Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 13:36

Judson Bible

ရှိ​မုန်​ပေ​တ​ရု​က၊ သ​ခင်၊ ကိုယ်​တော်​သည် အ​ဘယ်​အ​ရပ်​သို့ ကြွ​တော်​မူ​မည်​နည်း​ဟု မေး​လျှောက်​လျှင်၊ ယေ​ရှု​က၊ ငါ​သွား​ရာ​အ​ရပ်​သို့ သင်​သည်​ယ​ခု​မ​လိုက်​နိုင်။ နောက်​မှ​လိုက်​ရ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ချစ်​သား​တို့၊ ငါ​သည်​သင်​တို့​နှင့်​အ​တူ ခ​ဏ​သာ​နေ​ရ၏။ သင်​တို့​သည် ငါ့​ကို​ရှာ​ကြ​လိမ့်​မည်။ ငါ​သွား​ရာ အ​ရပ်​သို့ သင်​တို့​မ​ရောက်​နိုင်​ကြ​ဟု ယု​ဒ​လူ​တို့​အား ငါ​ပြော​သ​ကဲ့​သို့ ယ​ခု​သင်​တို့​အား ငါ​ပြော၏။-

ငါ့​အ​ဘ၏​အိမ်​တော်၌ နေ​စ​ရာ​အ​ခန်း​အ​များ​ရှိ၏။ သို့​မ​ဟုတ်​လျှင် မ​ဟုတ်​ကြောင်း​ကို သင်​တို့​အား ငါ​မ​ပြော​ဘဲ​မ​နေ။ သင်​တို့​နေ​စ​ရာ​အ​ရပ်​ကို ပြင်​ဆင်​ခြင်း​ငှာ ငါ​သွား​ရ၏။-

တ​ပည့်​တော်​အ​ချို့​က​လည်း၊ ခ​ဏ​ကြာ​ပြီး​မှ သင်​တို့​သည်​ငါ့​ကို မ​မြင်​ရ​ကြ။ တစ်​ဖန် ခ​ဏ​ကြာ​ပြီး​မှ ငါ့​ကို မြင်​ပြန်​ကြ​လိမ့်​မည်​ဟူ၍​လည်း​ကောင်း၊ အ​ကြောင်း​မူ​ကား၊ ငါ​သည် ခ​မည်း​တော်​ထံ​သို့ သွား​မည်​ဟူ၍​လည်း​ကောင်း၊ မိန့်​တော်​မူ​သော​စ​ကား​သည် အ​ဘယ်​သို့​နည်း။-

ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ​ထံ​သို့ ယ​ခု ငါ​သွား​ရ​မည်​ဖြစ်၍၊ အ​ဘယ်​အ​ရပ်​သို့ သွား​မည်​နည်း​ဟု သင်​တို့​မ​မေး​ကြ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ