ယေရှုကလည်း၊ ဤမုန့်တစ်လုပ်စာကို ငါနှစ်၍ပေးသောသူဖြစ်၏ဟု မိန့်တော်မူပြီးလျှင်၊ မုန့်တစ်လုပ်စာကို နှစ်ပြီးမှ ရှိမုန်၏သားယုဒရှကာရုတ်အား ပေးတော်မူ၏။-
ကာနနိတ်လူရှိမုန်နှင့် ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ် ပေတည်း။
ထိုအခါ တပည့်တော်တစ်ကျိပ်နှစ်ပါးအဝင် ဖြစ်သော ယုဒရှကာရုတ်သည် ယဇ်ပုရောဟိတ်အကြီးတို့ထံသို့ သွား၍၊-
ကိုယ်တော်ကလည်း ငါနှင့်အတူ ပန်းကန်တွင် လက်နှိုက်သောသူသည် ငါ့ကို အပ်နှံလိမ့်မည်။-
သို့သော်လည်း ငါ့ကို အပ်နှံသောသူ၏လက်သည် ဤစားပွဲပေါ်မှာ ငါ့လက်နှင့်အတူရှိ၏။-
ယုဒရှကာရုတ်သည် မုန့်တစ်လုပ်စာကိုခံပြီးမှ ချက်ချင်းထွက်သွား၏။ ထိုအချိန်ကား ညအချိန်ဖြစ်၏။