ယုဒရှင်ဘုရင်၊ ကိုယ်တော်သည် မင်္ဂလာရှိစေသတည်းဟုဆို၍ ရိုက်ပုတ်ကြ၏။-
ကိုယ်တော်ရင်းသို့ ချက်ချင်းချဉ်းကပ်၍ အရှင်ဘုရား၊ မင်္ဂလာရှိပါစေသောဟု ဆိုလျက် နမ်းလေ၏။-
ဆူးပင်နှင့် ရက်သောဦးရစ်ကို ခေါင်းတော်၌ တင်ကြ၏။ ကျူတစ်လုံးကိုလည်း လက်ယာလက်တော်နှင့် ကိုင်စေပြီးလျှင် ရှေ့တော်မှာဒူးထောက်လျက် ယုဒရှင်ဘုရင်၊ ကိုယ်တော်သည် မင်္ဂလာရှိစေသတည်းဟူ၍ ကိုယ်တော်ကို ပြက်ရယ်ပြုကြ၏။-
ယုဒရှင်ဘုရင်၊ ကိုယ်တော်သည် မင်္ဂလာရှိစေသတည်းဟု ကောင်းချီးစကားကို ပြောကြ၏။-
ကောင်းကင်တမန်သည် ရောက်လာလျှင်၊ ကျေးဇူးတော်ကိုခံရသော မိန်းမ၊ သင့်အားမင်္ဂလာ ဖြစ်စေသတည်း။ ထာဝရဘုရားသည် သင်နှင့် အတူရှိတော်မူ၏။ သင်သည် မိန်းမတကာတို့ထက် မြတ်စွာသော မင်္ဂလာရှိသည်ဟု ပြောဆို၏။-
ထိုသို့မိန့်တော်မူလျှင်၊ အနီးအပါး၌ရပ်နေသော မင်းလုလင်တစ်ယောက်က၊ သင်သည် ယဇ်ပုရောဟိတ်မင်းကို ဤသို့ပြန်ပြောရာသလောဟု ဆိုလျက် ယေရှုကိုရိုက်လေ၏။-
ပိလတ်မင်းသည် အိမ်တော်ဦးထဲသို့ တစ်ဖန်ဝင်၍ယေရှုကိုခေါ်ပြီးလျှင်၊ သင်သည် ယုဒရှင်ဘုရင် မှန်သလောဟုမေး၏။-