Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 10:20

Judson Bible

လူ​များ​တို့​က၊ သူ​သည် နတ်​ဆိုး​စွဲ၍​အ​ရူး​ဖြစ်၏။ သူ့​စ​ကား​ကို အ​ဘယ်​ကြောင့်​နား​ထောင်​သ​နည်း​ဟု ဆို​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

မ​တ​ရား​စွာ စီ​ရင်​ခြင်း​အား​ဖြင့် သူ့​ကို​ထုတ်​သွား​ကြ၏။ အ​သက်​ရှင်​သော သူ​တို့၏​နေ​ရာ​မှ သူ့​ကို သုတ်​သင်​ပယ်​ရှင်း​သည်​ဖြစ်၍၊ သူ၏​အ​မျိုး​အ​နွယ်​ကို အ​ဘယ်​သူ ပြ​ညွှန်​မည်​နည်း။ ငါ၏​လူ​မျိုး​အ​ပြစ်​ကြောင့် ဒဏ်​ခတ်​တော်​မူ​ခြင်း​ကို ခံ​လေ၏။

သင်​သည် ဗိ​မာန်​တော်၌ လူ​စောင့်​ကို​ခန့်​ထား​သ​ဖြင့်၊ ပ​ရော​ဖက်​လုပ်​သော​အ​ရူး​ရှိ​သ​မျှ​ကို ထောင်​ထဲ​မှာ​လှောင်၍ ထိတ်​ခတ်​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​သည် ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ၏​ကိုယ်​စား သင့်​ကို ယဇ်​ပု​ရော​ဟိတ်​အ​ရာ၌ ခန့်​ထား​တော်​မူ၏။

တ​ပည့်​သည် ဆ​ရာ​ကဲ့​သို့​လည်း​ကောင်း၊ ကျွန်​သည်​သ​ခင်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လျှင် သင့်​လောက်​ပေ၏။ အိမ်​ရှင်​ကို ဗေ​လ​ဇေ​ဗု​လ​ဟု ခေါ်​ဝေါ်​ကြ​လျှင်၊ အိမ်​သူ​အိမ်​သား​တို့​ကို သာ၍ ခေါ်​ဝေါ်​ကြ​လိမ့်​မည်။-

အ​ကြောင်း​မူ​ကား၊ ယော​ဟန်​သည် မ​စား​မ​သောက်​ဘဲ လာ​သည်​ရှိ​သော်၊ သူ​တို့​က ဤ​သူ​သည် နတ်​ဆိုး​စွဲ​သော​သူ ပါ​တ​ကား​ဟု ဆို​ကြ၏။-

ဖာ​ရိ​ရှဲ​တို့​က​လည်း၊ နတ်​ဆိုး​အ​ကြီး​ကို အ​မှီ​ပြု၍ နတ်​ဆိုး​တို့​ကို နှင်​ထုတ်​သည်​ဟု ပြော​ဆို​ကြ၏။-

ကိုယ်​တော်၏ အ​ဆွေ​အ​မျိုး​တို့​သည်​ကြား​လျှင်၊ သူ​သည် အ​ရူး​ဖြစ်၏​ဟု​ဆို၍ ကိုယ်​တော်​ကို ဖမ်း​ဆီး​ခြင်း​ငှာ ထွက်​သွား​ကြ၏။-

လူ​အ​စု​အ​ဝေး​က​လည်း၊ သင်​သည် နတ်​ဆိုး​စွဲ​သော​သူ​ဖြစ်၏။ သင့်​ကို သတ်​အံ့​သော​ငှာ အ​ဘယ်​သူ​ရှာ​ကြံ​သ​နည်း​ဟု ဆို​ကြ၏။-

ယု​ဒ​လူ​တို့​က​လည်း၊ သင်၌​နတ်​ဆိုး​စွဲ​သည်​ကို ယ​ခု​ငါ​တို့​သိ​ကြ၏။ အာ​ဗြ​ဟံ​မှ​စ၍ ပ​ရော​ဖက်​တို့​သည် သေ​လွန်​ကြ​ပြီ။ သင်​မူ​ကား၊ ငါ့​စ​ကား​ကို နား​ထောင်​သော​သူ​သည် သေ​ခြင်း​နှင့် အ​စဉ်​မ​ပြတ်​ကင်း​လွတ်​လိမ့်​မည်​ဟု ဆို​ပါ​သည်​တ​ကား။-

ထို​သို့​ပေါ​လု​သည် အ​ပြစ်​ဖြေ​ရာ​စ​ကား​ကို လျှောက်​သော​အ​ခါ၊ ဖေ​တ္တု​မင်း​က၊ ပေါ​လု၊ သင်​သည် သူ​ရူး​ဖြစ်၏။ သိ​ပ္ပံ​အ​တတ်​များ​ကို​သင်၍ သူ​ရူး​အ​ဖြစ်​သို့​ရောက်​ခဲ့​ပြီ​ဟု ကြီး​သော အ​သံ​နှင့်​ဆို၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ