Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 19:1

Judson Bible

ထို​အ​ခါ ပိ​လတ်​မင်း​သည် ယေ​ရှု​ကို​ယူ၍​ရိုက်​ပြီး​မှ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ထွန်​သော​သူ​တို့​သည် ငါ့​ကျော​ပေါ်​မှာ​ထွန်၍၊ ရှည်​သော ထွန်​ကြောင်း​တို့​ကို ဖြစ်​စေ​ကြ၏။

ရိုက်​သော​သူ​တို့​အား ငါ့​ကျော​ကို​လည်း​ကောင်း၊ နား​ပန်း​ဆံ​ကို နုတ်​သော​သူ​တို့​အား၊ ငါ့​ပါး​ကို​လည်း​ကောင်း ငါ​အပ်၏။ အ​ရှက်​ခွဲ​ခြင်း​နှင့် တံ​တွေး​ထွေး​ခြင်း​မှ ငါ​သည် ကိုယ်​မျက်​နှာ​ကို​မ​လွှဲ။

ထို​သူ​သည် ငါ​တို့​လွန်​ကျူး​ခြင်း အ​ပြစ်​များ​ကြောင့်၊ နာ​ကျင်​စွာ ထိုး​ခြင်း၊ နှိပ်​စက်​ခြင်း​ကို ခံ​ရ​လေ၏။ ငါ​တို့၏ ငြိမ်​သက်​ခြင်း​ချမ်း​သာ​ကို ဖြစ်​စေ​သော ဆုံး​မ​ခြင်း​သည် သူ့​အ​ပေါ်​သို့​ရောက်၍၊ သူ​ခံ​ရ​သော ဒဏ်​ချက်​အား​ဖြင့် ငါ​တို့​သည် အ​နာ​ပျောက်​လျက်​ရှိ​ကြ၏။

လူ​သား​အား ပြက်​ရယ်​ပြု​ခြင်း၊ ရိုက်​ပုတ်​ခြင်း၊ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ခြင်း​ကို ပြု​စေ​ခြင်း​ငှာ တစ်​ပါး​အ​မျိုး​သား​တို့ လက်​သို့ အပ်​နှံ​ကြ​လိမ့်​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ထို​ကြောင့် ဗျာ​ဒိတ်​တော်​အ​ချက် ဟူ​မူ​ကား ပ​ရော​ဖက်​ပ​ညာ​ရှိ ကျမ်း​ပြု​ဆ​ရာ​တို့​ကို သင်​တို့​ရှိ​ရာ​သို့ ငါ​စေ​လွှတ်၏။ ထို​သူ​အ​ချို့​တို့​ကို ကွပ်​မျက်၍ လက်​ဝါး​ကပ်​တိုင်၌ သတ်​ကြ​လိမ့်​မည်။ အ​ချို့​တို့​ကို တ​ရား​ဇ​ရပ်၌ ရိုက်၍ တစ်​မြို့​မှ တစ်​မြို့​သို့ ညှဉ်း​ဆဲ​နှင်​ထုတ်​ကြ​လိမ့်​မည်။-

သူ​တို့​သည် လူ​သား​ကို​ရိုက်​ပုတ်၍ သတ်​ကြ​လိမ့်​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-

ထို​ကြောင့် သူ့​ကို ငါ​ဆုံး​မ၍ လွှတ်​မည်​ဟု ဆို​လေ၏။-

လူ​များ​တို့​သည် ထို​သူ​ကို လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​စေ​ခြင်း​ငှာ ကြီး​စွာ​သော​အ​သံ​နှင့် ကျပ်​ကျပ်​တောင်း​သ​ဖြင့်၊ သူ​တို့၏​အ​သံ​နှင့် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့၏ အ​သံ​သည် နိုင်​လေ၏။-

ငါး​ကြိမ်​မြောက်​အောင် ယု​ဒ​လူ​တို့​လက်​တွင် ဒဏ်​ချက် လေး​ဆယ်​တစ်​ခု​ယုတ် ငါ​ခံ​ခဲ့​ရ​ပြီ။-

အ​ချို့​သော​သူ​တို့​သည် ကဲ့​ရဲ့​ရိုက်​ပုတ်​ခြင်း၊ ချည်​နှောင်​ခြင်း​ကို​ခံ၍ ထောင်​ထဲ​မှာ​နေ​ရ​သ​ဖြင့်၊ စုံ​စမ်း​ခြင်း​ကို ခံ​ရ​ကြ၏။-

ငါ​တို့​သည် အ​ပြစ်​နှင့်​ဆိုင်​သော​အ​ရာ၌ အ​သေ​ဖြစ်၍၊ ဖြောင့်​မတ်​ခြင်း​အ​ရာ၌ အ​သက်​ရှင်​စေ​မည်​အ​ကြောင်း၊ ငါ​တို့​အ​ပြစ်​များ​ကို ကိုယ်​တော်​တိုင် သစ်​တိုင်​မှာ​ခံ​တော်​မူ​ပြီ။ ဒဏ်​ချက်​တော်​များ​အား​ဖြင့် သင်​တို့​သည် အ​နာ​ပျောက်​လျက် ရှိ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ