Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်မာကု 7:9

Judson Bible

သင်​တို့​သည် အ​ဆက်​ဆက်​ခံ​သော နည်း​ဥ​ပ​ဒေ​သ​ကို ကျင့်​ရ​သော​အ​ခွင့် ရှိ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​ကို လျောက်​ပတ်​စွာ ပယ်​ကြ​သည်​တ​ကား။-

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

အို ထာ​ဝ​ရ​ဘု​ရား၊ စီ​ရင်​တော်​မူ​ချိန် ရောက်​ပါ​ပြီ။ သူ​တစ်​ပါး​များ​တို့​သည် တ​ရား​တော်​ကို ပယ်​ကြ​ပါ၏။

ပြည်​သား​တို့​သည် တ​ရား​တော်​ကို လွန်​ကျူး​ခြင်း၊ အ​မိန့်​တော်​ကို​ပြောင်း​လဲ​ခြင်း၊ ထာ​ဝ​ရ​သ​စ္စာ​တော်​ကို ဖျက်​ခြင်း​အ​ကြောင်း​ကြောင့်၊ ပြည်​တော်​သည် ညစ်​ညူး​ခြင်း​ရှိ၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဤ​လူ​မျိုး​သည် နှုတ်​နှင့် ငါ့​ထံ​သို့ ချဉ်း​ကပ်၍၊ နှုတ်​ခမ်း​နှင့် ငါ့​ကို​ရို​သေ​ကြ၏။ စိတ်​နှ​လုံး​မူ​ကား ငါ​နှင့် ဝေး​လှ၏။ လူ​တို့​စီ​ရင်​သော ပ​ညတ်​တို့​ကို အ​မှီ​ပြု၍ ငါ့​ကို​ကြောက်​ရွံ့​ကြ၏။

ရှင်​ဘု​ရင်​တစ်​ပါး​သည် မိ​မိ​အ​လို​အ​လျောက်​ပြု၍၊ ဘု​ရား​အ​ပေါင်း​တို့​ထက် ကိုယ်​ကို​ကိုယ် ချီး​ပင့်​မြှောက်​စား​လျက်၊ ဘု​ရား​တို့၏​ဘု​ရား​ကို ဆန့်​ကျင်​ဘက်​ပြု၍ အံ့​ဖွယ်​သော​စ​ကား​ကို ပြော​လိမ့်​မည်။ ဒေါ​သ​အ​မျက် စေ့​စုံ​သည် ကာ​လ​တိုင်​အောင် ကောင်း​စား​လိမ့်​မည်။ စီ​ရင်​ဆုံး​ဖြတ်​သ​မျှ​အ​တိုင်း ဖြစ်​ရ​လိမ့်​မည်။

အ​မြင့်​ဆုံး​သော​ဘု​ရား​ကို ဆန့်​ကျင်​ဘက်​ပြု၍၊ ကြီး​စွာ​သော စ​ကား​ကို ပြော​လိမ့်​မည်။ အ​မြင့်​ဆုံး​သော​ဘု​ရား၏ သန့်​ရှင်း​သူ​တို့​ကို ညှဉ်း​ဆဲ​နှိပ်​စက်​လိမ့်​မည်။ ကာ​လ​အ​ချိန်​နှင့် ပ​ညတ်​တ​ရား​တို့​ကို ပြောင်း​လဲ​စေ​ခြင်း​ငှာ ကြံ​စည်​လိမ့်​မည်။ တစ်​ကာ​လ၊ နှစ်​ကာ​လ၊ ကာ​လ​တစ်​ဝက်​ပတ်​လုံး သူ​သည် အ​ခွင့်​ရ​လိမ့်​မည်။

မိ​မိ​တို့ အ​ဆက်​ဆက်​ခံ​သော နည်း​ဥ​ပ​ဒေ​သ​အား​ဖြင့် ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တော်​ကို ပယ်​ကြ၏။ ထို​သို့​သော အ​ကျင့်​အ​လေ့​များ​တို့​ကို သင်​တို့​သည် ကျင့်​လေ့​ရှိ​ကြ​သည်​ဟု မိန့်​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ ရှေး​လူ​ဟောင်း​တို့​မှ ဆက်​ဆံ​သော နည်း​ဥ​ပ​ဒေ​သ​ကို​ခံ​ယူ​သော ဖာ​ရိ​ရှဲ​မှ​စ၍ ယု​ဒ​လူ​အ​ပေါင်း​တို့​သည် လက်​ဆုပ်​မ​ဆေး​ဘဲ အ​စာ​ကို စား​လေ့​မ​ရှိ။-

ထို​အ​ခါ ဖာ​ရိ​ရှဲ​တို့​နှင့် ကျမ်း​ပြု​ဆ​ရာ​တို့​က၊ ရှေး​လူ​ဟောင်း​တို့​မှ ဆက်​ခံ​သော နည်း​ဥ​ပ​ဒေ​သ​ကို ကိုယ်​တော်၏ တ​ပည့်​တို့​သည် မ​ကျင့်​ဘဲ​လျက် အ​ဘယ်​ကြောင့် ညစ်​ညူး​သော​လက်​နှင့် အ​စာ​စား​ကြ​ပါ​သ​နည်း​ဟု မေး​လျှောက်​ကြ​လျှင်၊ ကိုယ်​တော်​က၊ ကျမ်း​စာ​လာ​သည်​အ​တိုင်း၊-

သို့​ဖြစ်​လျှင်၊ ယုံ​ကြည်​ခြင်း​အား​ဖြင့် ငါ​တို့​သည် ပ​ညတ်​တ​ရား​ကို ပယ်​ကြ​သ​လော။ အ​လျှင်း​မ​ပယ်၊ သာ၍ တည်​စေ​ကြ၏။

သင်​တို့​ရှိ​ရာ​သို့ ရောက်​လာ​သော​သူ​သည် ငါ​တို့ မ​ဟော​မ​ပြော​သေး​သော ယေ​ရှု​တစ်​ပါး​ကို ဟော​ပြော​သော်​လည်း​ကောင်း၊ သင်​တို့​သည် မ​ခံ​ရ​သေး​သော ဝိ​ညာဉ်​တော်​တစ်​ပါး​ကို ခံ​ရ​သော်​လည်း​ကောင်း၊ နား​မ​ထောင်​သေး​သော ဧ​ဝံ​ဂေ​လိ​တ​ရား​စ​ကား​ကို နား​ထောင်​သော်​လည်း​ကောင်း၊ ထို​သူ​ကို သည်း​ခံ​ကောင်း၏။

ဘိုး​ဘေး​တို့၏​လက်​မှ ငါ​ခံ​ရ​သော နည်း​ဥ​ပ​ဒေ​သ​ဘက်၌ အ​ထူး​သ​ဖြင့် စိတ်​အား​သန်​လျက်၊ ငါ၏ လူ​မျိုး​ထဲ​တွင် ငါ့​ရွယ်​တူ​ချင်း​အ​များ​တို့​ထက် ယု​ဒ​ဘာ​သာ​ကို ကျင်​လည်​လေ့​ကျက်​ကြောင်း​ကို​လည်း​ကောင်း သင်​တို့​ကြား​သိ ကြ​ရ​ပြီ။-

ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ငါ​မ​ပယ်။ ပ​ညတ်​တ​ရား​ကို အ​မှီ​ပြု၍ ဖြောင့်​မတ်​ရာ​သို့ ရောက်​နိုင်​လျှင် ခ​ရစ်​တော်​သည် အ​ချည်း​နှီး အ​သေ​ခံ​တော်​မူ​ပြီ။

ထို​သူ​သည် ဘု​ရား​သ​ခင်​ဟူ၍​လည်း​ကောင်း၊ ဘု​ရား​ဟူ၍​လည်း​ကောင်း၊ ခေါ်​ဝေါ်​သ​မျှ​သော​အ​ရာ​တို့​ကို ရန်​ဘက်​ပြု၍၊ ကိုယ်​ကို ကိုယ်​ချီး​မြှောက်​သော​အား​ဖြင့်၊ ဘု​ရား​သ​ခင်၏ ဗိ​မာန်​တော်၌ ဘု​ရား​သ​ခင်​ကဲ့​သို့ ထိုင်၍၊ ဘု​ရား​သ​ခင် ဖြစ်​ယောင်​ဆောင်​လျက် ကိုယ်​ကို​ပြ​သော​သူ ဖြစ်​သ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ