Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်မာကု 7:7

Judson Bible

လူ​တို့​စီ​ရင်​သော ပ​ညတ်​တို့​ကို သွန်​သင်၍ နည်း​ဥ​ပ​ဒေ​ပေး​လျက်​ပင်၊ ငါ့​ကို အ​ချည်း​နှီး ကိုး​ကွယ်​ကြ၏​ဟု၊ နောက်​ဖြစ်​လ​တ္တံ့​သော​အ​ရာ​ကို လျောက်​ပတ်​စွာ ဟော​ခဲ့​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဤ​လူ​မျိုး​သည် နှုတ်​နှင့် ငါ့​ထံ​သို့ ချဉ်း​ကပ်၍၊ နှုတ်​ခမ်း​နှင့် ငါ့​ကို​ရို​သေ​ကြ၏။ စိတ်​နှ​လုံး​မူ​ကား ငါ​နှင့် ဝေး​လှ၏။ လူ​တို့​စီ​ရင်​သော ပ​ညတ်​တို့​ကို အ​မှီ​ပြု၍ ငါ့​ကို​ကြောက်​ရွံ့​ကြ၏။

ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​ကို​ဆောင်​ရွက်​သော်​လည်း အ​ကျိုး​မ​ရှိ။ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက်​ကို စောင့်၍၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ ညှိုး​ငယ်​စွာ​ကျင့်​ကြံ​ပြု​မူ​ခြင်း​အား​ဖြင့် အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း။

နောက်​ဖြစ်​လ​တ္တံ့​သော​အ​ရာ​ကို လျောက်​ပတ်​စွာ ဟော​ခဲ့​ပြီ​ဟု ပြန်၍​မိန့်​တော်​မူ၏။-

သင်​တို့​သည် ဆု​တောင်း​သော​အ​ခါ သာ​သ​နာ​ပ​လူ​နည်း​တူ အ​ချည်း​နှီး​သော​စ​ကား​ဖြင့် အ​ထပ်​ထပ် မ​မြွက်​ကြ​နှင့်။ ထို​သူ​တို့​သည် များ​စွာ​သော​စ​ကား​အား​ဖြင့် မိ​မိ​တို့​အ​လို ပြည့်​စုံ​မည်​ဟု ထင်​မှတ်​ကြ၏။-

ခ​ရစ်​တော်​သည် ထ​မြောက်​တော်​မ​မူ​လျှင်၊ ငါ​တို့ ဟော​ပြော​ခြင်း၌ အ​ကျိုး​မ​ရှိ။ သင်​တို့​ယုံ​ကြည်​ခြင်း၌​လည်း အ​ကျိုး​မ​ရှိ။-

ထို​ကြောင့် ငါ​ချစ်​သော​ညီ​အစ်​ကို​တို့၊ သင်​တို့​သည် သ​ခင်​ဘု​ရား၏​အ​မှု​တော်​ကို ဆောင်​ရွက်၍ အ​ကျိုး​ကြီး​သည်​ကို သိ​မှတ်​သ​ဖြင့် တည်​ကြည်​သော​စိတ်​နှင့် ပြည့်​စုံ၍၊ မ​ရွေ့​လျော့ မ​တိမ်း​ယိမ်း​ဘဲ​လျက်၊ သ​ခင်​ဘု​ရား၏ အ​မှု​တော်​ကို ကြိုး​စား​အား​ထုတ်​ကြ​လော့။

ငါ​မှာ​ထား​သ​မျှ​တို့​ကို ကျင့်​အံ့​သော​ငှာ စောင့်​ရှောက်​လော့။ ထပ်၍ မ​ပို​ရ၊ နုတ်၍ မ​လျော့​စေ​ရ။

လူ​တို့၏ ပ​ညတ်​ဩ​ဝါ​ဒ​အ​တိုင်း စောင့်​ရှောက်​သော ထို​ပ​ညတ်​ရှိ​သ​မျှ​တို့​သည် ပုပ်​ပျက်​စေ​ခြင်း​အ​ကြောင်း ဖြစ်​ကြ၏။-

မိုက်​မဲ​သော ပု​စ္ဆာ​အ​မေး​တို့​ကို​လည်း​ကောင်း၊ ဆွေ​စဉ်​မျိုး​ဆက် စာ​ရင်း​တို့​ကို​လည်း​ကောင်း၊ ပ​ညတ်​တ​ရား​ကြောင့် ရန်​တွေ့​ခြင်း၊ တိုက်​လှန်​ခြင်း​တို့​ကို​လည်း​ကောင်း ရှောင်​လော့။ အ​ကြောင်း​မူ​ကား၊ ထို​အ​ရာ​တို့​သည် အ​ကျိုး​မ​ရှိ၊ အ​ချည်း​နှီး သက်​သက်​ဖြစ်​ကြ၏။-

သင်​တို့​တွင် အ​ကြင်​သူ​သည် သီ​လ​ဆောက်​တည် ဟန်​ပြု​သော်​လည်း၊ မိ​မိ​နှုတ်​ကို မ​ချုပ်​တည်း၊ မိ​မိ​နှ​လုံး​ကို လှည့်​ဖြား၏။ ထို​သူ၏ သီ​လ​သည် အ​ချည်း​နှီး​သက်​သက် ဖြစ်၏။-

လျှပ်​ပေါ်​သော​လူ၊ အ​ကျင့်​နှင့်​ကင်း​သော ယုံ​ကြည်​ခြင်း​သည် အ​သေ​ဖြစ်​သည်​ကို သိ​ချင်​သ​လော။-

ဤ​စာ​စောင်၏​အ​နာ​ဂ​တ္တိ​စ​ကား​ကို ကြား​သော​သူ​အ​ပေါင်း​တို့​အား ငါ​သက်​သေ​ခံ​သည်​ကား၊ အ​ကြင်​သူ​သည် ဤ​အ​ရာ​တို့၌​ထပ်၍ အ​သစ်​သွင်း၏။ ဤ​စာ​စောင်၌​ရေး​ထား​သော​ဘေး​ဒဏ်​တို့​ကို ထို​သူ​အ​ပေါ်​သို့ ဘု​ရား​သ​ခင်​သက်​ရောက်​စေ​တော်​မူ​မည်။-

ကျေး​ဇူး​မ​ပြု မ​ကယ်​တင်​နိုင်၊ အ​ချည်း​နှီး​ဖြစ်​သော အ​ရာ​တို့​နောက်​သို့ လမ်း​လွှဲ၍ မ​လိုက်​ကြ​နှင့်။ ထို​သို့​သော​အ​ရာ​သည် အ​ချည်း​နှီး​သက်​သက်​ဖြစ်၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ