Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 12:1

Judson Bible

ပ​သ​ခါ​ပွဲ​ခံ​ချိန် ခြောက်​ရက်​လို​သေးသော​အ​ခါ၊ အ​ထက်​က​သေ​လွန်၍ သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော လာ​ဇ​ရု​နေ​ရာ​အ​ရပ်၊ ဗေ​သ​နိ​ရွာ​သို့ ယေ​ရှု​သည်​ရောက်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ သူ​တို့​ကို​ထား​ခဲ့၍ မြို့​ထဲ​မှ​ထွက်​ပြီး​လျှင် ဗေ​သ​နိ​ရွာ​သို့​ကြွ၍ ထို​ည​ကို လွန်​စေ​တော်​မူ၏။-

ယေ​ရှု​သည် ယေ​ရု​ရှ​လင်​မြို့​သို့​လည်း​ကောင်း၊ ဗိ​မာန်​တော်​သို့​လည်း​ကောင်း ဝင်၍ အ​ရာ​ရာ​တို့​ကို ကြည့်​ရှု​တော်​မူ​ပြီး​လျှင် မိုး​ချုပ်​သော​ကြောင့် တစ်​ကျိပ်​နှစ်​ပါး​သော သူ​တို့​နှင့်​တ​ကွ ဗေ​သ​နိ​ရွာ​သို့ ထွက်​ကြွ​တော်​မူ၏။

ထို​နောက် တ​ပည့်​တော်​တို့​ကို ယေ​ရု​ရှ​လင်​မြို့​ပြင်၊ ဗေ​သ​နိ​ရွာ​တိုင်​အောင် ဆောင်​သွား​တော်​မူ​ပြီး​မှ၊ လက်​တော်​ကို​ချီ၍ ကောင်း​ကြီး​ပေး​တော်​မူ၏။-

ထို​သို့ စား​ပွဲ၌​လျောင်း​တော်​မူ​သည်​ကို ထို​မြို့၌ ဆိုး​သော​မိန်း​မ​တစ်​ယောက်​သည် သိ​လျှင်၊ ဆီ​မွှေး​ကျောက်​ဖြူ ခွက်​တစ်​လုံး​ကို ယူ​ခဲ့၍၊-

ညီ​အစ်​မ မာ​ရိ​နှင့် မာ​သ​တို့​နေ​သော ဗေ​သ​နိ​ရွာ​သား၊ လာ​ဇ​ရု​အ​မည်​ရှိ​သော သူ​တစ်​ယောက်​သည် နာ​လျက်​နေ​လေ၏။-

လာ​ဇ​ရု ထွက်၍​လာ​လော့​ဟု ကြီး​စွာ​သော​အ​သံ​နှင့် ဟစ်​ခေါ်​တော်​မူ၏။-

ထို​အ​ခါ သေ​လွန်​သော​သူ​သည် မိ​မိ​ခြေ​လက်၌ ပု​ဆိုး​နံ​ငယ်​နှင့်​ရစ်​ပတ်​လျက်၊ မျက်​နှာ​ကို​လည်း ပု​ဝါ​နှင့် စည်း​လျက်​ထွက်​လာ၏။ ယေ​ရှု​က​လည်း၊ သူ့​ကို​ဖြည်၍ လွှတ်​ကြ​လော့​ဟု မိန့်​တော်​မူ၏။

ယု​ဒ​ပ​သ​ခါ​ပွဲ​ခံ​ခါ​နီး​တွင် လူ​များ​တို့​သည် မိ​မိ​တို့​ကို​သန့်​ရှင်း​စေ​ခြင်း​ငှာ ပွဲ​မ​ခံ​မီ အ​ရပ်​ရပ်​တို့​မှ ယေ​ရု​ရှ​လင်​မြို့​သို့ လာ​ကြ၏။-

နက်​ဖြန်​နေ့၌ ယေ​ရှု​သည် ယေ​ရု​ရှ​လင်​မြို့​သို့ ကြွ​လာ​တော်​မူ​သည်​ကို၊ ထို​ပွဲ​သို့​လာ​သော လူ​အ​စု​အ​ဝေး အ​ပေါင်း​တို့​သည် ကြား​ရ​လျှင်၊-

ကိုး​ကွယ်​ခြင်း​အ​မှု​နှင့် ထို​ပွဲ​သို့ ရောက်​လာ​သော​သူ​တို့​တွင် ဟေ​လ​သ​လူ​အ​ချို့​ပါ၏။-

ထို​အ​ရပ်၌ ယေ​ရှု​ရှိ​တော်​မူ​သည်​ကို ယု​ဒ​လူ​များ​အ​ပေါင်း​တို့​သည် သိ​လျှင်၊ ကိုယ်​တော်​ကြောင့်​သာ လာ​သည်​မ​ဟုတ်။ သေ​ခြင်း​မှ​ထ​မြောက်​စေ​တော်​မူ​သော လာ​ဇ​ရု​ကို​မြင်​ခြင်း​ငှာ လာ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ