Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 10:12

Judson Bible

သိုး​များ​ကို​ပိုင်​သော သိုး​ထိန်း​မ​ဟုတ်၊ သူ​ငှား​ဖြစ်​သော​သူ​မူ​ကား၊ တော​ခွေး​လာ​သည်​ကို​မြင်​လျှင်၊ သိုး​တို့​ကို ပစ်​ထား၍ ထွက်​ပြေး​တတ်၏။ တော​ခွေး​သည်​လည်း၊ သိုး​တို့​ကို လု​ယက်၍ ကွဲ​လွင့်​စေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

တော​ခွေး​စု​ထဲ​သို့ သိုး​တို့​ကို စေ​လွှတ်​သ​ကဲ့​သို့ သင်​တို့​ကို ငါ​စေ​လွှတ်၏။ ထို​ကြောင့် သင်​တို့​သည် မြွေ​ကဲ့​သို့ လိ​မ္မာ​လျက်၊ ချိုး​ငှက်​ကဲ့​သို့ အ​ဆိပ်​ကင်း​လျက် ရှိ​ကြ​လော့။-

အ​တွင်း၌ ကြမ်း​တမ်း​သော တော​ခွေး​ဖြစ်​လျက် သိုး​ရေ​ကို​ခြုံ၍ သင်​တို့​ရှိ​ရာ​သို့​လာ​သော မိ​စ္ဆာ​ပ​ရော​ဖက်​တို့​ကို သ​တိ​နှင့် ရှောင်​ကြ​လော့။-

သူ​ငှား​သည် သူ​ငှား​ဖြစ်၍ သိုး​တို့၏​အ​ကျိုး​ကို မ​မှတ်​သော​ကြောင့် ထွက်​ပြေး​တတ်၏။-

သိုး​ထိန်း​မူ​ကား၊ တံ​ခါး​ဝ​ဖြင့်​ဝင်​တတ်၏။-

ထို​သူ​အား တံ​ခါး​စောင့်​လည်း​ဖွင့်​တတ်၏။ သူ၏​စ​ကား​သံ​ကို သိုး​တို့​သည် နား​ထောင်​တတ်​ကြ၏။ သူ​သည် မိ​မိ​သိုး​တို့​ကို နာ​မည်​ဖြင့်​ခေါ်၍ ပြင်​သို့ ထုတ်​ဆောင်​တတ်၏။-

အ​ကြောင်း​မူ​ကား၊ ငါ​မ​ရှိ​သည်​နောက်၊ ကြမ်း​တမ်း​သော တော​ခွေး​တို့​သည် သိုး​များ​ကို မ​သ​နား​ဘဲ သင်​တို့​အ​ထဲ​သို့​ဝင်​မည်​ကို​လည်း​ကောင်း၊-

စ​ပျစ်​ရည်​နှင့်​ပျော်​မွေ့​ခြင်း၊ သူ​တစ်​ပါး​ကို​ရိုက်​ပုတ်​ခြင်း၊ မ​စင်​ကြယ်​သော​စီး​ပွား​ကို တပ်​မက်​ခြင်း​မ​ရှိ၊ စိတ်​ဖြည်း​ညင်း​သော​သူ၊ ရန်​မ​တွေ့​တတ်​သော​သူ၊ ငွေ​ကို မ​တပ်​မက်​သော​သူ​ဖြစ်​ရ​မည်။-

ထို​နည်း​တူ၊ သင်း​ထောက်​တို့​သည် တည်​ကြည်​သော​သူ ဖြစ်​ရ​ကြ​မည်။ လျှာ​နှစ်​ခွ​နှင့်​ပြော​သော​သူ၊ စ​ပျစ်​ရည်​ကို သောက်​ကြူး​သော​သူ၊ မ​စင်​ကြယ်​သော စီး​ပွား​ကို တပ်​မက်​သော​သူ မ​ဖြစ်​ရ​ကြ။-

အ​ကြောင်း​မူ​ကား၊ သင်း​အုပ်​သည် ဘု​ရား​သ​ခင်၏ ဘ​ဏ္ဍာ​စိုး​ကဲ့​သို့၊ အ​ပြစ်​တင်​ခွင့်​နှင့် ကင်း​လွတ်​သော​သူ ဖြစ်​ရ​မည်။ ကိုယ်​အ​လို​သို့ လိုက်​တတ်​သော​သူ၊ စိတ်​တို​သော​သူ၊ စပျစ်ရည်နှင့်ပျော်မွေ့သောသူ၊ သူ​တစ်​ပါး​ကို ရိုက်​ပုတ်​သော​သူ၊ မ​စင်​ကြယ်​သော​စီး​ပွား​ကို တပ်​မက်​သော​သူ မ​ဖြစ်​ရ​ဘဲ၊-

သင်​တို့​နှင့်​အ​တူ​ရှိ​သော ဘု​ရား​သ​ခင်၏ သိုး​တော်​စု​ကို ထိန်း​ခြင်း​အ​မှု​မှာ၊ အ​နိုင်​ထိန်း​ရ​သော​ကြောင့် မ​ဟုတ်၊ မ​စင်​ကြယ်​သော​စီး​ပွား​ကို တပ်​မက်​သော​ကြောင့် မ​ဟုတ်​ဘဲ၊ အ​လို​လို​စေ​တ​နာ​စိတ်​ရှိ၍ ကြည့်​ရှု​အုပ်​ထိန်း​ကြ​လော့။-

သူ​တို့​သည် လော​ဘ​လွန်​ကျူး​လျက် ချော့​မော့​သော​စ​ကား​နှင့် သင်​တို့​ကို ကုန်​သွယ်​ကြ​လိမ့်​မည်။ သူ​တို့​အ​ပြစ်​စီ​ရင်​ခြင်း​သည် ရှေး​ကာ​လ​မှ​စ၍ မ​ဖင့်​မ​နွှဲ၊ သူ​တို့​ဖျက်​ဆီး​ခြင်း​သည်​လည်း အိပ်၍​မ​ပျော်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ