Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 16:25

Judson Bible

ဤ​အ​ရာ​တို့​ကို ပုံ​ဥ​ပ​မာ​အား​ဖြင့် ငါ​ဟော​ပြော၏။ ပုံ​ဥ​ပ​မာ​အား​ဖြင့် မ​ဟော​မ​ပြော​ဘဲ၊ ခ​မည်း​တော်​နှင့် စပ်​ဆိုင်​သော​အ​ရာ​တို့​ကို သင်​တို့​အား အ​တည့်​အ​လင်း​ဖော်​ပြ​သော​အ​ချိန်​ကာ​လ ရောက်​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ပုံ​စ​ကား​သို့ ကိုယ်​နား​ကို​လှည့်​လျက် နက်​နဲ​သော​အ​ရာ​ကို စောင်း​တီး၍ ဖွင့်​ပြ​ပေ​အံ့။

ပုံ​စ​ကား​ကို ငါ​မြွက်​ဆို၍၊ ရှေး​ကာ​လ၏ နက်​နဲ​သော​အ​ရာ​များ​ကို ဖော်​ပြ​ပေ​အံ့။

ဉာဏ်​ကောင်း​သော​သူ​သည် သု​တ္တံ​စ​ကား​အ​နက်​အ​ဓိ​ပ္ပာယ်​ကို​လည်း​ကောင်း၊ ပ​ညာ​ရှိ​ဟော​ပြော၍ နက်​နဲ​သော စ​ကား​တို့​ကို​လည်း​ကောင်း၊ နား​လည်​သော နိဿ​ရည်း​ဆ​ရာ​အ​ဖြစ်​သို့ ရောက်​ရ​လိမ့်​မည်။

ငါ​က​လည်း၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​က၊ ဤ​သူ​သည် ပုံ​ပ​မာ​ကို​သာ​ဆောင်၍ ဟော​ပြော​တတ်​သည်​မ​ဟုတ်​လော​ဟု၊ အ​ကျွန်ုပ်​ကို​ရည်​မှတ်၍ ဆို​တတ်​ကြ​ပါ​သည်​ဟု လျှောက်​လေ၏။

သင်​တို့​သည် ဤ​ဥ​ပ​မာ​ကို​မျှ နား​မ​လည်​လျှင်၊ ဥ​ပ​မာ​ရှိ​သ​မျှ​တို့​ကို အ​ဘယ်​သို့ နား​လည်​ကြ​မည်​နည်း။-

ဥ​ပ​မာ​ကင်း၍ ဟော​ပြော​တော်​မ​မူ။ ရှိ​သ​မျှ​သော​အ​ရာ​တို့​ကို ဆိတ်​ကွယ်​ရာ​အ​ရပ်၌ တ​ပည့်​တော်​တို့​အား ဖွင့်​ပြ​တော်​မူ၏။

ထို​သို့ အ​တည့်​အ​လင်း ပြ​တော်​မူ​သော​ကြောင့် ပေ​တ​ရု​သည် ကိုယ်​တော်​ကို မိ​မိ​နှင့်​အ​တူ​ခေါ်၍ အ​ပြစ်​တင်​သော​စ​ကား​ကို လျှောက်​သော်၊-

ယု​ဒ​လူ​တို့​သည် ကိုယ်​တော်​ကို​ဝန်း​ရံ၍၊ သင်​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ငါ​တို့​ကို ယုံ​မှား​စေ​မည်​နည်း။ ခ​ရစ်​တော်​မှန်​လျှင် အ​တည့်​အ​လင်း​ပြော​ပါ​ဟု ဆို​ကြ၏။-

ထို​ဥ​ပ​မာ​ပုံ​ကို ယေ​ရှု​ဟော​တော်​မူ​သည်​တွင်၊ ပ​ရိ​သတ်​တို့​သည် မိန့်​တော်​မူ​သော​စ​ကား​တော်၏ အ​နက်​အ​ဓိ​ပ္ပာယ်​ကို နား​မ​လည်​ကြ။

သင်​တို့​အား ငါ​ပြော​စ​ရာ​စ​ကား အ​များ​ရှိ​သော်​လည်း၊ သင်​တို့​သည် ယ​ခု​မ​ခံ​နိုင်​ကြ။-

လော​ကီ​သား​တို့​သည် သင်​တို့​ကို တ​ရား​ဇ​ရပ်​မှ နှင်​ထုတ်​လိမ့်​မည်။ သင်​တို့​ကို သတ်​သော​သူ​မည်​သည်​ကား၊ ဘု​ရား​ဝတ်​ကို ငါ​ပြု​ပြီ​ဟု မိ​မိ​ထင်​မှတ်​သော​အ​ချိန်​ကာ​လ ရောက်​လိမ့်​မည်။-

သင်​တို့​သည် ကွဲ​ပြား၍ ငါ့​ကို တစ်​ကိုယ်​တည်း​နေ​စေ​ခြင်း​ငှာ စွန့်​ပစ်​လျက်၊ အ​သီး​အ​သီး​မိ​မိ​တို့​နေ​ရာ​သို့ ပြေး​သွား​မည့်​အ​ချိန်​ကာ​လ​သည် လာ၍​ယ​ခု​ပင်​ရောက်​ပေ၏။ သို့​သော်​လည်း ငါ​သည် တစ်​ကိုယ်​တည်း​နေ​သည်​မ​ဟုတ်။ ခ​မည်း​တော်​သည် ငါ​နှင့်​အ​တူ​ရှိ​တော်​မူ၏။-

ဆိတ်​ကွယ်​ရာ​အ​ရပ်၌​ပြု​သော ရှက်​ဖွယ်​သော အ​မှု​များ​ကို​ပယ်​ကြ၏။ ပ​ရိ​ယာယ်​ကို​မ​သုံး၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ထိမ်​ဝှက်​မှောက်​လှန်​ခြင်း မ​ရှိ။ သ​မ္မာ​တ​ရား​ကို အ​တည့်​အ​လင်း ဖော်​ပြ၍၊ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ လူ​အ​ပေါင်း​တို့၏ စိတ်​အ​ထင်​အ​တိုင်း ချီး​မွမ်း​ဖွယ်​သော အ​ကျင့်​ဓ​လေ့​ကို ကျင့်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ