အချို့တို့က၊ မျက်စိကန်းသောသူကို မြင်စေတော်မူသော ဤသခင်သည်၊ လာဇရုကို မသေစေခြင်းငှာ မတတ်နိုင်သလောဟုဆိုကြ၏။
သင်သည် များစွာမြင်သော်လည်း အာရုံမပြုတတ်။ နားပွင့်လျက်ရှိသော်လည်း မကြားတတ်။
ငါတို့မြင်၍ ယုံကြည်စေခြင်းငှာ၊ ဣသရေလရှင်ဘုရင် တည်းဟူသော ခရစ်တော်သည် လက်ဝါးကပ်တိုင်မှ ယခုဆင်းပါလေစေဟု အချင်းချင်းပြက်ရယ်ပြု၍ ပြောဆိုကြ၏။ ကိုယ်တော်နှင့်တကွ လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောသူတို့သည်လည်း ကဲ့ရဲ့ပြစ်တင်ကြ၏။
လူများတို့သည်လည်း ကြည့်ရှုလျက် ရပ်နေကြ၏။ ထိုသူတို့နှင့်အတူ မင်းအရာရှိတို့က၊ ဤသူသည် သူတစ်ပါးတို့ကို ကယ်တင်တတ်၏။ ခရစ်တော်တည်းဟူသော ဘုရားသခင် ရွေးချယ်တော်မူသောသူမှန်လျှင် ကိုယ်ကိုကယ်တင်ပါလေစေဟူ၍ ပြက်ရယ်ပြုကြ၏။-
ဆွဲထားသော လူဆိုးနှစ်ယောက်တွင် တစ်ယောက်က၊ သင်သည် ခရစ်တော်မှန်လျှင် ကိုယ်ကိုလည်းကောင်း၊ ငါတို့ကိုလည်းကောင်း၊ ကယ်တင်လော့ဟု ကိုယ်တော်ကို ကဲ့ရဲ့၍ ဆိုလေ၏။-
မာရိမူကားအိမ်၌ ထိုင်လျက်နေရစ်၏။ မာသက၊ သခင်၊ ကိုယ်တော်ရှိတော်မူလျှင် ကျွန်မ၏မောင် မသေပါ။-
မာရိသည် ယေရှုရှိတော်မူရာအရပ်သို့ရောက်၍ ကိုယ်တော်ကိုမြင်လျှင် ခြေတော်ရင်း၌ ပျပ်ဝပ်လျက်၊ သခင်၊ ကိုယ်တော်ရှိတော်မူလျှင် ကျွန်မ၏မောင် မသေပါဟု လျှောက်၏။-