ညအချိန်၌ သွားလာလျှင်မူကား၊ အလင်းမရှိသောကြောင့် ထိမိ၍လဲတတ်၏ဟု မိန့်တော်မူပြီးမှ၊-
ငါ့ကိုအငြိုးထားသော ရန်သူလူဆိုးတို့သည်၊ ငါ့အသားကိုကိုက်စားမည်ဟု လာကြသောအခါ၊ ခြေတိုက်မိ၍လဲကြ၏။
ပညာရှိသောသူ၏မျက်စိတို့သည် သူ၏ဦးခေါင်း၌ ရှိ၏။ မိုက်သောသူမူကား၊ မှောင်မိုက်၌ ကျင်လည်တတ်၏။ သို့သော်လည်း ထိုသူအပေါင်းတို့သည် တစ်ခုတည်းသောအမှုနှင့် တွေ့ကြုံတတ်သည်ကို ငါရိပ်မိ၏။
မိုးမချုပ်မီ၊ မိုက်သောတောင်ပေါ်မှာ သင်တို့သည် ထိခိုက်၍မလဲမီ၊ အလင်းကိုမျှော်လင့်သောအခါ၊ သေမင်းအရိပ်၊ ထူထပ်သော မှောင်မိုက်ကို ဖြစ်စေတော်မမူမီ၊ သင်တို့၏ဘုရားသခင် ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြလော့။
သို့သော်လည်း၊ ထာဝရဘုရားသည် အားကြီးသောသူရဲကဲ့သို့ ငါ့ဘက်၌ ရှိတော်မူ၏။ ထိုကြောင့်၊ ငါ့ကိုညှဉ်းဆဲသော သူတို့သည် မနိုင်ဘဲ ထိမိ၍ လဲကြလိမ့်မည်။ အကြံမမြောက်သောကြောင့် အလွန်ရှက်ကြလိမ့်မည်။ မပြေမပျောက်နိုင်သော ထာဝရရှက်ကြောက်ခြင်း ရှိကြလိမ့်မည်။
စိတ်နှလုံး၌ အမြစ်မစွဲ၊ ခဏသာတည်သဖြင့်၊ တရားစကားကြောင့် အမှုအခင်းနှင့် ညှဉ်းဆဲခြင်းကို ခံရသောအခါ ချက်ချင်းဖောက်ပြန်တတ်သည်ဟု ဆိုလိုသတည်း။-
ငါတို့အဆွေ လာဇရုသည် အိပ်ပျော်၏။ သူ့ကိုနှိုးခြင်းအလိုငှာ ငါသွားမည်ဟု မိန့်တော်မူ၏။-
ယေရှုကလည်း၊ တစ်နေ့တွင် တစ်ဆယ့်နှစ်နာရီ ရှိသည်မဟုတ်လော။ လူသည် နေ့အချိန်၌သာ သွားလာလျှင်၊ နေရောင်အလင်းကို မြင်ရသောကြောင့် ထိမိ၍ မလဲတတ်။-