ယုဒရှကာရုတ်သည် မုန့်တစ်လုပ်စာကိုခံပြီးမှ ချက်ချင်းထွက်သွား၏။ ထိုအချိန်ကား ညအချိန်ဖြစ်၏။
သူတို့သည် သူတစ်ပါး၌ အပြစ်မပြုရလျှင် မအိပ်တတ်။ တစ်စုံတစ်ယောက်သောသူကို မလဲစေလျှင် အိပ်၍မပျော်တတ်။
သူတို့ခြေသည် အဓမ္မအမှုကိုပြုခြင်းငှာ ပြေးတတ်၏။ အပြစ်မရှိသောသူ၏အသက်ကို သတ်ခြင်းငှာလျင်မြန်၏။ သူတို့အကြံသည် အဓမ္မအကြံဖြစ်၍၊ သူတို့သွားရာလမ်း၌ ပျက်စီးခြင်းနှင့် ဒုက္ခဆင်းရဲခြင်းရှိ၏။
ငါသည် ဗိမာန်တော်၌ သင်တို့နှင့်အတူ ရှိနေစဉ်အခါ သင်တို့သည် ငါ့ကို မဖမ်းမဆီးကြ။ သို့သော်လည်း ယခုအချိန်ကား သင်တို့အချိန်ဖြစ်၏။ မှောင်မိုက်တန်ခိုးလည်းဖြစ်၏ဟု မိန့်တော်မူ၏။
ယေရှုကလည်း၊ ဤမုန့်တစ်လုပ်စာကို ငါနှစ်၍ပေးသောသူဖြစ်၏ဟု မိန့်တော်မူပြီးလျှင်၊ မုန့်တစ်လုပ်စာကို နှစ်ပြီးမှ ရှိမုန်၏သားယုဒရှကာရုတ်အား ပေးတော်မူ၏။-
သူတို့ခြေသည် လူအသက်ကို သတ်ခြင်းငှာ လျင်မြန်၏။-