Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 1:17

Judson Bible

အ​ကြောင်း​မူ​ကား၊ ပ​ညတ်​တ​ရား​တော်​ကို မော​ရှေ​လက်​တွင် ပေး​တော်​မူ၏။ ကျေး​ဇူး​တ​ရား​နှင့် သ​စ္စာ​တ​ရား​မူ​ကား ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဖြစ်​သ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

37 ပူးပေါင်းရင်းမြစ်များ  

သင်၏​အ​မျိုး​အ​နွယ်​အား​ဖြင့်၊ လူ​မျိုး​ပေါင်း​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​ရ​ကြ​လိမ့်​မည်​ဟု ငါ၏​စ​ကား​ကို​သင်​နား​ထောင်​သော​ကြောင့်၊ ငါ​သည်​ကိုယ်​ကို ကိုယ်​တိုင်​တည်၍​ကျိန်​ဆို၏​ဟု ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​လေ၏။

သင်​နှင့် မိန်း​မ​ကို​လည်း​ကောင်း၊ သင်၏​အ​မျိုး​အ​နွယ်​နှင့် မိန်း​မ၏​အ​မျိုး​အ​နွယ်​ကို​လည်း​ကောင်း၊ ငါ​သည်​ရန်​ငြိုး​ဖွဲ့​စေ​မည်။ သူ​သည် သင်၏​ခေါင်း​ကို ကြိတ်​လိမ့်​မည်၊ သင်​သည် သူ၏​ဖ​နောင့်​ကို ကြိတ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

က​ရု​ဏာ​နှင့်​သ​စ္စာ ဆုံ​မိ​ပြီ။ တ​ရား​နှင့် ချမ်း​သာ​သည် တစ်​ပါး​ကို​တစ်​ပါး နမ်း​ကြ​ပြီ။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ က​ရု​ဏာ​တော်​နှင့် သ​စ္စာ​တော်​ကို အောက်​မေ့​တော်​မူ​ပြီ။ ငါ​တို့​ဘု​ရား​သ​ခင်၏ ကယ်​တင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို မြေ​ကြီး​စွန်း​အ​ပေါင်း​တို့​သည် မြင်​ရ​ကြ​ပြီ။

ရှေး​ကာ​လ​မှ​စ၍ ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သည်​အ​တိုင်း၊ ယာ​ကုပ်၌ သ​စ္စာ​စောင့်​ခြင်း၊ အာ​ဗြ​ဟံ​အား က​ရု​ဏာ​ကျေး​ဇူး​ပြု​ခြင်း​ကို စီ​ရင်​တော်​မူ​လိမ့်​မည်။ ပ​ရော​ဖက်​မိ​က္ခာ စီ​ရင်​ရေး​ထား​သော အ​နာ​ဂ​တ္တိ​ကျမ်း​ပြီး၏။

နှုတ်​က​ပတ်​တော်​သည်​လည်း လူ​ဇာ​တိ​အ​ဖြစ်​ကို​ခံ​ယူ၍၊ ကျေး​ဇူး​တော်​နှင့်​လည်း​ကောင်း၊ သ​စ္စာ​တော်​နှင့်​လည်း​ကောင်း ပြည့်​စုံ​လျက် ငါ​တို့​တွင် တည်​နေ​တော်​မူ​သည်​ဖြစ်၍၊ ခ​မည်း​တော်၌ တစ်​ပါး​တည်း​သော​သား​တော်၏ ဘုန်း​ကဲ့​သို့ သူ၏​ဘုန်း​တော်​ကို ငါ​တို့​သည် မြင်​ရ​ကြ​ပြီ။-

ယေ​ရှု​က၊ ငါ​သည် လမ်း​ခ​ရီး​ဖြစ်၏။ သ​မ္မာ​တ​ရား​လည်း​ဖြစ်၏။ အ​သက်​လည်း​ဖြစ်၏။ ငါ့​ကို အ​မှီ​မ​ပြု​လျှင် အ​ဘယ်​သူ​မျှ ခ​မည်း​တော်​ထံ​သို့​မ​ရောက်​ရ။-

ပိ​လတ်​မင်း​က​လည်း၊ သို့​ဖြစ်​လျှင် သင်​သည် ရှင်​ဘု​ရင်​မှန်​သ​လော​ဟု မေး​သော်၊ ယေ​ရှု​က၊ မင်း​ကြီး​မေး​သည်​အ​တိုင်း ငါ​သည်​ရှင်​ဘု​ရင်​မှန်၏။ သ​မ္မာ​တ​ရား​ဘက်၌ သက်​သေ​ခံ​ခြင်း​ငှာ ငါ​သည်​မွေး​ဖွား​ခြင်း​ကို​ခံ၍ ဤ​လော​က​သို့​ကြွ​လာ​ပြီ။ သ​မ္မာ​တ​ရား​နှင့်​စပ်​ဆိုင်​သ​မျှ​သော သူ​တို့​သည် ငါ့​စ​ကား​ကို​နား​ထောင်​ကြ​သည်​ဟု မိန့်​တော်​မူ၏။-

ခ​မည်း​တော်​ရှေ့၌ ငါ​သည် သင်​တို့​ကို​အ​ပြစ်​တင်​မည်​ဟု မ​ထင်​ကြ​နှင့်။ သင်​တို့​ကို အ​ပြစ်​တင်​သော​သူ တစ်​ပါး​ရှိ​သေး၏။ ထို​သူ​ကား သင်​တို့​ကိုး​စား​သော မော​ရှေ​ပေ​တည်း။-

မော​ရှေ​သည် ပ​ညတ်​တ​ရား​ကို သင်​တို့​အား ပေး​သည်​မ​ဟုတ်​လော။ ထို​တ​ရား​ကို သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​မျှ​မ​ကျင့်။ ငါ့​ကို​သတ်​အံ့​သော​ငှာ အ​ဘယ်​ကြောင့် ရှာ​ကြံ​ကြ​သ​နည်း​ဟု မိန့်​တော်​မူ၏။-

သ​မ္မာ​တ​ရား​ကို​လည်း သိ​ကြ​သ​ဖြင့်၊ ထို​တ​ရား​သည် သင်​တို့​ကို လွှတ်​လိမ့်​မည်​ဟု၊ ယုံ​ကြည်​သော ယု​ဒ​လူ​တို့​အား မိန့်​တော်​မူ၏။-

ဘု​ရား​သ​ခင်​သည် မော​ရှေ၌ ဗျာ​ဒိတ်​ထား​တော်​မူ​ကြောင်း​ကို ငါ​တို့​သိ​ကြ၏။ ထို​သူ​သည် အ​ဘယ်​က ဖြစ်​သည်​ကို မ​သိ​ဟု​ကဲ့​ရဲ့၍ ပြော​ဆို​ကြ​လျှင်၊-

နေ့​ရက်​ကို​ချိန်း​ချက်၍ လူ​များ​တို့​သည် ပေါ​လု​တည်း​ခို​ရာ​အ​ရပ်​သို့ လာ​ကြ​သည်​ရှိ​သော်၊ ပေါ​လု​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​အ​ကြောင်း​ကို သက်​သေ​ခံ​သ​ဖြင့်​လည်း​ကောင်း၊ ထို​သူ​တို့​သည် ယေ​ရှု၏​အ​ကြောင်း​များ​ကို ယုံ​ကြည်​စေ​ခြင်း​ငှာ၊ မော​ရှေ၏​ပ​ည​တ္တိ​ကျမ်း​နှင့် အ​နာ​ဂ​တ္တိ​ကျမ်း​တို့​ကို အ​မှီ​ပြု၍ ဖြား​ယောင်း​သွေး​ဆောင်​သ​ဖြင့်​လည်း​ကောင်း၊ နံ​နက်​အ​ချိန်​မှ​စ၍ ည​အ​ချိန်​တိုင်​အောင် ထုတ်​ဖော် ဟော​ပြော​လေ၏။

ထို​သူ​သည် တော​တွင်​ရှိ​သော အ​စည်း​အ​ဝေး၌​လည်း​ကောင်း၊ သိ​နာ​တောင်​ပေါ်​မှာ သူ့​ကို​နှုတ်​ဆက်​သော ကောင်း​ကင်​တ​မန်​နှင့်​လည်း​ကောင်း၊ ငါ​တို့​အ​ဘ​များ​နှင့်​လည်း​ကောင်း ရှိ၏။ ထို​သူ​သည် ငါ​တို့​အား အပ်​ပေး​ခြင်း​ငှာ အ​သက်​ရှင်​စေ​သော ဗျာ​ဒိတ်​တော်​ကို ခံ​လေ၏။-

ကိုယ်​အင်္ဂါ​များ​ကို​လည်း သု​စ​ရိုက်​လက်​နက် ဖြစ်​စေ၍၊ ဘု​ရား​သ​ခင်​အား ဆက်​ကြ​လော့။ သင်​တို့​သည် ပ​ညတ်​တ​ရား​လက်၌​မ​ရှိ၊ ကျေး​ဇူး​တ​ရား​လက်၌​ရှိ​သော​ကြောင့် အ​ပြစ်​တ​ရား​သည် သင်​တို့​ကို မ​အုပ်​စိုး​ရ။

ထို​သ​ခင်​မှာ ဘု​ရား​သ​ခင်၏ က​တိ​တော်​ရှိ​သ​မျှ​တို့​သည် ငါ​တို့​အား​ဖြင့် ဘုန်း​အ​သ​ရေ​တော်​ကို ထင်​ရှား​စေ​ခြင်း​အ​လို​ငှာ၊ ဟုတ်​မှန်၏ ဟူ၍​လည်း​ကောင်း၊ အာ​မင်​ဟူ၍ လည်း​ကောင်း​ဖြစ်​သ​တည်း။-

ငါ​ဆို​သည်​ကား၊ ခ​ရစ်​တော်​ကို​ရည်​မှတ်၍ ဘု​ရား​သ​ခင် တည်​စေ​တော်​မူ​နှင့်​သော ပ​ဋိ​ညာဉ်​တ​ရား​ကို အ​နှစ်​လေး​ရာ​သုံး​ဆယ်​လွန်​ပြီး​မှ နောက်​ဖြစ်​သော ပ​ညတ်​တ​ရား​သည် မ​ပယ်​နိုင်။ က​တိ​တော်​ကို အ​ချည်း​နှီး​မ​ဖြစ်​စေ​နိုင်။-

ယာ​ကုပ်​အ​မျိုး ပ​ရိ​သတ်​အ​မွေ​ခံ​ရ​သော​ဓ​မ္မ​တ​ရား​ကို မော​ရှေ​သည် ငါ​တို့​အား​ထား၏။

ဤ​ရွေ့​ကား၊ မော​ရှေ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌​ထား​သော​တ​ရား၊

တစ်​ဖန် မော​ရှေ​သည် ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​ကို​ခေါ်၍၊ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ယ​နေ့ သင်​တို့​အား​ငါ​ဟော​ပြော​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို သင်​တို့​သည် သွန်​သင်၍​ကျင့်​ခြင်း​ငှာ သ​တိ​ပြု​မည်​အ​ကြောင်း နား​ထောင်​ကြ​လော့။

ပ​ညတ်​တ​ရား​အ​တိုင်း ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ကုန်​မ​တတ် အ​သွေး​အား​ဖြင့် စင်​ကြယ်​စေ​တတ်၏။ အ​သွေး​မ​သွန်း​လောင်း​ဘဲ အ​ပြစ်​လွှတ်​ခြင်း​မ​ရှိ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ