Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်မာကု 5:29

Judson Bible

ထို​ခ​ဏ​ချင်း​တွင် အ​သွေး​စု​ဝေး​ရာ ခန်း​ခြ‌ောက်​သည်​ဖြစ်၍၊ ထို​ရော​ဂါ​နှိပ်​စက်​ခြင်း​နှင့် ကင်း​လွတ်​ပြီ​ဟု မိ​မိ​ကိုယ်၌​သိ​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ပြည်​တော်၌ အ​စာ​အာ​ဟာ​ရ​ခေါင်း​ပါး​သော်​လည်း​ကောင်း၊ လေ​ထိ၍ အ​ပင်​သေ​သော်​လည်း​ကောင်း၊ အ​ရည်​ယို၍ သေ​သော်​လည်း​ကောင်း၊ အ​ရာ​ဘ​ကျိုင်း၊ ခါ​သိ​လ​ကျိုင်း ကိုက်​စား​သော်​လည်း​ကောင်း၊ ရန်​သူ​တိုက်​လာ၍ မြို့​ကို ဝိုင်း​ထား​သော်​လည်း​ကောင်း၊ ဘေး​ဥ​ပဒ်၊ အ​နာ​ရော​ဂါ​တစ်​စုံ​တစ်​ခု ရောက်​သော​အ​ခါ၊

သင်၏​အ​ပြစ်​အ​လုံး​စုံ​တို့​ကို​ဖြေ​လွှတ်၍၊ သင်၏​အ​နာ​ရော​ဂါ​ရှိ​သ​မျှ​တို့​ကို​လည်း ပျောက်​စေ​တော်​မူ၏။

နှုတ်​က​ပတ်​တော်​ကို​လွှတ်​သ​ဖြင့်၊ သူ​တို့​အ​နာ​ကို ငြိမ်း​စေ၍၊ ဖျက်​ဆီး​ခြင်း​အ​ရာ​များ​ထဲ​က နုတ်​ယူ​တော်​မူ၏။

စိတ်​ကြေ​မွ​သော​သူ​တို့​ကို နှစ်​သိမ့်​စေ၍၊ သူ​တို့၏​အ​နာ​ကို ကု​တော်​မူ၏။

အို​အ​ကျွန်ုပ်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို​အော်​ဟစ်၍၊ ကိုယ်​တော်​သည် ချမ်း​သာ​ပေး​တော်​မူ၏။

သင်​တို့​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​ကို စေ့​စေ့​နား​ထောင်​၍ နှစ်​သက်​တော်​မူ​သော​အ​ကျင့်​ကို ကျင့်​လျှင်​လည်း​ကောင်း၊ ပ​ညတ်​တ​ရား​တော်​အ​လို​သို့​လိုက်၍ စီ​ရင်​တော်​မူ​ချက်​တို့​ကို စောင့်​ရှောက်​လျှင်​လည်း​ကောင်း၊ ငါ​သည် အဲ​ဂု​တ္တု​လူ​တို့၌​စွဲ​စေ​သော ရော​ဂါ​တစ်​စုံ​တစ်​ခု​ကို​မျှ သင်​တို့၌​မ​စွဲ​စေ။ ငါ​သည် သင်​တို့​၏​ရော​ဂါ​ကို​ငြိမ်း​စေ​သော ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သည်​ဟု မိန့်​တော်​မူ​၏။

ယဇ်​ပု​ရော​ဟိတ်​သည် အ​ကြည့်​အ​ရှု​လာ​သော​အ​ခါ၊ အိမ်​ကို​အ​သစ်​မွမ်း​မံ​ပြီး​မှ အ​နာ​မ​တိုး​ပွား​လျှင်၊ အ​နာ​ပျောက်​သော​ကြောင့် ထို​အိမ်​သည်​စင်​ကြယ်၏​ဟု စီ​ရင်​ရ​မည်။

ယောက်ျား​သည် ဥ​တု​ရောက်​လျက်​ရှိ​သော​မိန်း​မ​နှင့် သင့်​နေ​လျှင်၊ ထို​သူ​တို့​သည် သ​ဘော​တူ၍ သွေး​သွန်​အ​နာ​ကို​ထင်​ရှား​စေ​သော​ကြောင့်၊ သူ​တို့​အ​မျိုး​မှ ပယ်​ရှင်း​ခြင်း​ကို​ခံ​ရ​ကြ​မည်။

ထို​အ​ခါ တစ်​ဆယ်​နှစ်​နှစ်​ပတ်​လုံး သွေး​သွန်​အ​နာ​စွဲ​သော မိန်း​မ​တစ်​ယောက်​က၊-

အ​ကြောင်း​မူ​ကား၊ လူ​များ​တို့​အား ချမ်း​သာ​ပေး​တော်​မူ​သော​ကြောင့်၊ ရော​ဂါ​ဝေ​ဒ​နာ နှိပ်​စက်​သော​သူ ရှိ​သ​မျှ​တို့​သည် ကိုယ်​တော်​ကို တို့​ခြင်း​ငှာ တွန်း​ကြ၏။-

ငါ​သည် အ​ဝတ်​တော်​ကို​သာ​တို့​လျှင် ချမ်း​သာ​ရ​မည်​ဟု ဆို​သည်​နှင့်၊ လူ​အ​စု​အ​ဝေး​ထဲ၌ နောက်​တော်​သို့ လာ၍ အ​ဝတ်​တော်​ကို တို့​လေ၏။-

ကိုယ်​တော်​က​လည်း၊ ငါ့​သ​မီး၊ သင်၏​ယုံ​ကြည်​ခြင်း​သည် သင့်​အ​နာ​ကို ငြိမ်း​စေ​ပြီ။ ငြိမ်​ဝပ်​စွာ သွား​လော့။ ရော​ဂါ​နှိပ်​စက်​ခြင်း​နှင့် ကင်း​လွတ်​စေ​ဟု မိန့်​တော်​မူ၏။

ထို​အ​ချိန်​နာ​ရီ၌ ယေ​ရှု​သည် လူ​များ​တို့​ကို အ​နာ​ရော​ဂါ​ဝေ​ဒ​နာ​ဘေး၊ နတ်​ဆိုး​ဘေး​နှင့် ကင်း​လွတ်​စေ​တော်​မူ၏။ မျက်​စိ​ကန်း​သော သူ​များ​တို့​ကို​လည်း မျက်​စိ​မြင်​စေ​ခြင်း​ငှာ ကျေး​ဇူး​ပြု​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ