လက်ခြေသေသောသူအား အဘယ်စကားကို သာ၍ ပြောလွယ်သနည်း။ သင်၏အပြစ်ကိုလွတ်စေပြီဟု ပြောလွယ်သလော။ သင်ထလော့။ ကိုယ်အိပ်ရာကိုဆောင်၍ လှမ်းသွားလော့ဟု ပြောလွယ်သလော။-
သတင်းတော်သည်လည်း ရှုရိပြည်၌ အနှံ့အပြား ကျော်စောသည်ဖြစ်၍ နတ်ဝင်သောသူ၊ ဝက်ရူးစွဲသောသူ၊ လက်ခြေသေသောသူမှစသော အထူးထူးအပြားပြားသော အနာရောဂါစွဲ၍ မကျန်းမမာသောသူ ရှိသမျှတို့ကို အထံတော်သို့ဆောင်ခဲ့ကြ၍၊ သူတို့၏အနာရောဂါကို ငြိမ်းစေတော်မူ၏။
လက်ခြေသေ၍ အိပ်ရာပေါ်မှာ တုံးလုံးနေသော သူတစ်ယောက်ကို အထံတော်သို့ ဆောင်ခဲ့ကြ၏။ ယေရှုသည် ထိုသူတို့၏ ယုံကြည်ခြင်းကိုမြင်လျှင် လက်ခြေသေသောသူအား၊ ငါ့သား၊ မစိုးရိမ်နှင့်။ သင်၏အပြစ်ကို လွတ်စေပြီဟု မိန့်တော်မူ၏။-
အဘယ်စကားကို သာ၍ ပြောလွယ်သနည်း။ သင်၏အပြစ်ကို လွတ်စေပြီဟု ပြောလွယ်သလော။ သင်ထ၍ လှမ်းသွားလော့ဟု ပြောလွယ်သလော။-
လူသားသည် မြေကြီးပေါ်မှာ အပြစ်လွှတ်ပိုင်သည်ကို သင်တို့သိစေခြင်းငှာ ထလော့။-
သူတို့စိတ်ထဲမှာ ထိုသို့ ထင်မှတ်ခြင်းရှိသည်ကို ယေရှုသည် မိမိဉာဏ်အားဖြင့် ချက်ချင်းသိတော်မူလျှင်၊ သင်တို့ စိတ်ထဲမှာ အဘယ်ကြောင့် ဤသို့ ထင်မှတ်ကြသနည်း။-
ထိုမိန်းမအားလည်း၊ သင်သည် အပြစ်တို့နှင့် လွတ်လေပြီဟု မိန့်တော်မူ၏။-