Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်မာကု 8:6

Judson Bible

ထို​အ​ခါ လူ​အ​စု​အ​ဝေး​ကို မြေ​ပေါ်​မှာ​လျောင်း​ကြ​စေ​ဟု အ​မိန့်​တော်​ရှိ၏။ မုန့်​ခု​နစ်​လုံး​ကို​လည်း ယူ၍ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍ လူ​များ​တို့​ရှေ့၌ ထည့်​စေ​ခြင်း​ငှာ တ​ပည့်​တော်​တို့​အား ပေး​တော်​မူ​သည်​အ​တိုင်း သူ​တို့​သည် ထည့်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ စား​လျက်​နေ​ကြ​စဉ်​တွင်၊ ယေ​ရှု​သည် မုန့်​ကို​ယူ၍ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍၊ ဤ​မုန့်​ကား ငါ၏​ကိုယ်​ဖြစ်၏။ ယူ၍​စား​ကြ​လော့​ဟု မိန့်​တော်​မူ​လျက်၊ တ​ပည့်​တော်​တို့​အား ပေး​တော်​မူ၏။-

မုန့်​ခု​နစ်​လုံး​ကို လူ​လေး​ထောင်​အား ငါ​ဖဲ့​သော​အ​ခါ အ​ကျိုး​အ​ပဲ့ ဘယ်​နှစ်​တောင်း ကောက်​သိမ်း​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ ခု​နစ်​တောင်း ကောက်​သိမ်း​ပါ​သည်​ဟု လျှောက်​ကြ၏။-

ကိုယ်​တော်​က၊ သင်​တို့​တွင် မုန့်​ဘယ်​နှစ်​လုံး ရှိ​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ မုန့်​ခု​နစ်​လုံး​ရှိ​ပါ​သည်​ဟု လျှောက်​ကြ၏။-

အ​နည်း​ငယ်​မျှ​သော ငါး​ကောင်​က​လေး​လည်း ရှိ​သည်​ဖြစ်၍၊ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ လူ​များ​ရှေ့၌ ထည့်​စေ​ခြင်း​ငှာ မိန့်​တော်​မူ၏။-

အ​ကြင်​ကျွန်​တို့​သည် စောင့်​လျက်​နေ​သည်​ကို သ​ခင်​သည်​ပြန်​လာ၍ တွေ့၏။ ထို​ကျွန်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ ငါ​အ​မှန်​ဆို​သည်​ကား၊ သ​ခင်​သည် ခါး​ပန်း​စည်း​လျက် ကျွန်​တို့​ကို စား​ပွဲ၌​လျောင်း​စေ​ပြီး​မှ၊ ကိုယ်​တိုင်​လာ၍ သူ​တို့​အား လုပ်​ကျွေး​လိမ့်​မည်။-

စား​ပွဲ၌ သူ​တို့​နှင့်​အ​တူ လျောင်း​တော်​မူ​စဉ်၊ မုန့်​ကို​ယူ၍ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ပြီး​မှ မုန့်​ကို​ဖဲ့၍ သူ​တို့​အား ပေး​တော်​မူ​သည်​တွင်၊-

မယ်​တော်​က​လည်း၊ သူ​စေ​ခိုင်း​သ​မျှ​တို့​ကို ပြု​ကြ​လော့​ဟု အ​စေ​ခံ​တို့​အား​ဆို​လေ၏။-

အ​ထက်​က​သ​ခင်​ဘု​ရား​သည် ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​မှ၊ လူ​များ​သည် မုန့်​ကို​စား​ကြ​ရာ​အ​ရပ်​နှင့် အ​နီး၊ တိ​ဗေ​ရိ​မြို့​မှ အ​ခြား​သော​လှေ​ငယ်​များ​လာ​သော်​လည်း၊ မ​နေ့၌ တ​ပည့်​တော်​တို့​ဝင်​သော လှေ​မှ​တစ်​ပါး အ​ဘယ်​လှေ​မျှ မ​ရှိ​သည်​ကို​လည်း​ကောင်း၊ ယေ​ရှု​သည် ထို​လှေ​ထဲ​သို့ တ​ပည့်​တော်​တို့ နှင့်​အ​တူ ဝင်​တော်​မ​မူ​ဘဲ​လျက်၊ တ​ပည့်​တော်​တို့​သာ သွား​သည်​ကို​လည်း​ကောင်း မြင်​ကြ၍၊-

နေ့​ရက်​ကို​စောင့်​သော​သူ​သည် သ​ခင်​ဘု​ရား​ကို ထောက်၍ စောင့်၏။ နေ့​ရက်​ကို မ​စောင့်​သော​သူ​သည်​လည်း၊ သ​ခင်​ဘု​ရား​ကို ထောက်၍ မ​စောင့်​ဘဲ​နေ၏။ စား​သော​သူ​သည် သ​ခင်​ဘု​ရား​ကို ထောက်​သော​စိတ်​နှင့် စား၍ ကျေး​ဇူး​တော်​ရှိ​သည်​ဟု ဝန်​ခံ၏။ မ​စား​သော​သူ​သည်​လည်း၊ သ​ခင်​ဘု​ရား​ကို ထောက်​သော​စိတ်​နှင့် မ​စား​ဘဲ​နေ၍၊ ကျေး​ဇူး​တော်​ရှိ​သည်​ဟု ဝန်​ခံ၏။-

စ​ကား​ပြော​သော်​လည်း​ကောင်း၊ အ​မှု​ဆောင်​ရွက်​သော်​လည်း​ကောင်း၊ သ​ခင်​ယေ​ရှု၏ နာ​မ​တော်​ကို​ထောက်၍ ခပ်​သိမ်း​သော​အ​မှု​တို့​ကို ပြု​မူ​လျက်၊ ကျေး​ဇူး​တော်​ကြီး​လှ​ပါ၏​ဟု ထို​သ​ခင်​ကို အ​မှီ​ပြု၍ ခ​မည်း​တော်​ဘု​ရား​သ​ခင့်​ရှေ့၌ ဝန်​ခံ​ကြ​လော့။

ဆ​ရာ​သည် မြင့်​သော​အ​ရပ်၌ ယဇ်​သား​ကို​စား​အံ့​သော​ငှာ မ​တက်​မီ သင်​တို့​သည် မြို့​ထဲ​သို့​ဝင်​လျှင် ချက်​ချင်း​တွေ့​လိမ့်​မည်။ သူ​မ​ရောက်​မီ လူ​များ​တို့​သည် မ​စား​တတ်​ကြ။ သူ​သည် ယဇ်​ပွဲ၌ ဘု​ရား​ဝတ်​ကို ပြု​တတ်၏။ ဝတ်​ပြု​ပြီး​မှ ခေါ်​ဖိတ်​သော သူ​တို့​သည် စား​တတ်​ကြ၏။ ယ​ခု​မှာ သွား​လျှင် တွေ့​ကြ​လိမ့်​မည်​ဟု ပြန်​ပြော​သည်​နှင့်​အ​ညီ၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ