Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်ယောဟန် 1:10

Judson Bible

ထို​သူ​သည် ဤ​လော​က၌​ရှိ​တော်​မူ​ပြီ။ ဤ​လော​က​ကို​လည်း ဖန်​ဆင်း​တော်​မူ​ပြီ။ သို့​သော်​လည်း ဤ​လော​က​သည် ထို​သူ​ကို​မ​သိ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

ထို​သို့​မိန့်​မြွက်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို၊ အာ​တော​ဧ​လ​ရော ဟူ​သော​အ​မည်​ဖြင့်​ခေါ်​ဝေါ်၍၊ ငါ့​ကို​မြင်​တော်​မူ​သော​သူ​ကို ဤ​အ​ရပ်၌​ပင် ငါ​ဖူး​မြင်​ရ​သည်​တ​ကား​ဟု ဟာ​ဂ​ရ​ဆို​လေ၏။

ထို​နောက်၊ အာ​ဗြံ​သည် အ​သက်​ကိုး​ဆယ်​ကိုး​နှစ်​ရှိ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြံ​အား​ထင်​ရှား​တော်​မူ၍၊ ငါ​သည် အ​န​န္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ဖြစ်၏။ ငါ့​ရှေ့​မှာ​သွား​လာ၍ စုံ​လင်​ခြင်း​ရှိ​လော့။

ထာ​ဝ​ရ​ဘု​ရား​သည်၊ အာ​ဗြ​ဟံ​နှင့် နှုတ်​ဆက်​ခြင်း​အ​မှု​ကုန်​စင်​ပြီး​မှ၊ ကြွ​သွား​တော်​မူ၏။ အာ​ဗြံ​ဟံ​သည်​လည်း မိ​မိ​နေ​ရာ​အ​ရပ်​သို့ ပြန်​လေ၏။

မ​ထီ​မဲ့​မြင်​ပြု​ခြင်းကိုခံ၍၊ လူ​တို့​တွင်​အ​ယုတ်​ဆုံး​သော​သူ​ဖြစ်​၏။ ငြို​ငြင်​သော​သူ၊ နာ​ကြည်း​ခြင်း​ဝေ​ဒ​နာ​နှင့် ကျွမ်း​ဝင်​သော​သူ ဖြစ်၏။ သူ​တစ်​ပါး​မျက်​နှာ​လွှဲ​ခြင်း​ကို ခံ​ရ​သော​သူ​ကဲ့​သို့ ဖြစ်၏။ မ​ထီ​မဲ့​မြင်​ပြု​ခြင်း​ကို​ခံ​လျက်​ရှိ၍၊ ငါ​တို့​သည် မ​ရို​သေ​ကြ။

ငါ၏​ခ​မည်း​တော်​သည် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ငါ၌​အပ်​ပေး​တော်​မူ​ပြီ။ ခ​မည်း​တော်​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ သား​တော်​ကို​မ​သိ။ သား​တော်​နှင့် သား​တော်​သည် လင်း​စေ​လို​သော သူ​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ ခ​မည်း​တော်​ကို​မ​သိ။-

သူ​သည် မိ​မိ​ဒေ​သ​အ​ရပ်​သို့ ကြွ​လာ​သော်​လည်း၊ မိ​မိ​လူ​မျိုး​တို့​သည် သူ့​ကို​လက်​မ​ခံ​ဘဲ နေ​ကြ၏။-

ဘု​ရား​သ​ခင်​ကို အ​ဘယ်​သူ​မျှ မ​မြင်​စ​ဖူး​သော်​လည်း၊ ခ​မည်း​တော်၏​ရင်​ခွင်၌​ရှိ​သော တစ်​ပါး​တည်း​သော​သား​တော်​သည် ဘု​ရား​သ​ခင်​ကို ထင်​ရှား​စေ​တော်​မူ​ပြီ။

နှုတ်​က​ပတ်​တော်​သည် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ဖန်​ဆင်း​တော်​မူ၏။ ဖန်​ဆင်း​တော်​မူ​ခြင်း​နှင့် ကင်း​လွတ်​လျက်​ဖြစ်​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ။-

ထို​အ​လင်း​သည် မှောင်​မိုက်၌​လင်း၍ မှောင်​မိုက်​သည် မ​ခံ​မ​ယူ။

တ​ရား​တော်​မူ​သော​အ​ဘ၊ လော​ကီ​သား​တို့​သည် ကိုယ်​တော်​ကို​မ​သိ​သော်​လည်း အ​ကျွန်ုပ်​သိ​ပါ၏။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို စေ​လွှတ်​တော်​မူ​ကြောင်း​ကို ထို​သူ​တို့​သည် သိ​ကြ​ပါ၏။-

ယေ​ရှု​က​လည်း၊ ငါ့​ခ​မည်း​တော်​သည် ယ​ခု​တိုင်​အောင် အ​လုပ်​လုပ်​တော်​မူ​သည်​ဖြစ်၍၊ ငါ​သည်​လည်း လုပ်၏​ဟု ပြန်​ပြော​တော်​မူ၏။-

သို့​သော်​လည်း၊ သင်​တို့​အား ကျေး​ဇူး​ပြု​လျက်၊ အ​စာ​အာ​ဟာ​ရ​နှင့် ဝ​ပြော၍ ဝမ်း​မြောက်​စေ​ခြင်း​ငှာ၊ မိုး​ကောင်း​ကင်​မှ မိုး​ရွာ​စေ​တော်​မူ၍၊ အ​သီး​အ​နှံ​တို့​ကို သီး​စေ​တတ်​သော ဥ​တု​ကို​ပေး​တော်​မူ​သော​အား​ဖြင့်၊ ကိုယ်​တော်​ရှိ​တော်​မူ​သည်​ကို သက်​သေ​မ​ခံ​ဘဲ နေ​တော်​မ​မူ​ဟု ပေါ​လု​နှင့် ဗာ​န​ဗ​သည် ကြွေး​ကြော်​လေ၏။-

အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်၏ ပ​ညာ​တော်​စီ​ရင်​သည်​နှင့်​အ​ညီ၊ လော​ကီ​သား​တို့​သည် မိ​မိ​တို့​ပ​ညာ​အား​ဖြင့် ဘု​ရား​သ​ခင်​ကို မ​သိ​ဘဲ​နေ​ကြ​သော​အ​ခါ၊ ဘု​ရား​သ​ခင်​သည် ယုံ​ကြည်​သော​သူ​တို့​ကို ဒေ​သ​နာ​တော် မိုက်​မဲ​ခြင်း​အား​ဖြင့် ကယ်​တင်​ခြင်း​ငှာ စေ​တ​နာ​ရှိ​တော်​မူ၏။-

ထို​ပ​ညာ​ကို လော​ကီ​မင်း​တစ်​စုံ​တစ်​ယောက်​မျှ မ​သိ။ သိ​လျှင်၊ ဘုန်း​ကြီး​တော်​မူ​သော​သ​ခင်​ကို လက်​ဝါး​ကပ်​တိုင်​မှာ မ​ကွပ်​မျက်​ကြ​ပြီ။-

အ​ကြင်​ဘု​ရား​သ​ခင်​အ​ထဲ​က ခပ်​သိမ်း​သော အ​ရာ​ဖြစ်၍၊ အ​ကြင်​ဘု​ရား​သ​ခင်​အ​ဖို့ အ​လို​ငှာ ငါ​တို့​သည် ဖြစ်​ကြ၏။ ထို​ခ​မည်း​တော်​ဘု​ရား​သ​ခင် တစ်​ပါး​တည်း​သာ ငါ​တို့၌ ရှိ​တော်​မူ၏။ အ​ကြင်​သ​ခင်​အား​ဖြင့် ငါ​တို့​မှ​စ၍ ခပ်​သိမ်း​သော​အ​ရာ​ဖြစ်​ကြ၏။ ထို​သ​ခင်​ယေ​ရှု​ခ​ရစ်​တစ်​ပါး​တည်း​သာ ငါ​တို့၌​ရှိ​တော်​မူ၏။-

အ​ကြောင်း​မူ​ကား၊ ထို​သား​တော်​သည် ကောင်း​ကင်​ပေါ်၊ မြေ​ကြီး​ပေါ်​မှာ​ရှိ​သ​မျှ​သော ရူ​ပ​အ​ရာ၊ အ​ရူ​ပ​အ​ရာ၊ ရာ​ဇ​ပ​လ္လင်​ဖြစ်​စေ၊ အ​စိုး​ရ​ခြင်း​တန်​ခိုး​ဖြစ်​စေ၊ အ​ထွတ်​အ​မြတ်​ဖြစ်​စေ၊ အာ​ဏာ​စက်​ဖြစ်​စေ၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ဖန်​ဆင်း​တော်​မူ၏။ ထို​သ​ခင်​အား​ဖြင့်​လည်း​ကောင်း၊ ထို​သ​ခင်​အ​ဖို့ အ​လို​ငှာ​လည်း​ကောင်း၊ ခပ်​သိမ်း​သော​အ​ရာ​တို့​သည် ဖန်​ဆင်း​လျက်​ဖြစ်​ကြ၏။-

ယ​ခု​မြင်​ရ​သော​အ​ရာ​တို့​သည်၊ အ​ရင်​ထင်​ရှား​သော အ​ရာ​ထဲ​က မ​ဖြစ်​ဘဲ၊ လော​က​ဓာတ်​တို့​သည် ဘု​ရား​သ​ခင်၏ အ​မိန့်​တော်​ကြောင့်​သာ တည်​သည်​ကို ငါ​တို့​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့် သိ​ကြ၏။-

ဘု​ရား​သ​ခင်၏ သား​တော်​ဟု ခေါ်​ဝေါ်​ခြင်း​အ​ခွင့်​ကို ငါ​တို့​သည်​ရ​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို အ​ဘယ်​မျှ​လောက် ချစ်​တော်​မူ​သည်​ကို ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ လော​ကီ​သား​တို့​သည် ဘု​ရား​သ​ခင်​ကို မ​သိ​သော​ကြောင့်၊ ငါ​တို့​ကို​လည်း မ​သိ​ကြ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ