှင့် အ​ဘယ်​ကြောင့် စ​ကား​ပြော​တော်​မူ​သ​နည်း​ဟု အ​ဘယ်​သူ​မျှ​မ​လျှောက်​ကြ။-

လူ​အ​ပေါင်း​တို့​အား ထင်​ရှား​စွာ​ပြ​တော်​မ​မူ၊ ဘု​ရား​သ​ခင်​ခန့်​ထား​တော်​မူ​နှင့်​သော သက်​သေ​ခံ​တည်း​ဟူ​သော ငါ​တို့​အား ထင်​ရှား​စွာ ပြ​တော်​မူ၏။ သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​သည်​နောက်၊ ထို​သ​ခင်​နှင့်​အ​တူ ငါ​တို့​သည် စား​သောက်​ရ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ