ထိုသို့ဖြစ်လျှင် အဘယ်သို့နည်း။ ငါတို့သည် မြတ်သလောဟု မေးပြန်သော်၊ အလျှင်းမမြတ်။ အကြောင်းမူကား၊ ယုဒလူ၊ ဟေလသလူအပေါင်းတို့သည် အပြစ်ရှိကြောင်းကို အထက်ကပြခဲ့ပြီ။-
ငါသည် ကိုယ်စိတ်နှလုံးကို စင်ကြယ်စေပြီ။ အပြစ်နှင့် ကင်းလွတ်၏ဟု အဘယ်သူဆိုနိုင်သနည်း။
သူတို့ကလည်း၊ သင်သည် အသီးအခြားနေလော့။ ငါ့ထံသို့ မချဉ်းနှင့်။ ငါသည် သင့်ထက်သာ၍ သန့်ရှင်းသည်ဟု ဆိုတတ်၏။ ထိုသို့သောသူတို့သည် ငါ့နှာခေါင်း၌ မီးခိုးကဲ့သို့လည်းကောင်း၊ အစဉ်လောင်သော မီးကဲ့သို့လည်းကောင်း ဖြစ်ကြ၏။
ကိုယ်တော်ကို ခေါ်ပင့်သောဖာရိရှဲသည် မြင်လေသော်၊ ဤသူသည် ပရောဖက်မှန်လျှင် ခြေတော်ကိုကိုင်သော ဤမိန်းမသည် အဘယ်သို့သောသူဖြစ်သည်ကို သိလိမ့်မည်။ ဤမိန်းမသည် ဆိုးသောသူဖြစ်၏ဟု ထင်မှတ်၏။
သမ္မာတရားကိုအဓမ္မဖြင့် ဆီးတားနှိပ်စက်သောသူတို့ ပြုတတ်သော ဘုရားမဲ့နေခြင်းအမှု၊ တရားကို လွန်ကျူးခြင်း အမှုအမျိုးမျိုးတို့ တစ်ဖက်၌ ဘုရားသခင်၏ အမျက်တော်သည် ကောင်းကင်မှ ထင်ရှားလျက်ရှိ၏။-
ဘုရားသခင်သည် လူအပေါင်းတို့ကို သနားတော်မူခြင်း အခွင့်ရှိစေခြင်းငှာ လူအပေါင်းတို့ကို နားမထောင်ခြင်းအဖြစ်၌ ချုပ်ထားတော်မူ၏။
သို့ဖြစ်လျှင် အဘယ်သို့နည်း၊ ဣသရေလလူတို့သည် ရှာသောအရာကို မတွေ့မရကြ။ ရွေးကောက်တော်မူသော သူတို့သာ တွေ့ရကြ၏။ ကြွင်းသောသူတို့ကို မှောင်မိုက်ဖုံးလွှမ်း၏။-
သူတစ်ပါးကို စစ်ကြောစီရင်တတ်သောသူ၊ သင်သည် ကိုယ်အပြစ်ကို မဖုံးနိုင်ရာ။ အကြောင်းမူကား၊ သင်သည်စစ်ကြောစီရင်သော အမှုကိုပင် ကိုယ်တိုင်ပြုသည်ဖြစ်၍၊ သူတစ်ပါးကို စစ်ကြောစီရင်သည်တွင် ကိုယ်အပြစ်ရှိကြောင်းကို စီရင်ဆုံးဖြတ်ရာရောက်၏။-
ထိုသို့ဖြစ်လျှင်၊ ယုဒလူသည် အဘယ်သို့သာသနည်း။ အရေဖျားလှီးခြင်းအားဖြင့် အဘယ်အကျိုးရှိသနည်း။-
ပညတ်တရား၌ ပါသမျှသောစကားတို့သည် ပညတ်တရားကို ခံသောသူတို့နှင့် စပ်ဆိုင်သည်ကို ငါတို့ သိကြ၏။ ထိုသို့ဖြစ်၍၊ လောကီသားအပေါင်းတို့သည် စကားတစ်ခွန်းကိုမျှ မပြောနိုင်ဘဲ ဘုရားသခင့်ရှေ့တော်၌ အပြစ်သင့်သောသူဖြစ်ကြ၏။-
ငါတို့၏ မတရားသောအမှုသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေလျှင်၊ အဘယ်သို့ဆိုရသနည်း။ ဘုရားသခင်သည် ဒဏ်ပေးတော်မူလျှင်၊ မတရားသောအမှုကို ပြုတော်မူသလော။ ထိုသို့ဆိုသော် လူသဘောအတိုင်း ငါဆိုသတည်း။-
ထိုသို့ဖြစ်လျှင် အဘယ်သို့နည်း။ ငါတို့သည် ပညတ်တရားလက်၌မရှိ။ ကျေးဇူးတရားလက်၌ရှိသောကြောင့်၊ ဒုစရိုက်ကို ပြုရမည်လော။ ထိုသို့မပြုရ။-
ထိုမှတစ်ပါး၊ ပညတ်တရားသည် ဝိညာဉ်ပကတိနှင့် စပ်ဆိုင်သည်ကို ငါတို့သိကြ၏။ ငါမူကား ဇာတိပကတိရှိ၏။ အပြစ်တရားလက်၌ ကျေးကျွန်ဖြစ်၏။
ထိုသို့ဆိုသော် အဘယ်သို့ ငါဆိုလိုသနည်း။ ရုပ်တုကား မှတ်စရာရှိသည်၊ ရုပ်တုရှေ့၌ ပူဇော်သော ယဇ်ကောင်ကား မှတ်စရာရှိသည်ဟု ဆိုလိုသလော။-
သို့ဖြစ်လျှင်၊ အဘယ်သို့ပြုရမည်နည်း။ စိတ်နှလုံးနှင့် လည်းကောင်း၊ ဉာဏ်နှင့် လည်းကောင်း၊ ဆုတောင်းရမည်။ စိတ်နှလုံးနှင့် လည်းကောင်း၊ ဉာဏ်နှင့် လည်းကောင်း သီချင်းဆိုရမည်။-
ထိုမှတစ်ပါး၊ အဘယ်သူသည် သင့်ကို ထူးခြားစေသနည်း။ သူတစ်ပါးလက်မှ မခံမယူဘဲ အလိုအလျောက်ရသော အရာတစ်စုံတစ်ခုမျှ သင်၌ရှိသလော။ သူတစ်ပါးလက်မှ ခံယူသည်မှန်လျှင်၊ မခံမယူသကဲ့သို့ အဘယ်ကြောင့် ဝါကြွားသနည်း။-
ပညတ်တရား၏အကျင့်ကို အမှီပြုသောသူရှိသမျှတို့သည် အကျိန်နှင့် စပ်ဆိုင်ကြ၏။ အကြောင်းမူကား၊ ပညတ္တိကျမ်းစာ၌ပါသမျှသော စကားတို့ကို အမြဲမကျင့်သောသူတိုင်း ကျိန်တော်မူခြင်းကို ခံစေသတည်းဟု ကျမ်းစာလာ၏။-
ယခုမူကား၊ ယုံကြည်သောသူတို့သည် ယေရှုခရစ်ကို ယုံကြည်ခြင်းနှင့် စပ်ဆိုင်သော ကတိတော်ကို ရမည်အကြောင်း ကျမ်းစာသည် လူအပေါင်းတို့ကို အပြစ်၌ချုပ်ထား၏။-
သို့ဖြစ်၍ အဘယ်သို့နည်း၊ လျှို့ဝှက်၍ ဟောပြောသည်ဖြစ်စေ၊ သစ္စာရှိ၍ ဟောပြောသည်ဖြစ်စေ၊ အဘယ်သို့သောအားဖြင့် ဟောပြောသည်ဖြစ်စေ၊ ခရစ်တော်၏တရားကို ဟောပြောခြင်းရှိ၏။ ထိုအကြောင်းကြောင့် ငါသည် ယခုဝမ်းမြောက်၏။ နောင်၌လည်း ဝမ်းမြောက်လိမ့်မည်။-