Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 2:10

Judson Bible

အ​ခြား​သော​သူ​မည်​သည်​ကား၊ ရှေ့​ဦး​စွာ ကောင်း​သော​စ​ပျစ်​ရည်​ကို ထည့်၍ ဝ​စွာ​သောက်​ကြ​ပြီး​မှ ညံ့​သော​စ​ပျစ်​ရည်​ကို ထည့်​လေ့​ရှိ၏။ သင်​မူ​ကား၊ ကောင်း​သော​စ​ပျစ်​ရည်​ကို ယ​ခု​တိုင်​အောင် သို​ထား​ပြီ​ဟု​ဆို၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ယော​သပ်​သည်​လည်း သူ​တို့​စား​ရန်​အ​ဖို့ အ​သီး​အ​သီး​တို့​ကို မိ​မိ​ထံ​မှ​ပေး​လိုက်၏။ ဗင်္ယာ​မိန်​ရ​သော​အ​ဖို့​သည် အစ်​ကို​တို့​ရ​သော​အ​ဖို့​ထက် ငါး​ဆ​များ​သ​တည်း။ သူ​တို့​သည်​သောက်၍​ပျော်​မွေ့​ခြင်း​သို့ ရောက်​ကြ​၏။

စ​ပျစ်​ရည်​သည်​လည်း လူ​တို့​ကို ရွှင်​လန်း​စေ၏။ ဆီ​အား​ဖြင့်​လည်း သူ​တို့​မျက်​နှာ​ကို ပြောင်​စေ​တော်​မူ၏။ မုန့်​သည်​လည်း၊ သူ​တို့​နှ​လုံး​ကို​ထောက်​မ၏။

ငါ​နှ​မ၊ ငါ့​ခင်​ပွန်း၊ ငါ့​ဥ​ယျာဉ်​ထဲ​သို့ ငါ​ဝင်​လာ​ပြီ။ ငါ့​မု​ရန်​နှင့် နံ့​သာ​မျိုး​ကို ခံ​ယူ​ပြီ။ ငါ့​ပျား​ရည်​နှင့် ပျား​လ​ပို့​ကို စား​ရ​ပြီ။ ငါ့​နို့​နှင့် စ​ပျစ်​ရည်​ကို သောက်​ရ​ပြီ။ ငါ့​အ​ဆွေ​တို့၊ စား​ကြ​လော့။ ငါ့​မိတ်​ဆွေ​တို့၊ သောက်​ကြ။ ဝ​စွာ​သောက်​ကြ​လော့။

ကျွန်​ချင်း​တို့​ကို ရိုက်​ပုတ်​လျက် သေ​သောက်​ကြူး​သော သူ​တို့​နှင့်​တ​ကွ စား​သောက်​လျက်​နေ၏။-

သို့​မ​ဟုတ်​မူ​ကား၊ အ​ကြင်​ကျွန်​က၊ ငါ့​အ​ရှင်​လာ​ခဲ​လိမ့်​မည်​ဟု စိတ်​ထဲ၌ အောက်​မေ့​သည်​နှင့် ကျွန်​ချင်း ယောက်ျား​မိန်း​မ​တို့​ကို ရိုက်​ပုတ်​လျက်၊ စား​သောက်​ယစ်​မူး​လျက် နေ၏။-

အာ​ဗြ​ဟံ​က​လည်း၊ ငါ့​သား၊ သင်​သည် အ​သက်​ရှင်​စဉ်​အ​ခါ ချမ်း​သာ​ရ​သည်​ကို​လည်း​ကောင်း၊ လာ​ဇ​ရု​သည် ဆင်း​ရဲ​စွာ နေ​ရ​သည်​ကို​လည်း​ကောင်း အောက်​မေ့​လော့။ ယ​ခု​မူ​ကား၊ သူ​သည် သက်​သာ​ခြင်း​ရှိ၏။ သင်​သည် ဒု​က္ခ​ဝေ​ဒ​နာ​ကို ခံ​ရ၏။-

ယ​ခု​အ​ချိန်​ကား နံ​နက်​တစ်​ချက်​တီး​အ​ချိန်​သာ ရှိ​သည်​ဖြစ်၍၊ သင်​တို့​ထင်​သည်​အ​တိုင်း ဤ​သူ​တို့​သည် ယစ်​မူး​ကြ​သည်​မ​ဟုတ်။-

အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် စား​ကြ​သည်​တွင် ကိုယ်​စီ​ကိုယ်​စီ မိ​မိ​အ​စာ​ကို​အ​ရင်​ယူ၍၊ တ​ချို့​ကား ဆာ​မွတ်​လျက်၊ တ​ချို့​ကား စား​သောက်​ကြူး​လျက်​ရှိ​ကြ၏။-

လွန်​ကျူး​စေ​တတ်​သော စ​ပျစ်​ရည်​နှင့် ယစ်​မူး​ခြင်း​ကို​ရှောင်၍ ဝိ​ညာဉ်​တော်​နှင့် ပြည့်​စုံ​လျက်​ရှိ​ကြ​လော့။-

အ​ကြောင်း​မူ​ကား၊ အိပ်​ပျော်​သော​သူ​တို့​သည် ည​အ​ခါ အိပ်​ပျော်​တတ်​ကြ၏။ သေ​ရည်​သေ​ရက်​နှင့် ယစ်​မူး​သော​သူ​တို့​သည်​လည်း ည​အ​ခါ ယစ်​မူး​တတ်​ကြ၏။-

လော​ကီ​ရှင်​ဘု​ရင်​တို့​သည် မ​တ​ရား​သော မေ​ထုန်​ကို သူ​နှင့်​ပြု​ကြ​ပြီ။ မြေ​ကြီး​သား​တို့​သည် သူ၏ မ​တ​ရား​သော​မေ​ထုန်၏ စ​ပျစ်​ရည်​နှင့် ယစ်​မူး​ကြ​ပြီ​ဟု ပြော​ဆို​လျက်၊-

ထို​မိန်း​မ​သည် သန့်​ရှင်း​သူ​တို့၏ အ​သွေး၊ ယေ​ရှု၏ သက်​သေ​ခံ​တို့၏ အ​သွေး​နှင့် ယစ်​မူး​သည်​ကို ငါ​မြင်၏။ ထို​သို့​မြင်​သော​အ​ခါ အ​လွန်​အံ့​ဩ​မိန်း​မော၍ နေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ