Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 18:4

Judson Bible

ယေ​ရှု​သည် ကိုယ်၌​ဖြစ်​လ​တ္တံ့​သ​မျှ​သော အ​မှု​အ​ရာ​တို့​ကို သိ​တော်​မူ​လျက်၊ လာ​သော​သူ​တို့​ဆီ​သို့ သွား၍ အ​ဘယ်​သူ​ကို​ရှာ​ကြ​သ​နည်း​ဟု မေး​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

27 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ ကိုယ်​တော်​ကို ရှာ​စေ​ခြင်း​ငှာ အ​ကျွန်ုပ်​သ​ခင်​မ​စေ​လွှတ်​သော တိုင်း​နိုင်​ငံ​တစ်​ခု​မျှ မ​ရှိ​ပါ။ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​က၊ ဧ​လိ​ယ​မ​ရှိ​ပါ​ဟု လျှောက်​သော​အ​ခါ၊ ကိုယ်​တော်​ကို ရှာ၍​မ​တွေ့​နိုင်​ဟု ထို​တိုင်း​နိုင်​ငံ​သား​တို့​သည် အ​ကျိန်​ကို​ခံ​ရ​ကြ​ပါ၏။

ငါ​က​လည်း၊ ငါ​ကဲ့​သို့​သော​သူ​သည် ပြေး​ရ​မည်​လော။ ငါ​နှင့်​တူ​သော​သူ​သည် အ​သက်​ချမ်း​သာ​ခြင်း​ငှာ ဗိ​မာန်​တော်​ထဲ​သို့ ဝင်​ရ​မည်​လော။ ငါ​မ​ဝင်​ဟု ပြန်​ပြော၏။

ငါ့​တစ်​ဖက်၌ တပ်​ချ​ကြ​သော်​လည်း၊ ငါ့​နှ​လုံး​မ​ကြောက်​တတ်။ စစ်​ချီ၍​လာ​ကြ​သော်​လည်း၊ ထို​အ​မှု​တွင်​ပင် တည်​ကြည်​သော စိတ်​ရှိ​လိမ့်​မည်။

ငါ့​ကို​ရန်​ဘက်​ပြု၍ ဝန်း​ရံ​သော​သူ အ​ထောင်​အ​သောင်း​ကို ငါ​မ​ကြောက်​ဘဲ​နေ​မည်။

လိုက်​သော​သူ​မ​ရှိ​သော်​လည်း၊ မ​တ​ရား​သော​သူ​သည် ပြေး​တတ်၏။ ဖြောင့်​မတ်​သော​သူ​မူ​ကား၊ ခြင်္သေ့​ကဲ့​သို့ ရဲ​ရင့်​တတ်၏။

ထို​မှ​တစ်​ပါး ကိုယ်​တော်​သည် ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ရ​မည်။ လူ​အ​ကြီး​အ​ကဲ၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့​လက်၌ များ​စွာ​ခံ​ရ​မည်။ အ​သေ​သတ်​ခြင်း​ကို​လည်း ခံ​ရ​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟူ​သော အ​ကြောင်း​များ​ကို ထို​အ​ခါ​မှ​စ၍ တ​ပည့်​တော်​တို့​အား ပြ​တော်​မူ၏။-

နှစ်​ရက်​လွန်​မှ ပ​သ​ခါ​ပွဲ​နေ့​ရောက်​မည်​ကို သင်​တို့​သိ​ကြ၏။ ထို​အ​ခါ လူ​သား​ကို​လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​သတ်​စေ​ခြင်း​ငှာ အပ်​နှံ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-

စား၍​နေ​ကြ​စဉ် ကိုယ်​တော်​က၊ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ငါ့​ကို အပ်​နှံ​လိမ့်​မည်​ဟု မိန့်​တော်​မူ​လျှင်၊-

ထို​အ​ခါ ယေ​ရှု​က​လည်း၊ ကျမ်း​စာ​လာ​သည်​ကား၊ သိုး​ထိန်း​ကို​ငါ​ရိုက်​သတ်၍ သိုး​တို့​သည် ကွဲ​လွင့်​ရ​ကြ​လိမ့်​မည်​ဟု ရေး​ထား​သည်​နှင့်​အ​ညီ၊ ယ​နေ့​ည​တွင် သင်​တို့​ရှိ​သ​မျှ​သည် ငါ့​ကြောင့် စိတ်​ပျက်​ကြ​လိမ့်​မည်။-

တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ မော​ရှေ၏ ပ​ည​တ္တိ​ကျမ်း​စာ၌​လည်း​ကောင်း၊ ပ​ရော​ဖက်​တို့၏ ကျမ်း​စာ၌​လည်း​ကောင်း၊ ဆာ​လံ​ကျမ်း​စာ၌​လည်း​ကောင်း၊ ငါ့​ကို​ရည်​မှတ်၍ ရေး​ထား​သ​မျှ​သော​အ​ချက်​တို့​သည် ပြည့်​စုံ​ရ​မည်​ဟု ငါ​သည် သင်​တို့​နှင့်​အ​တူ ရှိ​စဉ်​အ​ခါ သင်​တို့​အား ဟော​ပြော​သော​အ​ကြောင်း​အ​ရာ​တို့​ကား ဤ​အ​ကြောင်း​အ​ရာ​ပေ​တည်း​ဟု မိန့်​တော်​မူ၏။-

ပ​သ​ခါ​ပွဲ​မ​ခံ​မီ၌ ယေ​ရှု​သည် ဤ​လော​က​မှ​ခ​မည်း​တော်​ထံ​သို့ ပြောင်း​ရ​သော​အ​ချိန် ရောက်​သည်​ကို သိ​တော်​မူ​သည်​ဖြစ်၍၊ ဤ​လော​က၌​ရှိ​သော​မိ​မိ​လူ​တို့​ကို ချစ်​တော်​မူ​သော​ကြောင့် အ​ဆုံး​တိုင်​အောင် ချစ်​တော်​မူ၏။-

ကိုယ်​တော်​ကို အပ်​နှံ​မည့်​သူ​ကို သိ​တော်​မူ​သော​ကြောင့်၊ သင်​တို့​တွင် တ​ချို့​မ​စင်​ကြယ်​ဟု မိန့်​တော်​မူ​သ​တည်း။

နာ​ဇ​ရက်​မြို့​သား ယေ​ရှု​ကို​ရှာ​ကြ​သည်​ဟု​ဆို​လျှင်၊ ယေ​ရှု​က၊ ငါ​သည် ထို​သူ​ဖြစ်၏​ဟု မိန့်​တော်​မူ၏။ ကိုယ်​တော်​ကို​အပ်​နှံ​သော ယု​ဒ​ရှ​ကာ​ရုတ်​သည်​လည်း ထို​သူ​တို့​နှင့်​အ​တူ ရပ်​နေ၏။-

အ​ဘယ်​သူ​ကို​ရှာ​ကြ​သ​နည်း​ဟု တစ်​ဖန်​မေး​တော်​မူ​လျှင်၊ နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ကို ရှာ​ကြ​သည်​ဟု ထို​သူ​တို့​သည် ဆို​ကြ၏။-

ထို​နောက်​မှ ကျမ်း​စာ​ပြည့်​စုံ​စေ​ခြင်း​ငှာ အ​မှု​ရှိ​သ​မျှ​ကုန်​စင်​ပြီး​သည်​ကို သိ​တော်​မူ​လျှင်၊ ရေ​ငတ်​သည်​ဟု မိန့်​တော်​မူ၏။-

သို့​သော်​လည်း သင်​တို့​တွင် မ​ယုံ​ကြည်​သော​သူ​အ​ချို့​ရှိ၏။-

မျက်​နှာ​တော်​ကို ဖူး​မြင်​ရ​သော​အား​ဖြင့် ဝမ်း​မြောက်​သော​စိတ်​နှင့် အ​ကျွန်ုပ်​ကို ပြည့်​စုံ​စေ​တော်​မူ​လိမ့်​မည်​ဟု ဒါ​ဝိဒ်​ဆို​သ​တည်း။-

ထို​သို့​ခ​ရစ်​တော်​သည် ကိုယ်​ခ​န္ဓာ​တော်၌ ငါ​တို့​အ​တွက် ခံ​တော်​မူ​သည်​မှန်​သော​ကြောင့်၊ သင်​တို့​လည်း ထို​သို့​သော​သ​ဘော​ကို လက်​နက်​ပြု၍ သုံး​စွဲ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ ကိုယ်​ခ​န္ဓာ၌​ခံ​သော​သူ​သည် ဒု​စ​ရိုက်​တို့​နှင့် လွတ်​ငြိမ်း​သည်​ဖြစ်၍၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ