ကိုယ်တော်၏ အဆွေအမျိုးတို့သည်ကြားလျှင်၊ သူသည် အရူးဖြစ်၏ဟုဆို၍ ကိုယ်တော်ကို ဖမ်းဆီးခြင်းငှာ ထွက်သွားကြ၏။-
ထိုအခါ ယေဟုသည် မိမိသခင်၏ကျွန်တို့ရှိရာသို့ ထွက်၍၊ တစ်ယောက်က၊ ရှိသမျှကောင်းသလော။ ထိုအရူးသည် အဘယ်ကြောင့် လာသနည်းဟု မေးလျှင်၊ ယေဟုက၊ သင်တို့သည် ထိုသူကိုလည်းကောင်း၊ သူပြောသော စကားကိုလည်းကောင်း သိကြ၏ဟုဆိုသော်၊
သင်သည် ဗိမာန်တော်၌ လူစောင့်ကိုခန့်ထားသဖြင့်၊ ပရောဖက်လုပ်သောအရူးရှိသမျှကို ထောင်ထဲမှာလှောင်၍ ထိတ်ခတ်စေခြင်းငှာ၊ ထာဝရဘုရားသည် ယဇ်ပုရောဟိတ်ယောယဒ၏ကိုယ်စား သင့်ကို ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားတော်မူ၏။
စစ်ကြောရသော အချိန်ရောက်လေပြီ။ အပြစ်ပေးရသောအချိန် ရောက်လေပြီ။ ဣသရေလအမျိုး သိရလိမ့်မည်။ ပရောဖက်သည် အမိုက်ဖြစ်၏။ ဝိညာဉ်ဆုကျေးဇူးကိုခံသောသူသည် အရူးဖြစ်၏။ သင်၌ အပြစ်ကြီးသည်အတိုင်း ကြီးစွာသော ဖျက်ဆီးခြင်းကို ခံရ၏။
ထိုအခါ မယ်တော်နှင့် ညီတော်တို့သည် လာ၍ ပြင်မှာရပ်နေလျက်၊ တစ်စုံတစ်ယောက်သောသူကို ကိုယ်တော်ထံသို့ စေလွှတ်၍ ခေါ်ကြ၏။-
လူများတို့က၊ သူသည် နတ်ဆိုးစွဲ၍အရူးဖြစ်၏။ သူ့စကားကို အဘယ်ကြောင့်နားထောင်သနည်းဟု ဆိုကြ၏။-
ထိုသို့ပေါလုသည် အပြစ်ဖြေရာစကားကို လျှောက်သောအခါ၊ ဖေတ္တုမင်းက၊ ပေါလု၊ သင်သည် သူရူးဖြစ်၏။ သိပ္ပံအတတ်များကိုသင်၍ သူရူးအဖြစ်သို့ရောက်ခဲ့ပြီဟု ကြီးသော အသံနှင့်ဆို၏။-
ငါတို့သည် သူရူးဖြစ်လျှင် ဘုရားသခင်အဖို့ ဖြစ်ကြ၏။ စိတ်ကောင်းသောသူဖြစ်လျှင် သင်တို့အဖို့ ဖြစ်ကြ၏။-