Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 10:18

Judson Bible

ငါ့​အ​သက်​ကို အ​ဘယ်​သူ​မျှ မ​လု​မ​ယူ။ ကိုယ်​အ​လို​အ​လျောက် ငါ​စွန့်၏။ ကိုယ်​အ​သက်​ကို စွန့်​ရ​သော​အ​ခွင့်​နှင့် နောက်​တစ်​ဖန် ကိုယ်​အ​သက်​ကို ယူ​ပြန်​ရ​သော​အ​ခွင့်​သည် ငါ၌​ရှိ၏။ ထို​အ​ခွင့်​ကို ခ​မည်း​တော်​သည် ပေး​တော်​မူ​ပြီ​ဟု မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် ကောင်း​သော​သိုး​ထိန်း​လည်း​ဖြစ်၏။ ကောင်း​သော​သိုး​ထိန်း​သည် သိုး​တို့​အ​ဖို့​အ​လို​ငှာ မိ​မိ​အ​သက်​ကို စွန့်​တတ်၏။-

ငါ​သည် ကိုယ်​အ​သက်​ကို သိုး​တို့​အ​ဖို့​အ​လို​ငှာ စွန့်၏။-

ငါ​သည် ကိုယ်​အ​သက်​ကို​စွန့်၍ နောက်​တစ်​ဖန် ယူ​ဦး​မည်​ဖြစ်​သော​ကြောင့်၊ ငါ့​ခ​မည်း​တော်​သည် ငါ့​ကို ချစ်​တော်​မူ၏။-

ငါ​သည် ခ​မည်း​တော်​ကို ချစ်​သည်​ကို​လည်း​ကောင်း၊ ခ​မည်း​တော်​မှာ​တော်​မူ​သည်​အ​တိုင်း ငါ​ပြု​သည်​ကို​လည်း​ကောင်း၊ လော​ကီ​သား​တို့ သိ​မည်​အ​ကြောင်း​တည်း။ ဤ​အ​ရပ်​မှ ထ၍​သွား​ကြ​ကုန်​အံ့။

ငါ​သည် ငါ့​ခ​မည်း​တော်၏​ပ​ညတ်​တို့​ကို စောင့်​ရှောက်၍ ခ​မည်း​တော်၏​မေ​တ္တာ၌ တည်​နေ​သ​ကဲ့​သို့၊ သင်​တို့​သည် ငါ့​ပ​ညတ်​တို့​ကို စောင့်​ရှောက်​လျှင်၊ ငါ့​မေ​တ္တာ၌ တည်​နေ​ကြ​လိမ့်​မည်။-

အ​ထက်​အ​ရပ်​မှ အ​ခွင့်​ကို​မ​ရ​လျှင် မင်း​ကြီး​သည် ငါ့​ကို​အ​ဘယ်​သို့​မျှ​မ​ပြု​ပိုင်။ ထို​ကြောင့်​ငါ့​ကို မင်း​ကြီး​လက်​သို့ အပ်​နှံ​သော​သူ​သည် သာ၍ ကြီး​သော​အ​ပြစ်​ရှိ​သည်​ဟု မိန့်​တော်​မူ၏။-

အ​ကြောင်း​မူ​ကား၊ ခ​မည်း​တော်​သည် ကိုယ်၌ အ​သက်​ရှိ​တော်​မူ​သည်​နည်း​တူ၊ သား​တော်​သည် မိ​မိ၌ အ​သက်​ရှိ​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။-

ငါ​သည် ကိုယ်​အ​လို​အ​လျောက် အ​ဘယ်​အ​မှု​ကို​မျှ မ​ပြု​နိုင်။ ငါ​သည် ကြား​သည်​အ​တိုင်း တ​ရား​စီ​ရင်၏၊ ငါ​စီ​ရင်​ခြင်း​သည်​လည်း တ​ရား​တော်​နှင့် ညီ​ညွတ်၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ကိုယ်​အ​လို​သို့​မ​လိုက်၊ ငါ့​ကို စေ​လွှတ်​တော်​မူ​သော ခ​မည်း​တော်၏​အ​လို​သို့ လိုက်၏။

အ​ကြောင်း​မူ​ကား၊ ငါ​သည် ကိုယ်​အ​လို​သို့​လိုက်​ခြင်း​ငှာ ကောင်း​ကင်​မှ​ဆင်း​သက်​သည်​မ​ဟုတ်။ ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ၏ အ​လို​တော်​သို့​လိုက်​ခြင်း​ငှာ ဆင်း​သက်၏။-

ထို​သူ​ကို သေ​ခြင်း​ဝေ​ဒ​နာ​သည် အ​စဉ်​ချည်​နှောင်​ချုပ်​ကိုင်၍ မ​ဖြစ်​နိုင်​သည်​နှင့်၊ ထို​ဝေ​ဒ​နာ​ကို ဘု​ရား​သ​ခင်​သည် ချွတ်​ပယ်၍ ထ​မြောက်​စေ​တော်​မူ​ပြီ။-

ထို​ယေ​ရှု​ကို ဘု​ရား​သ​ခင် ထ​မြောက်​စေ​တော်​မူ​သည်​ကို ငါ​တို့​ရှိ​သ​မျှ​သည် သက်​သေ​ခံ​ဖြစ်​ကြ၏။-

အ​သက်​ရှင်​ခြင်း​သို့ ပို့​ဆောင်​တော်​မူ​သော​အ​ရှင်​ကို ကွပ်​မျက်​ကြ​ပြီ​တ​ကား၊ ထို​အ​ရှင်​ကို ဘု​ရား​သ​ခင်​သည် သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သည်​ကို ငါ​တို့​သည် သက်​သေ​ခံ​ဖြစ်​ကြ၏။-

ထို​သ​ခင်​ယေ​ရှု​ခ​ရစ်​သည် ခပ်​သိမ်း​သော​ဒု​စ​ရိုက်​မှ ငါ​တို့​ကို ရွေး​နုတ်​ခြင်း​ငှာ​လည်း​ကောင်း၊ ကောင်း​သော အ​ကျင့်​ဘက်၌ စိတ်​အား​ကြီး၍၊ ပိုင်​ထိုက်​တော်​မူ​သော အ​မျိုး​ကို မိ​မိ​အ​ဖို့ စင်​ကြယ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကိုယ်​ကို​ကိုယ် စွန့်​ကြဲ​တော်​မူ​ပြီ။-

ယေ​ရှု​သည် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​အား​ဖြင့် လူ​အ​ပေါင်း​တို့​အ​တွက်​ကြောင့် အ​သေ​ခံ​ရ​သော အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ၊ ကောင်း​ကင်​တ​မန်​တို့​အောက်၌ အ​နည်း​ငယ်​နှိမ့်​ပြီး​မှ၊ အ​သေ​ခံ​ရ​သော​ကြောင့် ခေါင်း​တော်၌ ဘုန်း​အ​သ​ရေ ပတ်​ရစ်​လျက်​ရှိ​သည်​ကို ငါ​တို့​မြင်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ