Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 17:9

Judson Bible

သူ​တို့​အ​ဖို့​အ​လို့​ငှာ အ​ကျွန်ုပ်​ဆု​တောင်း​ပါ၏။ လော​ကီ​သား​တို့​အ​ဖို့​အ​လို​ငှာ ဆု​တောင်း​သည်​မ​ဟုတ်​ပါ၊ အ​ကျွန်ုပ်​အား ပေး​တော်​မူ​သော​သူ​တို့​သည် ကိုယ်​တော်၏​လူ​ဖြစ်​သော​ကြောင့်၊ ထို​သူ​တို့​အ​ဖို့​အ​လို​ငှာ ဆု​တောင်း​ပါ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

သင်၏​ယုံ​ကြည်​သော​စိတ် မ​ပျက်​စေ​ခြင်း​ငှာ ငါ​သည် သင့်​အ​ဖို့​ဆု​တောင်း​လေ​ပြီ။ သင်​သည် သ​တိ​ရ​ပြန်​သော​အ​ခါ သင်၏​ညီ​အစ်​ကို​တို့​ကို တည်​ကြည်​စေ​လော့​ဟု မိန့်​တော်​မူ​လျှင်၊-

ယေ​ရှု​က​လည်း၊ အို အ​ဘ၊ သူ​တို့၏ အ​ပြစ်​ကို​လွှတ်​တော်​မူ​ပါ။ သူ​တို့​သည် ကိုယ်​ပြု​သော​အ​မှု​ကို မ​သိ​ကြ​ဟု မြွက်​ဆို​တော်​မူ၏။ အ​ဝတ်​တော်​ကို​လည်း စာ​ရေး​တံ​ချ၍ ဝေ​ဖန်​ကြ၏။-

ဝက်​ကျောင်း​သော​သူ​တို့​သည် ထို​အ​ခြင်း​အ​ရာ​ကို မြင်​လျှင်​ပြေး၍ မြို့​ရွာ​တို့၌ သ​တင်း​ကြား​ပြော​ကြ​သော်၊-

ခ​မည်း​တော်​သည် သ​မ္မာ​တ​ရား​ကို​ပြ​သော ဝိ​ညာဉ်​တော်​တည်း​ဟူ​သော တစ်​ပါး​သော​ဥ​ပ​ဇ္ဈာယ်​ဆ​ရာ​ကို သင်​တို့​နှင့်​အ​တူ အ​စဉ်​မ​ပြတ်​တည်​နေ​စေ​ခြင်း​ငှာ သင်​တို့​အား​ပေး​တော်​မူ​မည်။-

ကိုယ်​တော်​သည် သား​တော်​လက်​သို့ အပ်​ပေး​တော်​မူ​သ​မျှ​သော​သူ​တို့​အား ထာ​ဝ​ရ​အ​သက်​ကို ပေး​စေ​ခြင်း​ငှာ၊ လူ​မျိုး​အ​ပေါင်း​တို့​ကို အ​စိုး​ရ​သော​အ​ခွင့်​တန်​ခိုး​ကို သား​တော်​အား ပေး​တော်​မူ​သည်​နှင့်​အ​ညီ၊ သား​တော်​သည် ကိုယ်​တော်၏​ဘုန်း​ကို ထင်​ရှား​စေ​ပါ​မည်​အ​ကြောင်း သား​တော်၏​ဘုန်း​ကို ထင်​ရှား​စေ​တော်​မူ​ပါ။-

ထို​သူ​တို့​အ​ဖို့​ကို​သာ အ​ကျွန်ုပ်​ဆု​တောင်း​သည် မ​ဟုတ်​ပါ၊ သူ​တို့ ဟော​ပြော​ခြင်း​အား​ဖြင့် အ​ကျွန်ုပ်​ကို ယုံ​ကြည်​သော​သူ​တို့​အ​ဖို့​ကို​လည်း ဆု​တောင်း​ပါ၏။-

ဤ​လော​က​ထဲ​မှ​ယူ၍ အ​ကျွန်ုပ်၌ အပ်​ပေး​တော်​မူ​သော​သူ​တို့​အား အ​ကျွန်ုပ်​သည် ကိုယ်​တော်၏ နာ​မ​ကို​ပြ​ပါ​ပြီ။ ထို​သူ​တို့​ကို ကိုယ်​တော်​သည်​ပိုင်​တော်​မူ​သ​ဖြင့် အ​ကျွန်ုပ်​အား ပေး​တော်​မူ၏။ ကိုယ်​တော်၏ နှုတ်​က​ပတ်​တ​ရား​ကို သူ​တို့​သည်​စောင့်​ကြ​ပါ၏။-

ခ​မည်း​တော်​သည် ငါ့​အား ပေး​တော်​မူ​သ​မျှ​သော​သူ​တို့​သည် ငါ​ထံ​သို့​လာ​ကြ​လိမ့်​မည်။ ငါ့​ထံ​သို့ လာ​သော​သူ​ကို ငါ​သည်​အ​လျှင်း​မ​ပယ်။-

ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​ခ​မည်း​တော်၏ အ​လို​တော်​ကား၊ ငါ့​အား​ပေး​သော​သူ​တို့​တွင် တစ်​စုံ​တစ်​ယောက်​ကို​မျှ ငါ​မ​ပျောက်​စေ​ရ​ဘဲ၊ နောက်​ဆုံး​သော​နေ့၌ ထို​သူ​အ​ပေါင်း​တို့​ကို ထ​မြောက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊-

ထို​ကြောင့်၊ အ​ကြင်​သူ​တို့​သည် ယေ​ရှု​အား​ဖြင့် ဘု​ရား​သ​ခင့်​အ​ထံ​တော်​သို့ ချဉ်း​ကပ်​ကြ၏၊ ထို​သူ​တို့၏​အ​မှု​ကို ကိုယ်​တော်​သည် စောင့်​လျက်၊ ကာ​လ​အ​စဉ် အ​သက်​ရှင်​သော​ကြောင့်၊ သူ​တို့​ကို အ​စဉ်​ကယ်​တင်​ခြင်း​ငှာ တတ်​နိုင်​တော်​မူ၏။

ထို​သို့​နှင့်​အ​ညီ၊ မှန်​သော​သန့်​ရှင်း​ရာ​ဌာ​န​တို့၏ ပုံ​ဖြစ်​သော၊ လူ​တို့​လက်​ဖြင့်​လုပ်​သော သန့်​ရှင်း​ရာ​ဌာ​န​ထဲ​သို့ ခ​ရစ်​တော်​သည်​မ​ဝင်​ဘဲ၊ ငါ​တို့​အ​တွက်​ကြောင့် ယ​ခု ဘု​ရား​သ​ခင်၏ ရှေ့​တော်၌ ကိုယ်​ကို​ပြ​ခြင်း​ငှာ၊ ကောင်း​ကင်​ကိုယ်​ထဲ​သို့ ဝင်​တော်​မူ​ပြီ၊-

ငါ​တို့​သည် ဘု​ရား​သ​ခင်​နှင့် စပ်​ဆိုင်​သည်​ကို​လည်း​ကောင်း၊ လော​ကီ​သား​အ​ပေါင်း​တို့​သည် မာရ်​နတ်၏​လက်၌ ရှိ​ကြ​သည်​ကို​လည်း​ကောင်း ငါ​တို့​သိ​ကြ၏။-

ကွပ်​မျက်​သော​သိုး​သ​ငယ်၏ အ​သက်​စာ​စောင်၌ က​မ္ဘာ​ဦး​က​ပင် စာ​ရင်း​မ​ဝင်​သော မြေ​ကြီး​သား အ​ပေါင်း​တို့​သည် သား​ရဲ​ကို ကိုး​ကွယ်​ကြ၏။-

အ​သက်​စာ​စောင်၌ စာ​ရင်း​မ​ဝင်​သော​သူ ရှိ​သ​မျှ​တို့​ကို​လည်း မီး​အိုင်​ထဲ​သို့ ချ​ပစ်​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ