Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်မာကု 4:12

Judson Bible

ပြင်၌​ရှိ​သော ထို​သူ​တို့​မူ​ကား၊ မြင်​လျက်​ပင် အာ​ရုံ​မ​ပြု​ဘဲ​မြင်၍၊ ကြား​လျက်​ပင် အ​နက်​ကို နား​မ​လည်​ဘဲ ကြား​သ​ဖြင့်၊ သူ​တို့​အ​ကျင့် မ​ပြောင်း​လဲ၊ အ​ပြစ်​မ​လွှတ်​ရ​သည်​တိုင်​အောင် သူ​တို့​အား ဟော​သ​မျှ​ကို ဥ​ပ​မာ​အား​ဖြင့် ဟော​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

18 ပူးပေါင်းရင်းမြစ်များ  

မျက်​စိ​ရှိ​လျက်​ပင် မျက်​စိ​ကန်း​သော​သူ​နှင့်၊ နား​ရှိ​လျက်​ပင် နား​ပင်း​သော​သူ​တို့​ကို ဆောင်​ခဲ့​လော့။

ထို​သို့​သော​သူ​သည် ပ​ညာ​မ​ရှိ။ ဉာဏ်​မ​ရှိ။ မ​မြင်​နိုင်​အောင် မျက်​စိ​ကို​လည်း​ကောင်း၊ နား​မ​လည်​နိုင်​အောင် စိတ်​နှ​လုံး​ကို​လည်း​ကောင်း ပိတ်၏။

ယု​ဒ​အ​မျိုး​တို့၌​ပြု​မည်​ဟု ငါ​ကြံ​စည်​သ​မျှ​သော ဘေး​ဥ​ပဒ်​တို့​ကို သူ​တို့​သည် ကြား​သော​အ​ခါ၊ သူ​တို့ ဒု​စ​ရိုက်​အ​ပြစ်​ကို ငါ​လွှတ်​မည်​အ​ကြောင်း၊ အ​သီး​အ​သီး​လိုက်​ဖူး​သော အ​ဓ​မ္မ​လမ်း​တို့​ကို ရှောင်​ကောင်း ရှောင်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

အို မျက်​စိ​ရှိ​လျက်​နှင့် မ​မြင်၊ နား​ရှိ​လျက်​နှင့် မ​ကြား၊ ဉာဏ်​မဲ့​သော​လူ​မိုက်​တို့၊ နား​ထောင်​ကြ​လော့။

အ​ချင်း​လူ​သား၊ သင်​သည် ပုန်​ကန်​တတ်​သော အ​မျိုး​ထဲ​မှာ​နေ၏။ သူ​တို့​သည် မြင်​ရ​သော မျက်​စိ​ရှိ​သော်​လည်း မ​မြင်​တတ်။ ကြား​ရ​သော နား​ရှိ​သော်​လည်း မ​ကြား​တတ်။ ပုန်​ကန်​တတ်​သော အ​မျိုး​ဖြစ်​ကြ၏။

မျက်​စိ​ရှိ​လျက်​ပင် မ​မြင်၊ နား​ရှိ​လျက်​ပင် မ​ကြား၊ စိတ်​မ​အောက်​မေ့​ဘဲ နေ​ကြ​သ​လော။-

ကိုယ်​တော်​က၊ သင်​တို့​သည် ဘု​ရား​သ​ခင့်​နိုင်​ငံ​တော်၏ နက်​နဲ​သော​အ​ရာ​တို့​ကို သိ​ရ​သော​အ​ခွင့် ရှိ​ကြ၏။ ကြွင်း​သော​သူ​တို့​မူ​ကား၊ မြင်​လျက်​ပင် အာ​ရုံ​မ​ပြု​ဘဲ​မြင်၍၊ ကြား​လျက်​ပင်​အ​နက်​ကို နား​မ​လည်​ဘဲ ကြား​ရ​သည်​တိုင်​အောင် သူ​တို့​အား ဥ​ပ​မာ​အား​ဖြင့် ဟော​ရ၏။

ထို​ကြောင့် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ ချမ်း​ဧ​သော​အ​ချိန်​ကာ​လ​သည် ရောက်​လာ၍၊-

သို့​သော်​လည်း နား​လည်​နိုင်​သော​နှ​လုံး၊ မြင်​နိုင်​သော​မျက်​စိ၊ ကြား​နိုင်​သော​နား​တို့​ကို ယ​နေ့​တိုင်​အောင် ထာ​ဝ​ရ​ဘု​ရား​သည် ပေး​တော်​မ​မူ​သေး။

ဆီး​တား​ငြင်း​ခုံ​သော​သူ​တို့​ကို နူး​ညံ့​သိမ်​မွေ့​စွာ ဆုံး​မ​ရ​မည်။ သ​မ္မာ​တ​ရား​ကို ဝန်​ခံ​ခြင်း​အ​လို​ငှာ၊ နောင်​တ​ကို ဘု​ရား​သ​ခင် ပေး​ကောင်း​ပေး​တော်​မူ၍၊-

ရွေ့​လျော့​ဖောက်​ပြန်​သော​သူ​တို့​သည်၊ မိ​မိ​တို့​တွင် ဘု​ရား​သ​ခင်၏​သား​တော်​ကို လက်​ဝါး​ကပ်​တိုင်​မှာ ကွပ်​မျက်၍ အ​သ​ရေ​တော်​ကို ရှုတ်​ချ​သော​သူ​ဖြစ်​သော​ကြောင့်၊ နောက်​တစ်​ဖန် နောင်​တ​ရ​အံ့​သော​ငှာ အ​သစ်​ပြု​ပြင်​ခြင်း​သို့ မ​ရောက်​နိုင်​ကြ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ