ထိုအရပ်၌ ရပ်နေသောသူအချို့တို့က၊ အဘယ်ကြောင့် မြည်းကြိုးကိုဖြည်သနည်းဟု ဆိုလျှင်၊-
သင်တို့ရှေ့၌ရှိသောရွာသို့ သွားကြ။ ထိုရွာ၌ ချည်နှောင်လျက်ရှိသော မြည်းမနှင့် မြည်းကလေးကို သင်တို့သည် ချက်ချင်းတွေ့လိမ့်မည်။ မြည်းကြိုးကိုဖြည်၍ ငါ့ထံသို့ဆောင်ခဲ့ကြ။-
တပည့်တော်တို့သည် သွား၍ လမ်း၌တံခါးပြင်မှာ ချည်ထားသော မြည်းကလေးကို တွေ့ပြီးလျှင် မြည်းကြိုးကို ဖြည်ကြ၏။-
ယေရှုမှာထားတော်မူသည်အတိုင်း တပည့်တော်တို့သည် ပြန်ပြောပြီးမှ ထိုသူတို့သည် အခွင့်ပေးကြ၏။-