Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 18:32

Judson Bible

ထို​သို့​လျှောက်​သော်၊ ယေ​ရှု​သည်​အ​ဘယ်​သို့ မိ​မိ​သေ​ရ​မည်​အ​ရိပ်​ကို​ပေး၍၊ မိန့်​တော်​မူ​သော​စ​ကား​တော် ပြည့်​စုံ​မည်​အ​ကြောင်း​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ခွေး​တို့​သည် အ​ကျွန်ုပ်​ကို​ဝိုင်း​လျက်၊ စု​ဝေး​သော​လူ​ဆိုး​တို့​သည် ဝန်း​ရံ​လျက်​နေ၍၊ အ​ကျွန်ုပ်၏​လက်​ခြေ​တို့​ကို ထိုး​ဖောက်​ကြ​ပါ​ပြီ။

လူ​သား​အား ပြက်​ရယ်​ပြု​ခြင်း၊ ရိုက်​ပုတ်​ခြင်း၊ လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​ထား​ခြင်း​ကို ပြု​စေ​ခြင်း​ငှာ တစ်​ပါး​အ​မျိုး​သား​တို့ လက်​သို့ အပ်​နှံ​ကြ​လိမ့်​မည်။ သုံး​ရက်​မြောက်​သော​နေ့၌ ထ​မြောက်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

နှစ်​ရက်​လွန်​မှ ပ​သ​ခါ​ပွဲ​နေ့​ရောက်​မည်​ကို သင်​တို့​သိ​ကြ၏။ ထို​အ​ခါ လူ​သား​ကို​လက်​ဝါး​ကပ်​တိုင်​မှာ ရိုက်​သတ်​စေ​ခြင်း​ငှာ အပ်​နှံ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-

လူ​သား​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့​လက်​သို့ ရောက်​လိမ့်​မည်။ ထို​သူ​တို့​သည် သေ​ပြစ်​ကို စီ​ရင်၍ တစ်​ပါး​အ​မျိုး​သား​တို့​လက်​သို့ အပ်​နှံ​ကြ​လိမ့်​မည်။-

ထို​အ​ခါ ယု​ဒ​လူ​တို့​သည် ကိုယ်​တော်​ကို ခဲ​နှင့်​ပစ်​ခြင်း​ငှာ တစ်​ဖန် ကျောက်​ခဲ​တို့​ကို ကောက်​ယူ​ကြ၏။-

ယု​ဒ​လူ​တို့​က၊ ကောင်း​သော​အ​မှု​ကြောင့် ခဲ​နှင့် ပစ်​မည်​မ​ဟုတ်။ သင်​သည် လူ​ဖြစ်​လျက်​ပင် ဘု​ရား​သ​ခင်​ဖြစ်​ယောင်​ဆောင်၍ ဘု​ရား​သ​ခင်​ကို လွန်​ကျူး​သော​စ​ကား​ကြောင့် ခဲ​နှင့်​ပစ်​မည်​ဟု ဆို​ကြ၏။-

သင်​တို့​ရှိ​သ​မျှ​ကို ငါ​ရည်​မှတ်၍ ပြော​သည်​မ​ဟုတ်။ ငါ​ရွေး​ကောက်​သော​သူ​တို့​ကို ငါ​သိ၏။ ကျမ်း​စာ​ချက် ပြည့်​စုံ​စေ​မည်​အ​ကြောင်း ငါ​နှင့်​အ​တူ​စား​သော​သူ​သည် ငါ့​ကို​ခြေ​နှင့်​ကျောက်​သ​တည်း။-

ပိ​လတ်​မင်း​က​လည်း၊ သူ့​ကို​ယူ၍ သင်​တို့ ဓ​မ္မ​သတ်​အ​တိုင်း စီ​ရင်​ကြ​ဟု​ဆို၏။ ယု​ဒ​လူ​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် အ​ဘယ်​သူ​ကို​မျှ မ​သတ်​ပိုင်​ပါ​ဟု​လျှောက်​ကြ၏။-

ထို​သို့​မိန့်​တော်​မူ​သော်၊ အ​ဘယ်​သို့​သော​သေ​ခြင်း​အား​ဖြင့် ပေ​တ​ရု​သည် ဘု​ရား​သ​ခင်၏​ဘုန်း​တော်​ကို ထင်​ရှား​စေ​မည်​အ​ရိပ်​ကို ပေး​တော်​မူ၏။ ထို​သို့ မိန့်​တော်​မူ​ပြီး​မှ၊ ငါ့​နောက်​သို့​လိုက်​လော့​ဟု ပေ​တ​ရု​အား မိန့်​တော်​ပြန်၏။

မော​ရှေ​သည်​တော၌ မြွေ​ကို မြှောက်​ထား​သ​ကဲ့​သို့ လူ​သား​သည် မြှောက်​ထား​ခြင်း​ကို ခံ​ရ​မည်။-

ထို​ကြောင့်​ယေ​ရှု​က၊ သင်​တို့​သည် လူ​သား​ကို မြှောက်​ထား​သော​အ​ခါ၊ ငါ​သည် ဤ​မည်​သော​သူ​ဖြစ်​သည်​ကို​လည်း​ကောင်း၊ ငါ​သည် ကိုယ်​အ​လို​အ​လျောက် အ​ဘယ်​အ​မှု​ကို​မျှ​မ​ပြု​ဘဲ၊ ငါ့​ခ​မည်း​တော်​သည် ငါ့​အား နည်း​ပေး​တော်​မူ​သည်​အ​တိုင်း ငါ​ဟော​ပြော​သည်​ကို​လည်း​ကောင်း သင်​တို့​သည် သိ​ကြ​လိမ့်​မည်။-

ကျောက်​ခဲ​နှင့်​ပစ်​ကြ​စဉ် သ​တေ​ဖန်​သည် ပ​တ္ထ​နာ​ပြု​လျက်၊ သ​ခင်​ယေ​ရှု၊ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​ကို သိမ်း​ယူ​တော်​မူ​ပါ​ဟု လျှောက်​ဆို၏။-

ထို​ကြောင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ပ​ညတ်​တ​ရား​အား​ဖြင့် အ​ဘယ်​သူ​မျှ ဖြောင့်​မတ်​ရာ​သို့ မ​ရောက်​နိုင်​ဟု ထင်​ရှား​လျက်​ရှိ၏။ သစ်​တိုင်၌ ဆွဲ​ထား​ခြင်း ခံ​ရ​သော​သူ​တိုင်း ကျိန်​ခြင်း​ကို ခံ​ရ​သော​သူ​ဖြစ်​သည်​ဟု ကျမ်း​စာ​လာ​သည်​နှင့် အ​ညီ၊ ခ​ရစ်​တော်​သည် ငါ​တို့​အ​တွက်​ကြောင့် ကျိန်​ခြင်း​ကို ခံ​ရ​သော​သူ​ဖြစ်၍၊ ငါ​တို့​ကို ပ​ညတ်​တ​ရား၏​ကျိန်​ခြင်း​မှ ရွေး​နုတ်​တော်​မူ​ပြီ။-

အ​သေ​ကောင်​ကို သစ်​တိုင်၌ တစ်​ည​လုံး​မ​ထား​ရ။ ထို​နေ့​ချင်း​တွင် မြေ၌​ဆက်​ဆက်​မြှုပ်​ရ​မည်။ သစ်​တိုင်၌ ဆွဲ​ထား​ခြင်း​ကို ခံ​ရ​သော​သူ​သည် ကျိန်​ခြင်း​ကို ခံ​ရ​သော​သူ​ဖြစ်၏။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အ​မွေ​ခံ​စ​ရာ​ဖို့ ပေး​တော်​မူ​သော​ပြည်​သည် မ​ညစ်​ညူး​စေ​မည်​အ​ကြောင်း ထို​သို့​ပြု​ရ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ