Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 12:3

Judson Bible

ထို​အ​ခါ မာ​ရိ​သည် အ​ဖိုး​များ​စွာ​ထိုက်​သော နာ​ဒု​ဆီ​မွှေး​စစ် အ​ကျပ်​သုံး​ဆယ်​ကို​ယူ၍၊ ယေ​ရှု၏​ခြေ​တော်​ကို လိမ်း​ပြီး​လျှင် မိ​မိ​ဆံ​ပင်​နှင့်​သုတ်​သ​ဖြင့်၊ ထို​ဆီ၏​အ​မွှေး​သည် တစ်​အိမ်​လုံး​ကို​နှံ့​ပြား၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ထို​မင်း​က၊ ယာ​ကုပ်​အ​မျိုး ကိုး​ကွယ်​သော တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား ကျိန်း​ဝပ်​တော်​မူ​ရာ​အ​ရပ်​ကို အ​ကျွန်ုပ်​သည် မ​တွေ့​မီ​တိုင်​အောင်၊ ကိုယ်​နေ​ရာ​အိမ်​သို့​မ​ဝင်၊ ကိုယ်​အိပ်​ရာ​ပေါ်​သို့​မ​တက်၊ ကိုယ်​မျက်​စိ အိပ်​ရ​မည့်​အ​ခွင့်၊ မျက်​ခမ်း​မှိတ်​ရ​မည့်​အ​ခွင့်​ကို မ​ပေး​ပါ​ဟု၊ ယာ​ကုပ်​အ​မျိုး​ကိုး​ကွယ်​သော တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​ထံ​ကျိန်​ဆို၍ ဓိ​ဋ္ဌာန်​ပြု၏။

ထို​မိန်း​မ​ကို သိမ်း​ထား​သော​သူ​သည် လေ​ကို သိမ်း​ထား​သော​သူ​နှင့် တူ၏။ လက်​ယာ​လက်၌​လိမ်း​သော နံ့​သာ​ဆီ​ကို ဝှက်၍​မ​ထား​နိုင်။

အ​ရှင်​မင်း​ကြီး​သည် စား​ပွဲ​တော်​နား​မှာ​ထိုင်​နေ​စဉ်၊ ငါ​ထုံ​သော နာ​ဒု​ဆီ​မွှေး​အ​နံ့​သည် တ​ပျံ့​ပျံ့​တ​လှိုင်​လှိုင် ဖြစ်​လေ၏။

ကိုယ်​တော်၌ မွှေး​ကြိုင်​သော နံ့​သာ​ဆီ​ကဲ့​သို့၊ နာ​မ​တော်​သည် သွန်း​လောင်း​သော နံ့​သာ​ဆီ​ဖြစ်​ပါ၏။ ထို​ကြောင့် သ​တို့​သ​မီး​က​ညာ​တို့​သည် ကိုယ်​တော်​ကို ချစ်​ကြ​ပါ၏။

ငါ့​နှ​မ၊ ငါ့​ခင်​ပွန်း၊ သင်၏​မေ​တ္တာ​သည် အ​လွန်​ချို​ပေ၏။ သင်၏​မေ​တ္တာ​သည် စ​ပျစ်​ရည်​ထက် အ​ထူး​သ​ဖြင့် ကောင်း​ပေ၏။ သင်း​ထုံ​သော နံ့​သာ​ဆီ​သည် နံ့​သာ​မျိုး​တ​ကာ​တို့​ထက် အ​ထူး​သ​ဖြင့် မွှေး​ကြိုင်​ပေ၏။

မာ​ရိ​မူ​ကား၊ ကောင်း​သော​အ​ဖို့​ကို ရွေး​ယူ​ပြီ။ ထို​အ​ဖို့​ကို အ​ဘယ်​သူ​မျှ မ​နုတ်​မ​ယူ​ရာ​ဟု မိန့်​တော်​မူ၏။

သင်​သည် ငါ့​ခေါင်း​ကို ဆီ​နှင့်​မ​လိမ်း။ သူ​မူ​ကား၊ ငါ့​ခြေ​ကို ဆီ​မွှေး​နှင့် လိမ်း​လေ​ပြီ။-

နာ​လျက်​နေ​သော လာ​ဇ​ရု၏​နှ​မ​မာ​ရိ​ကား၊ သ​ခင်​ဘု​ရား​ကို ဆီ​မွှေး​နှင့်​လိမ်း၍ ခြေ​တော်​ကို မိ​မိ​ဆံ​ပင်​နှင့်​သုတ်​သော မာ​ရိ ဖြစ်​သ​တည်း။-

ထို​သို့​လျှောက်​ပြီး​မှ မာ​သ​သည်​သွား၍ မိ​မိ​ညီ​မ မာ​ရိ​အား၊ အ​ရှင်​ဘု​ရား ရောက်​လာ​တော်​မူ​ပြီ။ သင့်​ကို ခေါ်​တော်​မူ​သည်​ဟု တိတ်​ဆိတ်​စွာ​ခေါ်​လေ၏။-

မာ​ရိ​သည် ယေ​ရှု​ရှိ​တော်​မူ​ရာ​အ​ရပ်​သို့​ရောက်၍ ကိုယ်​တော်​ကို​မြင်​လျှင် ခြေ​တော်​ရင်း၌ ပျပ်​ဝပ်​လျက်၊ သ​ခင်၊ ကိုယ်​တော်​ရှိ​တော်​မူ​လျှင် ကျွန်​မ၏​မောင် မ​သေ​ပါ​ဟု လျှောက်၏။-

အ​ထက်​က ည​အ​ခါ ယေ​ရှု​ထံ​သို့​လာ​သော နိ​ကော​ဒင်​သည်​လည်း၊ အ​ခွက်​သုံး​ဆယ်​မျှ​လောက်​အ​ချိန်​ရှိ​သော မု​ရန်​နှင့် အ​ကျော်​ကို ရော​နှော​သော နံ့​သာ​ပေါင်း​ကို ဆောင်​လျက်​လာ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ