Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 2:2

Judson Bible

ယေ​ရှု​နှင့် တ​ပည့်​တော်​တို့​ကို​လည်း ထို​ပွဲ​သို့ ခေါ်​ပင့်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

30 ပူးပေါင်းရင်းမြစ်များ  

ငြင်း​ခုံ​ခြင်း၊ ဟစ်​ကြော်​ခြင်း​ကို မ​ပြု​မူ၍၊ လမ်း​ခ​ရီး၌ သူ၏​အ​သံ​ကို အ​ဘယ်​သူ​မျှ မ​ကြား​စေ​ရ။-

မင်း​ကြီး​က၊ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​သည် ဤ​သူ​တည်း​ဟူ​သော ငါ့​ညီ​တို့​တွင် အ​ငယ်​ဆုံး​သော သူ​တစ်​ယောက်​အား ပြု​ကြ​သ​မျှ​တို့​ကို ငါ့​အား​ပြု​ကြ​ပြီ​ဟု ပြန်၍​မိန့်​တော်​မူ​လ​တ္တံ့။-

မင်း​ကြီး​က၊ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​သည် ဤ​သူ​တို့​တွင် အ​ငယ်​ဆုံး​သော​သူ တစ်​ယောက်​အား မ​ပြု​သ​မျှ​တို့​ကို ငါ့​အား​မ​ပြု​ကြ​ပြီ​ဟု ပြန်၍​မိန့်​တော်​မူ​လ​တ္တံ့။-

ထို​နောက် မယ်​တော်​မှ​စ၍​ညီ​တော်၊ တ​ပည့်​တော်​တို့​နှင့်​တ​ကွ၊ က​ပေ​ရ​နောင်​မြို့​သို့ ကြွ​တော်​မူ၏။ ထို​မြို့​မှာ ကြာ​မြင့်​စွာ​မ​နေ​ဘဲ၊

ကိုယ်​တော်၏​အိမ်​တော်၌ စွဲ​လမ်း​ပူ​ပန်​ခြင်း​စိတ်​သည် အ​ကျွန်ုပ်​ကို​စား​ပါ၏​ဟူ၍ ကျမ်း​စာ​လာ​သည်​ကို၊ ထို​အ​ခါ​တ​ပည့်​တော်​တို့​သည် မှတ်​မိ​ကြ၏။

ထို​ကြောင့် သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​သည်​နောက် ထို​စ​ကား​တော်​ကို တ​ပည့်​တော်​တို့​သည် မှတ်​မိ​ကြ​သ​ဖြင့်၊ ကျမ်း​စာ​ကို​လည်း​ကောင်း၊ ယေ​ရှု၏ နှုတ်​က​ပတ်​တော်​ကို​လည်း​ကောင်း ယုံ​ကြ၏။

စ​ပျစ်​ရည်​ကုန်​သော​အ​ခါ၊ ယေ​ရှု၏​မယ်​တော်​က၊ စ​ပျစ်​ရည်​မ​ရှိ​ဟု​ကြား​ပြော၏။-

ထို​နောက်​မှ ယေ​ရှု​သည် တ​ပည့်​တော်​တို့​နှင့်​အ​တူ ယု​ဒ​ပြည်၏​ကျေး​လက်​သို့ ကြွ​တော်​မူ​လျှင်၊ ထို​အ​ရပ်၌ တ​ပည့်​တော်​တို့​နှင့်​တ​ကွ နေ​တော်​မူ၍ ဗ​တ္တိ​ဇံ​ကို ပေး​လေ၏။-

တ​ပည့်​တော်​တို့​သာ​လျှင် ပေး​ကြ​သော်​လည်း၊ ယေ​ရှု​သည် ယော​ဟန်​ထက် သာ၍​များ​သော သူ​တို့​ကို တ​ပည့်​တော်​ဖြစ်​စေ၍၊ ဗ​တ္တိ​ဇံ​ကို​ပေး​ကြောင်း​ကို ဖာ​ရိ​ရှဲ​တို့​သည် ကြား​ပြီ​ဟု သ​ခင်​ဘု​ရား​သိ​တော်​မူ​သော​အ​ခါ၊-

ထို​ကြောင့်​တ​ပည့်​တော်​တို့​က၊ တစ်​စုံ​တစ်​ယောက်​သော​သူ​သည် စား​စ​ရာ​ကို ပို့​ပြီ​လော​ဟု အ​ချင်း​ချင်း မေး​မြန်း​ကြ​လျှင်၊-

အ​ကြောင်း​မူ​ကား၊ တ​ပည့်​တော်​တို့​သည် စား​စ​ရာ​ကို​ဝယ်​ခြင်း​ငှာ မြို့​ထဲ​သို့​သွား​ကြ​သည်​အ​ခိုက် ဖြစ်​သ​တည်း။-

ထို​သူ​တို့​သည်​ဝ​ကြ​ပြီး​မှ ကိုယ်​တော်​က၊ ဘာ​မျှ မ​ပျောက်​စေ​ခြင်း​ငှာ ကြွင်း​ကျန်​သော​အ​ကျိုး​အ​ပဲ့​တို့​ကို ကောက်​သိမ်း​ကြ​လော့​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​သည်​ဖြစ်၍၊-

ည​အ​ချိန်​ရောက်​သော​အ​ခါ တ​ပည့်​တော်​တို့​သည် အိုင်​သို့​သွား၍ လှေ​ထဲ​သို့​ဝင်​ပြီး​လျှင်၊ က​ပေ​ရ​နောင်​မြို့​သို့ ရောက်​အံ့​သော​ငှာ အိုင်​ကို​ကူး​ကြ၏။-

တ​ပည့်​တော်​အ​များ​တို့​သည် ကြား​လျှင်၊ ထို​စ​ကား​သည် အ​လွန်​ခက်​လှ၏။ အ​ဘယ်​သူ​နား​ခံ​နိုင်​မည်​နည်း​ဟု ဆို​ကြ၏။-

ထို​အ​ခါ​မှ​စ၍ တ​ပည့်​တော်​အ​များ​တို့​သည် ကိုယ်​တော်​နှင့် မ​ပေါင်း​ဖော်​ဘဲ ဆုတ်​သွား​ကြ၏။-

ထို​ကြောင့် ယေ​ရှု​သည် တစ်​ကျိပ်​နှစ်​ပါး​သော​သူ​တို့​အား၊ သင်​တို့​သည်​လည်း ထွက်​သွား​ခြင်း​ငှာ အ​လို​ရှိ​ကြ​သ​လော​ဟု မေး​တော်​မူ​လျှင်၊-

ယေ​ရှု​က​လည်း၊ တစ်​ကျိပ်​နှစ်​ပါး​သော​သင်​တို့​ကို ငါ​ရွေး​ကောက်​သည် မ​ဟုတ်​လော။ သို့​သော်​လည်း သင်​တို့​တွင် ရန်​သူ​တစ်​ယောက်​ပါ​သည်​ဟု မိန့်​တော်​မူ၏။-

ထို​သို့​မိန့်​တော်​မူ​သော်၊ တစ်​ကျိပ်​နှစ်​ပါး​အ​ဝင်​ဖြစ်၍ ကိုယ်​တော်​ကို​အပ်​နှံ​မည့်​သူ၊ ရှိ​မုန်၏​သား​ယု​ဒ​ရှ​ကာ​ရုတ်​ကို ဆို​လို​သ​တည်း။

ရှိ​မုန်​ပေ​တ​ရု၏​ညီ အ​န္ဒြေ​အ​မည်​ရှိ​သော တ​ပည့်​တော်​က၊-

ညီ​တော်​တို့​က၊ သင်​ပြု​သော​အ​မှု​တို့​ကို တ​ပည့်​များ​တို့​သည် မြင်​စေ​ခြင်း​ငှာ ဤ​အ​ရပ်​မှ​ထွက်၍ ယု​ဒ​ပြည်​သို့​ကြွ​ပါ။-

ထို​သူ​တို့​သည် တစ်​နှစ်​ပတ်​လုံး ထို​အ​သင်း​တော်​နှင့်​အ​တူ စည်း​ဝေး၍၊ လူ​များ​အ​ပေါင်း​တို့​အား ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ကြ၏။ တ​ပည့်​တော်​တို့​သည်​လည်း ခ​ရစ်​ယာန်​ဟူ​သော ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို အ​န္တိ​အုတ်​မြို့၌ အ​ဦး​ခံ​ရ​ကြ၏။

ထို​အ​ခါ တ​ပည့်​တော်​တို့​သည် အ​သီး​အ​သီး တတ်​နိုင်​ကြ​သည်​အ​တိုင်း၊ ယု​ဒ​ပြည်၌​နေ​သော ညီ​အစ်​ကို​တို့​အား အ​ကူ​အ​မ ပေး​လိုက်​မည်​ဟု၊-

သင်​တို့​သည် စား​သော်​လည်း​ကောင်း၊ သောက်​သော်​လည်း​ကောင်း၊ မည်​သည့်​အ​မှု​ကို ပြု​သော်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ ဘုန်း​တော်​ကို ထောက်၍ ခပ်​သိမ်း​သော​အ​မှု​ကိ​စ္စ​ကို ပြု​ကြ​လော့။-

မိန်း​မ​သည် မိ​မိ​ခင်​ပွန်း​မ​သေ​မီ ကာ​လ​ပတ်​လုံး တ​ရား​အား​ဖြင့် ချည်​နှောင်​လျက်​ရှိ၏။ ခင်​ပွန်း​သေ​လျှင်​မူ​ကား၊ မိ​မိ​အ​လို​အ​တိုင်း သ​ခင်​ဘု​ရား၌​သာ အ​ခြား​သော​သူ၏ မ​ယား​ဖြစ်​ခြင်း​ငှာ အ​ခွင့်​ရှိ၏။

စ​ကား​ပြော​သော်​လည်း​ကောင်း၊ အ​မှု​ဆောင်​ရွက်​သော်​လည်း​ကောင်း၊ သ​ခင်​ယေ​ရှု၏ နာ​မ​တော်​ကို​ထောက်၍ ခပ်​သိမ်း​သော​အ​မှု​တို့​ကို ပြု​မူ​လျက်၊ ကျေး​ဇူး​တော်​ကြီး​လှ​ပါ၏​ဟု ထို​သ​ခင်​ကို အ​မှီ​ပြု၍ ခ​မည်း​တော်​ဘု​ရား​သ​ခင့်​ရှေ့၌ ဝန်​ခံ​ကြ​လော့။

ခပ်​သိမ်း​သော သူ​တို့၌ မင်္ဂ​လာ​ဆောင်​ခြင်း​အ​မှု​နှင့် သ​စ္စာ​သံ​ဝါ​သ​ပြု​ခြင်း​အ​မှု​သည် အ​သေ​ရေ ရှိ​စေ​လော့။ မ​တ​ရား​သော မေ​ထုန်​ကို​ပြု​သော​သူ​နှင့် သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ​ကို ဘု​ရား​သ​ခင်​စစ်​ကြော စီ​ရင်​တော်​မူ​လိမ့်​မည်။-

ငါ​သည် တံ​ခါး​ရှေ့​မှာ​ရပ်၍ ခေါက်​လျက်​နေ၏။ အ​ကြင်​သူ​သည် ငါ၏​အ​သံ​ကို ကြား၍​တံ​ခါး​ကို​ဖွင့်​အံ့၊ ထို​သူ​ရှိ​ရာ​သို့​ငါ​ဝင်၍ သူ​နှင့်​အ​တူ စား​သောက်​မည်။ သူ​သည်​လည်း ငါ​နှင့်​အ​တူ စား​သောက်​ရ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ