Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်မာကု 2:2

Judson Bible

တံ​ခါး​ပြင်​နား​မှာ နေ​စ​ရာ​မ​ရှိ​နိုင်​အောင် လူ​များ​တို့​သည် အ​လျင်​အ​မြန် စု​ဝေး​ကြ​သည်​ဖြစ်၍ သူ​တို့​အား တ​ရား​ဟော​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

ဖြောင့်​မတ်​ခြင်း​တ​ရား​ကို ပ​ရိသတ်​ကြီး​အ​လယ်​မှာ အ​ကျွန်ုပ်​ဟော​ပါ​ပြီ။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ကိုယ်​နှုတ်​ကို​ပိတ်၍ မ​နေ​ကြောင်း​ကို ကိုယ်​တော်​သိ​တော်​မူ၏။

ထို​အ​ခါ နှုတ်​တော်​ကို​ဖွင့်၍ တ​ပည့်​တော်​တို့​အား ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ​သည်​မှာ၊-

ယော​ဟန်​သည် ထောင်​ထဲ​သို့​ရောက်​သည်​နောက်၊ ယေ​ရှု​သည် ဂါ​လိ​လဲ​ပြည်​သို့ ကြွ​တော်​မူ​လျှင်၊-

တစ်​မြို့​လုံး​သည် တံ​ခါး​နား​မှာ စု​ဝေး​လျက်​ရှိ​ကြ၏။-

ကိုယ်​တော်​ကို​တွေ့​လျှင် လူ​အ​ပေါင်း​တို့​သည် ကိုယ်​တော်​ကို ရှာ​ကြ​ပါ​သည်​ဟု လျှောက်​ဆို၏။-

ထို​သူ​သည် ထွက်​သွား၍ စ​ကား​များ​သော​အား​ဖြင့် ထို​အ​ကြောင်း​ကို အ​နှံ့​အ​ပြား ကျော်​စော​စေ၏။ ထို​ကြောင့် ကိုယ်​တော်​သည် နောက်​တစ်​ဖန် မြို့​ထဲ​သို့ ထင်​ရှား​စွာ​မ​ဝင်​ရ​ဘဲ၊ မြို့​ပြင်​တော​အ​ရပ်၌​သာ နေ​တော်​မူ၍ အ​ရပ်​ရပ်​တို့​မှ အ​ထံ​တော်​သို့ ရောက်​လာ​ကြ၏။

နောက်​တစ်​နေ့​သ၌ ကိုယ်​တော်​သည် က​ပေ​ရ​နောင်​မြို့​သို့ ဝင်​ပြန်၍ အိမ်၌​ရှိ​တော်​မူ​သည်​ကို ကြား​ကြ​လျှင်၊-

နောက်​တစ်​ဖန် အိုင်​နား​သို့ ကြွ​တော်​မူ၍၊ လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် အ​ထံ​တော်​သို့​လာ​ကြ​လျှင်၊ သူ​တို့​အား ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ၏။-

ယေ​ရှု​သည် ထွက်​ကြွ၍ လူ​များ​အ​ပေါင်း​တို့​ကို တွေ့​မြင်​တော်​မူ​လျှင်၊ ထို​သူ​တို့​သည် ထိန်း​သူ​မ​ရှိ၊ ပစ်​ထား​သော သိုး​ကဲ့​သို့ ဖြစ်​ကြ​သည်​ကို သ​နား​ခြင်း​စိတ်​တော်​ရှိ၍ များ​စွာ​သော ဆုံး​မ​ဩ​ဝါ​ဒ​ကို ပေး​တော်​မူ၏။

ထို​အ​ခါ အ​တိုင်း​မ​သိ​များ​စွာ​သော လူ​တို့​သည် စု​ဝေး၍ အ​ချင်း​ချင်း နင်း​မိ​မ​တတ်​နေ​ကြ​သည်​ရှိ​သော်၊ ယေ​ရှု​သည် တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ​သည်​ကား၊ လျှို့​ဝှက်​ခြင်း​တည်း​ဟူ​သော ဖာ​ရိ​ရှဲ​တို့၏ တ​ဆေး​ကို ရှေ့​ဦး​စွာ ကြဉ်​ရှောင်​ကြ​လော့။-

တစ်​နေ့​သ၌ ကိုယ်​တော်​သည် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ​စဉ် ယေ​ရု​ရှ​လင်​မြို့​မှ​စ​သော ယု​ဒ​ပြည်၊ ဂါ​လိ​လဲ​ပြည် မြို့​ရွာ​များ​တို့​က ရောက်​လာ​သော ဖာ​ရိ​ရှဲ​တို့​နှင့် နိဿ​ရည်း​ဆ​ရာ​တို့​သည် ထိုင်​လျက်​ရှိ​ကြ၏၊ အ​နာ​ရော​ဂါ ငြိမ်း​စေ​ခြင်း​ငှာ သ​ခင်​ဘု​ရား၏ တန်​ခိုး​တော်​သည် ထင်​ရှား၏။-

ထို​နောက်​မှ ကိုယ်​တော်​သည် မြို့​ရွာ​အ​စဉ်​အ​တိုင်း ဒေ​သ​စာ​ရီ​လှည့်​လည်၍ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော် နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​တော်​မူ၏။-

ထို​ဥ​ပ​မာ အ​နက်​အ​ဓိ​ပ္ပာယ်​ကား မျိုး​စေ့​သည် ဘု​ရား​သ​ခင်၏​တ​ရား​စ​ကား ဖြစ်၏။-

ထို​မှ​တစ်​ပါး၊ သ​တေ​ဖန်၏​အ​မှု​ကြောင့် ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ၍ အ​ရပ်​ရပ်​သို့ ကွဲ​ပြား​သော​သူ​တို့​သည် ဖိ​နိတ်၊ ကု​ပ​ရု၊ အ​န္တိ​အုတ်​မြို့​များ​သို့ တိုင်​အောင်​သွား၍၊ ယု​ဒ လူ​တို့​အား​သာ နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟော​ပြော​ကြ၏။-

ပေ​ရ​ဂေ​မြို့၌ နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟော​ပြော၍ အ​တ္တ​လိ​မြို့​သို့​သွား​ကြ​ပြန်၏။-

ဖြူ​ဂိ​ပြည်၊ ဂ​လာ​တိ​ပြည်​ကို လျှောက်​သွား​ပြီး​မှ အာ​ရှိ​ပြည်၌ နှုတ်​က​ပတ်​တ​ရား​တော်​ကို မ​ဟော​စေ​ခြင်း​ငှာ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​သည် မြစ်​တား​တော်​မူ​သ​ဖြင့်၊-

တ​မန်​တော်​တို့​သည် သက်​သေ​ခံ၍ သ​ခင်​ဘု​ရား၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟော​ပြီး​မှ၊ ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​သွား​ရာ၊ ရှ​မာ​ရိ​ရွာ​များ​တို့၌​လည်း ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော​ကြ၏။

တစ်​ဖန်​ဆို​သည်​ကား၊ တ​ရား​တော်​သည် သင်​နှင့်​နီး၏။ သင်၏​နှုတ်၌​လည်း​ကောင်း၊ သင်၏​နှ​လုံး၌​လည်း​ကောင်း ရှိ​သည်​ဟု ဆို၏။ ထို​သို့​ဆို​သော်၊ ငါ​တို့​ဟော​သော ယုံ​ကြည်​ခြင်း​တ​ရား​ကို ဆို​လို​သ​တည်း။-

နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟောပြော​လော့။ အ​ချိန်​ရှိ​သည်​ဖြစ်​စေ၊ မ​ရှိ​သည်​ဖြစ်​စေ၊ ကြိုး​စား​အား​ထုတ်​လော့။ အ​ပြစ်​ကို ဖော်​ပြ​လော့။ ဆုံး​မ​ခြင်း​ကို​ပြု​လော့။ အ​လွန်​ရှည်​သော​စိတ်​နှင့် ဩ​ဝါ​ဒ​မျိုး​ကို​ပေး၍ တိုက်​တွန်း​သွေး​ဆောင်​လော့။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ