Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 2:23

Judson Bible

ပ​သ​ခါ​ပွဲ​အ​တွင်း​တွင် ယေ​ရှု​သည် ယေ​ရု​ရှ​လင်​မြို့၌​ရှိ၍၊ ပြ​တော်​မူ​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို များ​စွာ​သော​သူ​တို့​သည် မြင်​ရ​သ​ဖြင့် ကိုယ်​တော်​ကို ယုံ​ကြည်​ခြင်း​သို့ ရောက်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ကျောက်​ပေါ်၌​ရှိ​သော​သူ​ကား၊ တ​ရား​စ​ကား​ကို​ကြား၍ ဝမ်း​မြောက်​သော​စိတ်​နှင့် ခံ​ယူ​သော်​လည်း စိတ်​နှ​လုံး၌ အ​မြစ်​မ​စွဲ၊ ခ​ဏ​သာ​ယုံ​ကြည်​သ​ဖြင့် စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို ခံ​ရ​သော​အ​ခါ ဖောက်​ပြန်​သော​သူ​ကို ဆို​လို​သ​တည်း။-

ထို​အ​ခါ မာ​ရိ​ဆီ​သို့​လာ​သော ယု​ဒ​လူ​အ​များ​တို့​သည် ယေ​ရှု​ပြု​တော်​မူ​သော​အ​မှု​ကို မြင်​လျှင်၊ ကိုယ်​တော်​ကို ယုံ​ကြည်​ကြ၏။-

ထို​သို့​ယေ​ရှု​သည် ရှေ့​ဦး​စွာ​သော ဤ​နိ​မိတ်​လ​က္ခ​ဏာ​ကို ဂါ​လိ​လဲ​ပြည်၊ ကာ​န​မြို့၌​ပြ၍ မိ​မိ​ဘုန်း​တော်​ကို ထင်​ရှား​စေ​တော်​မူ၏။ တ​ပည့်​တော်​တို့​သည်​လည်း ယုံ​ကြည်​ကြ၏။

ယု​ဒ​ပ​သ​ခါ​ပွဲ​ခံ​ချိန် နီး​သည်​ရှိ​သော်၊ ယေ​ရု​ရှ​လင်​မြို့​သို့ ကြွ​တော်​မူ၏။-

ည​အ​ခါ ယေ​ရှု​ထံ​တော်​သို့​လာ၍၊ အ​ရှင်​ဘု​ရား၊ ကိုယ်​တော်​သည်​ပြ​တော်​မူ​သော ဤ​နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို ဘု​ရား​သ​ခင်၏​အ​ခွင့်​မ​ရှိ​လျှင် အ​ဘယ်​သူ​မျှ မ​ပြ​နိုင်​သည်​ကို အ​ကျွန်ုပ်​တို့​သည်​ထောက်၍၊ ကိုယ်​တော်​သည် ဘု​ရား​သ​ခင့်​အ​ထံ​တော်​မှ ကြွ​လာ​တော်​မူ​သော ဆ​ရာ​ဖြစ်​ကြောင်း​ကို သိ​ကြ​ပါ၏​ဟု​လျှောက်​သော်၊-

ဂါ​လိ​လဲ​ပြည်​သို့ ရောက်​တော်​မူ​သော​အ​ခါ၊ ဂါ​လိ​လဲ​လူ​တို့​သည် ကိုယ်​တော်​ကို​လက်​ခံ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့၌ ခံ​သော​ပွဲ​သို့​သွား​တတ်​သ​ဖြင့်၊ ထို​ပွဲ​အ​တွင်း​တွင် ပြု​တော်​မူ​သ​မျှ​တို့​ကို မြင်​ခဲ့​ကြ၏။-

ယော​ဟန်၏​သက်​သေ​ထက် သာ၍​ကြီး​သော​သက်​သေ​သည် ငါ၌​ရှိ၏။ အ​ကြင်​အ​မှု​တို့​ကို ငါ​ပြီး​စီး​စေ​ခြင်း​ငှာ ခ​မည်း​တော်​သည် ငါ့​လက်​သို့ အပ်​ပေး​တော်​မူ၍၊ ငါ​ပြု​သော ထို​အ​မှု​တို့​သည်​လည်း ငါ့​ဘက်၌​နေ၍၊ ခ​မည်း​တော်​သည် ငါ့​ကို စေ​လွှတ်​တော်​မူ​သည်​အ​ကြောင်း​ကို သက်​သေ​ခံ​ကြ၏။-

ထို​သို့​ယေ​ရှု​ပြ​တော်​မူ​သော နိ​မိတ်​လ​က္ခ​ဏာ​ကို ထို​လူ​များ​တို့​သည်​မြင်​လျှင်၊ ဤ​သူ​ကား ဤ​လော​က​သို့ ကြွ​လာ​ရ​သော ပ​ရော​ဖက်​အ​မှန်​ဖြစ်​သည်​ဟု ဆို​ကြ၏။-

အ​နာ​ရော​ဂါ​စွဲ​သော​သူ​တို့၌ ပြ​တော်​မူ​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် မြင်​ကြ​သ​ဖြင့် နောက်​တော်​သို့ လိုက်​ကြ၏။-

လူ​အ​စု​အ​ဝေး​ထဲ၌ ပါ​သော​လူ​အ​များ​တို့​သည် ယုံ​ကြည်​သည်​ဖြစ်၍၊ ခ​ရစ်​တော်​သည် ကြွ​လာ​တော်​မူ​သော​အ​ခါ၊ ဤ​သူ​ပြ​သော နိ​မိတ်​လ​က္ခ​ဏာ​ထက် သာ၍​များ​သော နိ​မိတ်​လ​က္ခ​ဏာ​တို့​ကို ပြ​တော်​မူ​မည်​လော​ဟု ဆို​ကြ၏။

ယေ​ရှု​ခ​ရစ်​ထံ၌ အ​ရေ​ဖျား​လှီး​ခြင်း အ​ကျိုး​မ​ရှိ၊ မ​ခံ​ဘဲ​နေ​ခြင်း​လည်း အ​ကျိုး​မ​ရှိ။ မေ​တ္တာ​အား​ဖြင့် ပြု​ပြင်​တတ်​သော ယုံ​ကြည်​ခြင်း​သာ အ​ကျိုး​ရှိ၏။-

ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​ဟူ​မူ​ကား၊ သား​တော်​ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​ရ​မည်။ သား​တော် ပ​ညတ်​တော်​မူ​သည်​အ​တိုင်း၊ အ​ချင်း​ချင်း ချစ်​ရ​မည်​ဟူ​သော ပ​ညတ်​တော်​ပေ​တည်း။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ