ထာဝရဘုရား၏အခွင့်နှင့် ယခုတည်လုသော ငါတို့အဘဒါဝိဒ်၏ နိုင်ငံတော်သည် မင်္ဂလာရှိစေသတည်း။ ကောင်းကင်ဘဝဂ်ဝယ် ဟောရှဏ္ဏဖြစ်စေသတည်းဟု ကြွေးကြော်ကြ၏။-
ကောင်းကင်ဘုံ၌ ထာဝရဘုရားကို ချီးမွမ်းကြလော့။ ဘဝဂ်ပေါ်မှာ ချီးမွမ်းကြလော့။
အာဗြဟံ၊ ဣဇာက်၊ ယာကုပ်အမျိုးကို အုပ်စိုးရသော မင်းအရာ၌၊ ယာကုပ်အမျိုးနှင့် ငါ့ကျွန်ဒါဝိဒ်၏အမျိုး သားစဉ်မြေးဆက်ထဲက ငါရွေး၍မခန့်ထားဘဲ စွန့်ပစ်မည်။ သို့မဟုတ် သိမ်းသွားခြင်းကိုခံရသော ထိုသူတို့ကို တစ်ဖန်ငါဆောင်ခဲ့၍ ကယ်မသနားမည်ဟု မိန့်တော်မူ၏။
ထိုနောက်မှ ဣသရေလအမျိုးသားတို့သည် ပြန်လာ၍၊ သူတို့ဘုရားသခင် ထာဝရဘုရားကိုလည်းကောင်း၊ သူတို့ရှင်ဘုရင် ဒါဝိဒ်ကိုလည်းကောင်းရှာ၍၊ နောင်ကာလ၌ ကျေးဇူးတော်ကိုခံအံ့သောငှာ၊ ထာဝရဘုရားထံတော်သို့ တုန်လှုပ်လျက်ပြေးကြလိမ့်မည်။
ရှေ့နောက်လိုက်သွားသော အခြံအရံများတို့က ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်း။ ထာဝရဘုရား၏အခွင့်နှင့် ကြွလာတော်မူသောသူသည် မင်္ဂလာရှိစေသတည်း။ ကောင်းကင်ဘဝဂ်ဝယ် ဟောရှဏ္ဏ ဖြစ်စေသတည်းဟု ကြွေးကြော်ကြ၏။-
အာဗြဟံသည် ငါတို့အဘဖြစ်သည်ဟူ၍ စိတ်ထဲ၌ မအောက်မေ့ကြနှင့်။ ဘုရားသခင်သည် ဤကျောက်ခဲတို့မှ အာဗြဟံသားတို့ကို ထုတ်ဖော်ဖန်ဆင်းနိုင်တော်မူသည်ဟု ငါအမှန်ဆို၏။
ကောင်းကင်ဘဝဂ်ဝယ် ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ မြေကြီးပေါ်၌လည်း ငြိမ်သက်ခြင်း ရှိစေသတည်း။ လူတို့အား မေတ္တာကရုဏာ ရှိစေသတည်းဟု ဘုရားသခင်ကို ချီးမွမ်း၍မြွက်ဆိုကြ၏။