မကျန်းမမာသောသူအချို့တို့ အပေါ်မှာ လက်တော်ကိုတင်၍ အနာကိုငြိမ်းစေခြင်းမှတစ်ပါး အဘယ်တန်ခိုးတော်ကိုမျှ ထိုအရပ်၌ ပြတော်မမူနိုင်။-
ဘေးလွတ်ခြင်းငှာ ထိုမြို့သို့အလျင်အမြန်ပြေးလော့။ ထိုမြို့သို့မရောက်မီ ငါသည်အဘယ်အမှုကိုမျှ မပြုနိုင်ဟုဆိုလေ၏။ ထိုကြောင့် ထိုမြို့ကို ဇောရမြို့ဟုသမုတ်ကြ၏။
ထိုသူသည် မိမိမနိုင်မှန်းကိုသိလျှင်၊ ယာကုပ်ပေါင်ခြံကိုထိုး၍၊ လုံးထွေးစဉ်တွင် ပေါင်ဆစ်ပြုတ်လေ၏။
မြို့သားများတို့သည် မယုံကြည်ကြသောကြောင့်၊ ထိုအရပ်၌ များစွာသောတန်ခိုးကို ပြတော်မမူ။-
သို့သော်လည်း ကိုယ်တော်သည်ကြွ၍ သူ့ကို ကယ်တင်ခြင်းငှာ သူ၏အပေါ်၌ လက်ကိုတင်တော်မူလျှင် အသက်ရှင်ပါလိမ့်မည်ဟု များစွာတောင်းပန်၏။-
ယေရှုကလည်း၊ သင်သည် ယုံကြည်နိုင်သလော။ ယုံကြည်သောသူဖြစ်လျှင် ခပ်သိမ်းသောအမှုတို့ကို တတ်နိုင်သည်ဟု မိန့်တော်မူ၏။-
ပုဗလိမင်း၏အဘသည် ဖျားနာနှင့် ဝမ်းကျသွေးသွန်နာစွဲ၍၊ တုံးလုံးနေသည်ကို ပေါလုဝင်၍ ဆုတောင်းပြီးမှ၊ သူ့အပေါ်၌ လက်တင်၍ အနာကိုငြိမ်းစေ၏။-
ငါတို့သည် ဝမ်းမြောက်စရာသတင်းကို ထိုသူတို့ကဲ့သို့ ကြားရကြပြီ။ သို့ရာတွင် သူတို့ကြားရသော တရားစကားသည်၊ ကြားရသောသူတို့အထဲ၌ ယုံကြည်ခြင်းနှင့် မရောနှောသောကြောင့် အကျိုးကိုမပေး။-