Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 19:9

Judson Bible

ယေ​ရှု​အား၊ သင်​သည် အ​ဘယ်​က​ဖြစ်​သ​နည်း​ဟု​မေး​လျှင်၊ တစ်​ခွန်း​ကို​မျှ ပြန်​တော်​မ​မူ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​သည် ညှဉ်း​ဆဲ​ခြင်း​နှင့် နှိမ့်​ချ​ခြင်း​ကို​ခံ၍ နှုတ်​ကို မ​ဖွင့်​ဘဲ​နေ၏။ အ​သေ​သတ်​ခြင်း​ငှာ ဆောင်​သွား​သော သိုး​သ​ငယ်​ကဲ့​သို့ သူ့​ကို​ဆောင်​သွား၍၊ သိုး​သည် အ​မွေး​ညှပ်​သော​သူ​ရှေ့​မှာ မ​မြည်​ဘဲ​နေ​သ​ကဲ့​သို့၊ သူ​သည် နှုတ်​ကို​မ​ဖွင့်​ဘဲ နေ၏။

ယေ​ရှု​သည် တိတ်​ဆိတ်​စွာ​နေ​တော်​မူ၏။ ယဇ်​ပု​ရော​ဟိတ်​မင်း​က​လည်း သင်​သည် ခ​ရစ်​တော်​တည်း​ဟူ​သော ဘု​ရား​သ​ခင်၏​သား​တော် မှန်​သည် မ​မှန်​သည်​ကို ငါ​တို့​အား ပြော​စေ​ခြင်း​ငှာ၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ငါ​တိုင်​တည်၍ သင့်​ကို ကျိန်​ဆို​စေ၏​ဟု ဆို​လျှင်၊-

ထို​အ​ခါ မြို့​ဝန်​မင်း၏ စစ်​သူ​ရဲ​တို့​သည် ယေ​ရှု​ကို အိမ်​တော်​ဦး​သို့ ဆောင်​သွား၍ စစ်​သူ​ရဲ​တစ်​တပ်​လုံး​ကို အ​ထံ​တော်၌ စု​ရုံး​စေ​ပြီး​မှ၊-

ထို​အ​ခါ ဟေ​ရုဒ်​မင်း​သည် ကိုယ်​တော်​ကို များ​စွာ​မေး​မြန်း​သော်​လည်း အ​ဘယ်​စ​ကား​ကို​မျှ ပြန်​တော်​မ​မူ။-

နံ​နက်​အ​ချိန်​ရောက်​လျှင်၊ ယေ​ရှု​ကို က​ယာ​ဖ​ထံ​မှ အိမ်​တော်​ဦး​သို့ ဆောင်​သွား​ကြ၏။ ထို​သူ​တို့​သည် အာ​ပတ်​နှင့်​ကင်း​လွတ်၍ ပ​သ​ခါ​ပွဲ​ကို ခံ​ရ​မည်​အ​ကြောင်း အိမ်​တော်​ဦး​ထဲ​သို့ ကိုယ်​တိုင်​မ​ဝင်​ကြ။-

ပိ​လတ်​မင်း​သည် အိမ်​တော်​ဦး​ထဲ​သို့ တစ်​ဖန်​ဝင်၍​ယေ​ရှု​ကို​ခေါ်​ပြီး​လျှင်၊ သင်​သည် ယု​ဒ​ရှင်​ဘု​ရင် မှန်​သ​လော​ဟု​မေး၏။-

ယေ​ရှု​က​လည်း၊ မင်း​ကြီး​သည် ကိုယ်​အ​လို​အ​လျောက် ဤ​သို့​မေး​သ​လော၊ သို့​မ​ဟုတ် သူ​တစ်​ပါး​တို့​သည် ငါ၏​အ​ကြောင်း​ကို လျှောက်​ကြ​ပြီ​လော​ဟု မေး​တော်​မူ၏။-

ပိ​လတ်​မင်း​က​လည်း၊ သို့​ဖြစ်​လျှင် သင်​သည် ရှင်​ဘု​ရင်​မှန်​သ​လော​ဟု မေး​သော်၊ ယေ​ရှု​က၊ မင်း​ကြီး​မေး​သည်​အ​တိုင်း ငါ​သည်​ရှင်​ဘု​ရင်​မှန်၏။ သ​မ္မာ​တ​ရား​ဘက်၌ သက်​သေ​ခံ​ခြင်း​ငှာ ငါ​သည်​မွေး​ဖွား​ခြင်း​ကို​ခံ၍ ဤ​လော​က​သို့​ကြွ​လာ​ပြီ။ သ​မ္မာ​တ​ရား​နှင့်​စပ်​ဆိုင်​သ​မျှ​သော သူ​တို့​သည် ငါ့​စ​ကား​ကို​နား​ထောင်​ကြ​သည်​ဟု မိန့်​တော်​မူ၏။-

ပိ​လတ်​မင်း​က​လည်း၊ ငါ​နှင့်​စ​ကား​မ​ပြော​သ​လော။ ငါ​သည် သင့်​ကို​လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ပိုင်​သည်​ကို​လည်း​ကောင်း၊ လွှတ်​ပိုင်​သည်​ကို​လည်း​ကောင်း၊ သင်​မ​သိ​လော​ဟု​ဆို​သော်၊-

ထို​စ​ကား​ကို​ကြား​လျှင် ပိ​လတ်​မင်း​သည်​သာ၍ ကြောက်​သ​ဖြင့်၊ အိမ်​တော်​ဦး​ထဲ​သို့ ဝင်​ပြန်၍၊-

ယေ​ရှု​က​လည်း၊ ငါ​သည် ကိုယ်​အ​ကြောင်း​ကို သက်​သေ​ခံ​သော်​လည်း၊ ငါ့​သက်​သေ​တည်၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် အ​ဘယ်​အ​ရပ်​က လာ​သည်​ကို​လည်း​ကောင်း၊ အ​ဘယ်​အ​ရပ်​သို့ သွား​သည်​ကို​လည်း​ကောင်း ငါ​သိ၏။ သင်​တို့​မူ​ကား မ​သိ​ကြ။-

ထို​သို့​ရန်​သူ​များ​ကြောင့် အ​လျှင်း​မ​ကြောက်​ရွံ့ မ​တုန်​လှုပ်​သော အ​ကြောင်း​အ​ရာ​သည်၊ သူ​တို့၌ ပျက်​စီး​ခြင်း၏ နိ​မိတ်​လ​က္ခ​ဏာ​ဖြစ်၏။ ဘုရားသခင်စီရင်တော်မူသောအားဖြင့် သင်တို့၌ကား၊ ကယ်တင်ခြင်း၏နိမိတ်လက္ခဏာဖြစ်၏။-

ထို​မိန်း​မ​သည်​လည်း မိ​မိ​ခင်​ပွန်း​ထံ​သို့ သွား၍ ဘု​ရား​သ​ခင်၏ ကောင်း​ကင်​တ​မန်​မျက်​နှာ​ကဲ့​သို့ ကြောက်​မက်​ဖွယ်​သော မျက်​နှာ​ရှိ​သော ဘု​ရား​သ​ခင်၏ လူ​တစ်​ယောက်​သည် အ​ကျွန်ုပ်​ဆီ​သို့ လာ၏။ အ​ဘယ်​က​လာ​သ​နည်း​ဟု အ​ကျွန်ုပ်​လည်း မ​မေး။ သူ​သည်​လည်း မိ​မိ​အ​မည်​ကို​မ​ပြော။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ