Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 13:22

Judson Bible

အ​ဘယ်​သူ​ကို​ရည်​ဆောင်၍ မိန့်​တော်​မူ​သည်​ကို တ​ပည့်​တော်​တို့​သည် တွေး​တော​ခြင်း​ရှိ​သ​ဖြင့်၊ အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် ကြည့်​ရှု​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

အဲ​ဂု​တ္တု​ပြည်၌​စ​ပါး​ရှိ​ကြောင်း​ကို ယာ​ကုပ်​ကြား​သိ​လျှင်၊ သင်​တို့​သည် အ​ဘယ်​ကြောင့် တစ်​ယောက်​ကို​တစ်​ယောက် ကြည့်​ရှု၍​နေ​ကြ​သ​နည်း။

စား၍​နေ​ကြ​စဉ် ကိုယ်​တော်​က၊ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ငါ့​ကို အပ်​နှံ​လိမ့်​မည်​ဟု မိန့်​တော်​မူ​လျှင်၊-

တ​ပည့်​တော်​တို့​သည် အ​လွန်​ဝမ်း​နည်း၍ သ​ခင်၊ အ​ကျွန်ုပ်​လော​ဟု အ​သီး​အ​သီး​မေး​လျှောက်​ကြ၏။-

စား​ပွဲ၌​လျောင်း၍ စား​နေ​ကြ​စဉ်​တွင်၊ ယေ​ရှု​က၊ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​အ​ဝင်​ဖြစ်၍ ငါ​နှင့်​အ​တူ စား​သော​သူ တစ်​စုံ​တစ်​ယောက်​သည် ငါ့​ကို​အပ်​နှံ​လိမ့်​မည်​ဟု မိန့်​တော်​မူ​လျှင်၊-

တ​ပည့်​တော်​တို့​သည် ဝမ်း​နည်း၍၊ အ​ကျွန်ုပ်​လော၊ အ​ကျွန်ုပ်​လော​ဟု တစ်​ယောက်​နောက်​တစ်​ယောက် အ​သီး​အ​သီး မေး​လျှောက်​ကြ၏။-

သို့​သော်​လည်း ငါ့​ကို အပ်​နှံ​သော​သူ၏​လက်​သည် ဤ​စား​ပွဲ​ပေါ်​မှာ ငါ့​လက်​နှင့်​အ​တူ​ရှိ၏။-

တ​ပည့်​တော်​တို့​သည်​လည်း ထို​အ​မှု​ကို အ​ဘယ်​သူ​ပြု​အံ့​နည်း​ဟု အ​ချင်း​ချင်း မေး​မြန်း​ကြ၏။

သင်​တို့​ရှိ​သ​မျှ​ကို ငါ​ရည်​မှတ်၍ ပြော​သည်​မ​ဟုတ်။ ငါ​ရွေး​ကောက်​သော​သူ​တို့​ကို ငါ​သိ၏။ ကျမ်း​စာ​ချက် ပြည့်​စုံ​စေ​မည်​အ​ကြောင်း ငါ​နှင့်​အ​တူ​စား​သော​သူ​သည် ငါ့​ကို​ခြေ​နှင့်​ကျောက်​သ​တည်း။-

ထို​သို့​ယေ​ရှု​သည် မိန့်​တော်​မူ​ပြီး​မှ စိတ်​နှ​လုံး​တော်​ပူ​ပန်​ခြင်း​ရှိ၍၊ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ငါ့​ကို​အပ်​နှံ​လိမ့်​မည်​ဟု သက်​သေ​ခံ​လျက်​မိန့်​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ