Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 18:8

Judson Bible

ယေ​ရှု​က​လည်း၊ ငါ​သည်​ထို​သူ​ဖြစ်၏​ဟု ငါ​ပြော​ပြီ။ သို့​ဖြစ်၍ ငါ့​ကို​ရှာ​လျှင် ဤ​သူ​တို့​သည် သွား​ပါ​လေ​စေ​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ငါ​တို့​ရှိ​သ​မျှ​သည် သိုး​ကဲ့​သို့​လမ်း​လွဲ​လျက်၊ ကိုယ်​လမ်း​သို့ အ​သီး​အ​သီး လိုက်​သွား​ကြ​သည်​ဖြစ်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ခပ်​သိမ်း​သော ငါ​တို့၏​အ​ပြစ်​များ​ကို သူ့​အ​ပေါ်၌​တင်​တော်​မူ၏။

ထို​အ​ကြောင်း​အ​ရာ​မူ​ကား၊ အ​နာ​ဂ​တ္တိ​ကျမ်း​စာ ပြည့်​စုံ​မည်​အ​ကြောင်း​တည်း​ဟု လူ​အ​စု​အ​ဝေး​တို့​ကို မိန့်​တော်​မူ၏။ ထို​အ​ခါ တ​ပည့်​တော်​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို စွန့်​ပစ်၍​ပြေး​ကြ၏။

ထာ​ဝ​ရ​အ​သက်​ကို​လည်း ငါ​ပေး၏။ ထို​သိုး​တို့​သည် ပျက်​စီး​ခြင်း​နှင့် အ​စဉ်​မ​ပြတ် ကင်း​လွတ်​ကြ​လိမ့်​မည်။ အ​ဘယ်​သူ​မျှ ထို​သိုး​တို့​ကို ငါ့​လက်​မှ​မ​နုတ်​မ​ယူ​ရာ။-

ပ​သ​ခါ​ပွဲ​မ​ခံ​မီ၌ ယေ​ရှု​သည် ဤ​လော​က​မှ​ခ​မည်း​တော်​ထံ​သို့ ပြောင်း​ရ​သော​အ​ချိန် ရောက်​သည်​ကို သိ​တော်​မူ​သည်​ဖြစ်၍၊ ဤ​လော​က၌​ရှိ​သော​မိ​မိ​လူ​တို့​ကို ချစ်​တော်​မူ​သော​ကြောင့် အ​ဆုံး​တိုင်​အောင် ချစ်​တော်​မူ၏။-

ရှိ​မုန်​ပေ​တ​ရု​က၊ သ​ခင်၊ ကိုယ်​တော်​သည် အ​ဘယ်​အ​ရပ်​သို့ ကြွ​တော်​မူ​မည်​နည်း​ဟု မေး​လျှောက်​လျှင်၊ ယေ​ရှု​က၊ ငါ​သွား​ရာ​အ​ရပ်​သို့ သင်​သည်​ယ​ခု​မ​လိုက်​နိုင်။ နောက်​မှ​လိုက်​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-

သင်​တို့​သည် ကွဲ​ပြား၍ ငါ့​ကို တစ်​ကိုယ်​တည်း​နေ​စေ​ခြင်း​ငှာ စွန့်​ပစ်​လျက်၊ အ​သီး​အ​သီး​မိ​မိ​တို့​နေ​ရာ​သို့ ပြေး​သွား​မည့်​အ​ချိန်​ကာ​လ​သည် လာ၍​ယ​ခု​ပင်​ရောက်​ပေ၏။ သို့​သော်​လည်း ငါ​သည် တစ်​ကိုယ်​တည်း​နေ​သည်​မ​ဟုတ်။ ခ​မည်း​တော်​သည် ငါ​နှင့်​အ​တူ​ရှိ​တော်​မူ၏။-

အ​ဘယ်​သူ​ကို​ရှာ​ကြ​သ​နည်း​ဟု တစ်​ဖန်​မေး​တော်​မူ​လျှင်၊ နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ကို ရှာ​ကြ​သည်​ဟု ထို​သူ​တို့​သည် ဆို​ကြ၏။-

ကိုယ်​တော်​သည် အ​ကျွန်ုပ်​အား ပေး​တော်​မူ​သော​သူ​တို့​တွင် အ​ဘယ်​သူ​မျှ​ပျက်​စီး​ခြင်း​သို့ မ​ရောက်​ပါ​ဟူ​သော အ​ထက်​က​စ​ကား​တော်​ကို ပြည့်​စုံ​စေ​ခြင်း​ငှာ ဤ​သို့​မိန့်​တော်​မူ၏။

လူ၌​ဖြစ်​တတ်​သော စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို​သာ သင်​တို့​သည် ခံ​ရ​ကြ၏။ ဘု​ရား​သ​ခင်​သည် သ​စ္စာ​နှင့် ပြည့်​စုံ​တော်​မူ​သည်​ဖြစ်၍၊ သင်​တို့ မ​ခံ​နိုင်​သော စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို သင်​တို့၌ ရောက်​စိမ့်​သော​ငှာ အ​ခွင့်​ပေး​တော်​မ​မူ။ သင်​တို့​သည် ခံ​နိုင်​မည်​အ​ကြောင်း စုံ​စမ်း​နှောင့်​ယှက်​ခြင်း​အ​ရာ​နှင့်​တ​ကွ၊ ထွက်​မြောက်​သော​လမ်း​ကို​လည်း စီ​ရင်​ပြု​ပြင်​တော်​မူ​လိမ့်​မည်။

ငါ့​ကျေး​ဇူး​သည် သင့်​အ​ဖို့​လောက်​ပေ၏။ ငါ့​တန်​ခိုး​သည် အား​နည်း​ခြင်း​အ​ဖြစ်၌ စုံ​လင်​တတ်​သည်​ဟု မိန့်​တော်​မူ၏။ ထို​ကြောင့် ခ​ရစ်​တော်၏ တန်​ခိုး​သည် ငါ့​အ​ပေါ်၌ ကျိန်း​ဝပ်​မည်​အ​ကြောင်း ငါ့​ကိုယ်၌ အား​နည်း​ခြင်း​အ​ဖြစ်​ကို ဝမ်း​မြောက်​သော​စိတ်​နှင့် ဝါ​ကြွား​ခြင်း​ငှာ သာ၍ ငါ​အ​လို​ရှိ၏။-

အ​ချင်း​ယောက်ျား​တို့၊ ခ​ရစ်​တော်​သည် အ​သင်း​တော်​ကို ချစ်​တော်​မူ​သ​ကဲ့​သို့၊ သင်​တို့​လည်း ကိုယ်​ခင်​ပွန်း​ကို ချစ်​ကြ​လော့။-

သင်​တို့​ကို​သ​တိ​နှင့် ကြည့်​ရှု​တော်​မူ​သော​ကြောင့်၊ သင်​တို့၌ စိုး​ရိမ်​ခြင်း​အ​မှု​ရှိ​သ​မျှ​တို့​ကို ကိုယ်​တော်၌ အပ်​နှံ​ကြ​လော့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ