Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်မာကု 10:1

Judson Bible

ထို​အ​ရပ်​မှ ကိုယ်​တော်​သည် ထ၍ ယော်​ဒန်​မြစ်​တစ်​ဖက်​ကို လျှောက်​သွား​သ​ဖြင့် ယု​ဒ​ပြည်​စွန်း​သို့ ရောက်​တော်​မူ၏။ လူ​များ​တို့​သည် အ​ထံ​တော်၌​စု​ဝေး​ပြန်၍၊ ထုံး​စံ​ရှိ​တော်​မူ​သည်​အ​တိုင်း တစ်​ဖန် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ဓ​မ္မ​ဒေ​သ​နာ​ဆ​ရာ​သည် ပ​ညာ​ရှိ​သည်​အ​တိုင်း၊ ပ​ရိ​သတ်​တို့​အား ပ​ညာ​အ​တတ်​ကို သွန်​သင်​လေ့​ရှိ၏။ လုံ့​လ​ဝိ​ရိ​ယ​ပြု​လျက် များ​စွာ​သော​သု​တ္တံ​စ​ကား​တို့​ကို ရှာ​ဖွေ၍​စီ​ရင်၏။

သူ​တို့​သည် ငါ့​ကို​မျက်​နှာ​မ​ပြု​ဘဲ ကျော​ခိုင်း​ကြ​ပြီ။ ငါ​သည် စော​စော​ထ၍ အ​ထပ်​ထပ်​ဆုံး​မ​သွန်​သင်​သော်​လည်း၊ ငါ၏​ဩ​ဝါ​ဒ​ကို ခံ​လို​သော​ငှာ နား​မ​ထောင်​ကြ။

ထို​အ​ခါ ယေ​ရှု​က၊ သင်​တို့​သည် ဓား​ပြ​ကို​ဖမ်း​သ​ကဲ့​သို့ ငါ့​ကို​ဖမ်း​အံ့​သော​ငှာ ဓား​နှင့် တုတ်​များ​ကို လက်​စွဲ​လျက် လာ​ကြ​သည်​တ​ကား။ ငါ​သည် ဗိ​မာန်​တော်၌ နေ့​တိုင်း ဆုံး​မ​ဩ​ဝါ​ဒ​ပေး​လျက် သင်​တို့​အ​လယ်၌ ထိုင်​နေ​စဉ်​အ​ခါ၊ သင်​တို့​သည် ငါ့​ကို မ​ဖမ်း​ဆီး​ကြ။-

ယေ​ရှု​သည် တ​ရား​ဇ​ရပ်​တို့၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​လျက်၊ နိုင်​ငံ​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​လျက်၊ လူ​တို့​တွင် အ​နာ​ရော​ဂါ​အ​မျိုး​မျိုး​တို့​ကို ငြိမ်း​စေ​လျက်၊ ဂါ​လိ​လဲ​ပြည် တစ်​ပြည်​လုံး​ကို ဒေ​သ​စာ​ရီ လှည့်​လည်​တော်​မူ၏။

က​ပေရ​နောင်​မြို့​သို့ သွား​ကြ​လျှင်၊ ဥ​ပုသ်​နေ့၌ ကိုယ်​တော်​သည် ချက်​ချင်း​တ​ရား​ဇ​ရပ်​သို့ ဝင်၍ ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ၏။-

ဖာ​ရိ​ရှဲ​တို့​သည် အ​ထံ​တော်​သို့​လာ၍၊ လူ​သည် မိ​မိ​မ​ယား​နှင့် ကွာ​အပ်​သ​လော​ဟု စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ငှာ မေး​လျှောက်​ကြ​သော်၊-

ထို​အ​ခါ​ယေ​ရှု​သည် ဗိ​မာန်​တော်၌ ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ​စဉ်​တွင်၊ ခ​ရစ်​တော်​သည် ဒါ​ဝိဒ်၏​သား​ဖြစ်​သည်​ဟု ကျမ်း​ပြု​ဆ​ရာ​တို့​သည် အ​ဘယ်​ကြောင့် ဆို​ကြ​သ​နည်း။-

ငါ​သည် ဗိ​မာန်​တော်၌ နေ့​တိုင်း ဆုံး​မ​ဩ​ဝါ​ဒ​ပေး​လျက်၊ သင်​တို့​အ​လယ်၌ ရှိ​နေ​စဉ်​အ​ခါ သင်​တို့​သည် ငါ့​ကို မ​ဖမ်း​မ​ဆီး​ကြ။ ဤ​အ​ကြောင်း​အ​ရာ​ကား၊-

နောက်​တစ်​ဖန် အိုင်​နား​သို့ ကြွ​တော်​မူ၍၊ လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည် အ​ထံ​တော်​သို့​လာ​ကြ​လျှင်၊ သူ​တို့​အား ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ၏။-

ထို​အ​ခါ ဥ​ပ​မာ​စ​ကား​အား​ဖြင့် များ​စွာ​သော​ဆုံး​မ​ဩ​ဝါ​ဒ​ကို ပေး၍ မြွက်​ဆို​တော်​မူ​သည်​မှာ၊-

ဥ​ပုသ်​နေ့​ရောက်​လျှင် တ​ရား​ဇ​ရပ်၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ၏။ လူ​များ​တို့​သည် ကြား​နာ​ရ​လျှင် မိန်း​မော​တွေ​ဝေ​ခြင်း​သို့ ရောက်၍၊ ဤ​သူ​သည် ဤ​အ​ရာ​တို့​ကို အ​ဘယ်​မှာ​ရ​သ​နည်း။ သူ​ရ​သော ပ​ညာ​ကား အ​ဘယ်​ပ​ညာ​နည်း။ ဤ​မျှ​လောက်​သော တန်​ခိုး​များ​ကို အ​ဘယ်​သို့ ပြ​နိုင်​သ​နည်း။-

ယေ​ရှု​သည် ထွက်​ကြွ၍ လူ​များ​အ​ပေါင်း​တို့​ကို တွေ့​မြင်​တော်​မူ​လျှင်၊ ထို​သူ​တို့​သည် ထိန်း​သူ​မ​ရှိ၊ ပစ်​ထား​သော သိုး​ကဲ့​သို့ ဖြစ်​ကြ​သည်​ကို သ​နား​ခြင်း​စိတ်​တော်​ရှိ၍ များ​စွာ​သော ဆုံး​မ​ဩ​ဝါ​ဒ​ကို ပေး​တော်​မူ၏။

ထို​သူ​တို့​သည် မ​ယုံ​ကြည်​ကြ​သည်​ကို အံ့​ဩ​ခြင်း​ရှိ​တော်​မူ၏။ ပတ်​လည်၌​ရှိ​သော မြို့​ရွာ​များ​သို့ ဒေ​သ​စာ​ရီ လှည့်​လည်၍ ဆုံး​မ​ဩ​ဝါ​ဒ ပေး​တော်​မူ၏။

ယော​ဟန်​သည် ဗ​တ္တိ​ဇံ​ကို ရှေ့​ဦး​စွာ​ပေး​ရာ​အ​ရပ်၊ ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ တစ်​ဖန်​ကြွ၍ ထို​အ​ရပ်၌ နေ​တော်​မူ၏။-

ထို​နောက်​မှ တ​ပည့်​တော်​တို့​အား၊ ယု​ဒ​ပြည်​သို့ တစ်​ဖန်​သွား​ကြ​ကုန်​အံ့​ဟု မိန့်​တော်​မူ​လျှင်၊-

ယေ​ရှု​က​လည်း၊ ငါ​သည်​လော​က၌ ထင်​ရှား​စွာ​ဟော​ပြော​ပြီ။ ယု​ဒ​လူ​အ​ပေါင်း​တို့ စည်း​ဝေး​ရာ တ​ရား​ဇ​ရပ်၌​လည်း​ကောင်း၊ ဗိ​မာန်​တော်၌​လည်​ကောင်း၊ အ​စဉ်​မ​ပြတ် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ပြီ။ မ​ထင်​ရှား​ဘဲ အ​လျှင်း​မ​ဟော​မ​ပြော။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ