Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ရှင်မာကု 1:19

Judson Bible

ထို​မှ အ​နည်း​ငယ်​လွန်​ပြန်​လျှင် ဇေ​ဗေ​ဒဲ၏​သား​ယာ​ကုပ်​နှင့် ယော​ဟန် ညီ​အစ်​ကို​နှစ်​ယောက်​တို့​သည် လှေ​ပေါ်​မှာ ပိုက်​ကွန်​ပြင်​နေ​သည်​ကို မြင်၍ ချက်​ချင်း​ခေါ်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထို​မှ​လွန်​ပြန်​လျှင် အ​ခြား​သော​ညီ​အစ်​ကို​နှစ်​ယောက်၊ ဇေ​ဗေ​ဒဲ၏​သား​ယာ​ကုပ်​နှင့် ယော​ဟန်​တို့​သည် သူ​တို့​အ​ဘ​နှင့်​အ​တူ လှေ​ပေါ်​မှာ ပိုက်​ကွန်​ပြင်​နေ​သည်​ကို မြင်၍ ခေါ်​တော်​မူ၏။

ထို​သူ​တို့​သည် ချက်​ချင်း​ပိုက်​ကွန်​ကို​စွန့်​ပစ်၍ နောက်​တော်​သို့ လိုက်​ကြ၏။-

ထို​သူ​တို့​သည်​လည်း လှေ​ပေါ်​မှာ​ရှိ​သော သူ​ငှား​တို့​နှင့်​တ​ကွ အ​ဘ​ဇေ​ဗေ​ဒဲ​ကို​စွန့်​ပစ်၍ နောက်​တော်​သို့ လိုက်​ကြ၏။

ထို​အ​ခါ ဇေ​ဗေ​ဒဲ၏​သား ယာ​ကုပ်​နှင့် ယော​ဟန်​သည် အ​ထံ​တော်​သို့ ချဉ်း​ကပ်၍၊ အ​ရှင်​ဘု​ရား၊ အ​ကျွန်ုပ်​တို့​တောင်း​သော ဆု​ကျေး​ဇူး​ကို ပြု​တော်​မူ​စေ​ချင်​ပါ​သည်​ဟု လျှောက်​လေ၏။-

ပေ​တ​ရု၊ ယာ​ကုပ်၊ ယော​ဟန်​တို့​ကို​ခေါ်​သွား၍ မိန်း​မော​တွေ​ဝေ​ခြင်း၊ စိတ်​ပူ​ပန်​ခြင်း​သို့ ရောက်​တော်​မူ၏။-

မိုး​ကြိုး​သား​ဟု ဆို​လို​သော ဗော​နေ​ရ​ဂက် အ​မည်​သစ်​ကို ပေး​တော်​မူ​သော ဇေ​ဗေ​ဒဲ၏​သား​နှစ်​ယောက် ယာ​ကုပ်​နှင့် ယော​ဟန်၊-

ပေ​တ​ရု၊ ယာ​ကုပ်၊ ယာ​ကုပ်၏​ညီ​ယော​ဟန်​မှ​တစ်​ပါး အ​ဘယ်​သူ​ကို​မျှ မ​လိုက်​စေ​ဘဲ၊-

ခြောက်​ရက်​လွန်​သော​အ​ခါ ယေ​ရှု​သည် ပေ​တ​ရု၊ ယာ​ကုပ်၊ ယော​ဟန်​တို့​ကို ခေါ်၍၊ အ​ခြား​သူ​မ​ပါ​ဘဲ မြင့်​လှ​စွာ​သော တောင်​ပေါ်​တွင် ဆိတ်​ကွယ်​ရာ​အ​ရပ်​သို့ ဆောင်​ကြွ​တော်​မူ၏။ သူ​တို့​ရှေ့၌ ထူး​ခြား​သော အ​ဆင်း​အ​ရောင်​နှင့် ပြည့်​စုံ​သည်​ဖြစ်၍၊-

ရှိ​မုန်​ပေ​တ​ရု​နှင့် ဒိ​ဒု​မု​ဟု​အ​မည်​ရှိ​သော သော​မ၊ ဂါ​လိ​လဲ​ပြည် ကာ​န​မြို့​သား နာ​သ​နေ​လ၊ ဇေ​ဗေ​ဒဲ၏ သား​နှစ်​ယောက်၊ အ​ခြား​သော​တ​ပည့်​တော်​နှစ်​ယောက်​တို့​သည် အ​တူ​ရှိ​ကြ၏။-

ရောက်​ကြ​လျှင်၊ ပေ​တ​ရု၊ ယာ​ကုပ်၊ ယော​ဟန်၊ အ​န္ဒြေ၊ ဖိ​လိ​ပ္ပု၊ သော​မ၊ ဗာ​သော​လ​မဲ၊ မဿဲ၊ အာ​လ​ဖဲ၏​သား​ယာ​ကုပ်၊ ရှိ​မုန်​ဇေ​လုတ်၊ ယာ​ကုပ်​ညီ ယု​ဒ​တို့​သည် တည်း​နေ​ရာ​အိမ်​အ​ထက်​ခန်း​သို့ တက်​ကြ၏။-

ယော​ဟန်၏​အစ်​ကို​ဖြစ်​သော ယာ​ကုပ်​ကို ဓား​နှင့် ကွပ်​မျက်​လေ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ