အလောင်းကို အဘယ်မှာထားကြသနည်းဟု မေးတော်မူလျှင်၊ သခင်ကြွ၍ ကြည့်တော်မူပါဟု လျှောက်ကြ၏။-
ဤအရပ်၌ မရှိ။ မိန့်တော်မူသည်အတိုင်း ထမြောက်တော်မူပြီ။ လာကြ၊ သခင်လျောင်းတော်မူရာအရပ်ကို ကြည့်ကြလော့။-
မာဂဒလမာရိ၊ ယောသေ၏အမိဖြစ်သော မာရိတို့သည် အလောင်းတော်ထားရာအရပ်သို့ ကြည့်ရှုကြ၏။
ထိုသူကလည်း၊ ထိတ်လန့်မိန်းမောခြင်း မရှိကြနှင့်။ လက်ဝါးကပ်တိုင်မှာ သတ်သောနာဇရက်မြို့သား ယေရှုကို သင်တို့ရှာကြ၏။ ထိုသူသည် ထမြောက်တော်မူပြီ။ ဤအရပ်၌ မရှိ။ အလောင်းတော်ထားရာအရပ်ကို ကြည့်ကြလော့။-
ယေရှုကလည်း လာ၍ကြည့်ကြလော့ဟု မိန့်တော်မူ၏။ ထိုသူတို့သည်သွား၍ နေတော်မူရာအရပ်ကို ကြည့်ကြ၏။ ထိုအချိန်သည် ဆယ်နာရီအချိန်ဖြစ်၍ မိုးချုပ်သည်တိုင်အောင် အထံတော်၌နေကြ၏။-
မာရိမှစ၍ လိုက်လာသောယုဒလူတို့သည် ငိုကြွေးကြသည်ကို ယေရှုသည်မြင်တော်မူသောအခါ၊ အလွန်ညှိုးငယ်ခြင်း၊ စိတ်ပူပန်ခြင်းရှိ၍၊-
ယေရှုသည် မျက်ရည်ကျတော်မူ၏။-
ရှိမုန်ပေတရုနှင့် ယေရှုချစ်တော်မူသော အခြားတပည့်တော်ဆီသို့ ပြေးသွား၍၊ သင်္ချိုင်းတော်မှ သခင်ကိုယူသွားကြပြီ။ အဘယ်မှာထားကြသည်ကို မသိဟုပြောဆို၏။-