Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 7:6

Judson Bible

ဧည့်​သည်​အာ​ဂ​န္တု၊ မိ​ဘ​မ​ရှိ​သော​သူ​ငယ်၊ မု​ဆိုး​မ​ကို မ​ညှဉ်း​ဆဲ၊ အ​ပြစ်​မ​ရှိ​သော​သူ၏​အ​သက်​ကို ဤ​အ​ရပ်၌ မ​သတ်၊ ကိုယ်​အ​ကျိုး​ကို ဖျက်၍ အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​ကို မ​ချဉ်း​ကပ်​ဘဲ​နေ​လျှင်​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

37 ပူးပေါင်းရင်းမြစ်များ  

မိ​မိ​သား​ကို မီး​ဖြင့်​ပူ​ဇော်၏။ ကာ​လ​ဗေ​ဒင်​ကို ကြည့်​တတ်၏။ ပြု​စား​သော​အ​တတ်​ကို​သုံး​ဆောင်၍ စုန်း​နှင့် နတ်​ဝင်​တို့​ကို​လည်း အ​ခွင့်​ပေး၏။ ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ကို နှိုး​ဆော်​ခြင်း​ငှာ ရှေ့​တော်၌ များ​စွာ​သော​ဒု​စ​ရိုက်​ကို​ပြု၏။

ထို​သို့ အ​ပြစ်​မ​ရှိ​သော​သူ​တို့၏​အ​သွေး၊ ခါ​နာန်​ရုပ်​တု​တို့​ရှေ့​မှာ ယဇ်​ပူ​ဇော်​သော ကိုယ်​သား​သ​မီး​တို့၏ အ​သွေး​ကို သွန်​ကြ၍၊ ထို​မြေ​သည် အ​သွေး​နှင့် ညစ်​ညူး​လေ၏။

အ​ရင်​စိုက်​သော မြေ​မှတ်​တိုင်​ကို မ​ရွှေ့​နှင့်။ မိ​ဘ​မ​ရှိ​သော​သူ​တို့၏ လယ်​ကို​မ​သိမ်း​နှင့်။

သူ​တို့​ခြေ​သည် အ​ဓ​မ္မ​အ​မှု​ကို​ပြု​ခြင်း​ငှာ ပြေး​တတ်၏။ အ​ပြစ်​မ​ရှိ​သော​သူ၏​အ​သက်​ကို သတ်​ခြင်း​ငှာ​လျင်​မြန်၏။ သူ​တို့​အ​ကြံ​သည် အ​ဓ​မ္မ​အ​ကြံ​ဖြစ်၍၊ သူ​တို့​သွား​ရာ​လမ်း၌ ပျက်​စီး​ခြင်း​နှင့် ဒု​က္ခ​ဆင်း​ရဲ​ခြင်း​ရှိ၏။

ငါ့​စ​ကား​ကို နား​မ​ထောင်၊ မိ​မိ​စိတ်​နှ​လုံး ခိုင်​မာ​သော​သ​ဘော​အ​တိုင်း​ကျင့်၍၊ အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​ကို ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​ငှာ လိုက်​သွား​သော ဤ​လူ​ဆိုး​မျိုး​သည်၊ အ​သုံး​မ​ရ​သော ဤ​ခါး​ပန်း​ကဲ့​သို့​ဖြစ်​လိမ့်​မည်။

အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ငါ့​ကို​စွန့်​ပစ်​ကြ​ပြီ။ ကိုယ်​တိုင်​မ​သိ၊ ဘိုး​ဘေး​များ​မ​သိ၊ ယု​ဒ​ရှင်​ဘု​ရင်​များ မ​သိ​သော တစ်​ကျွန်း​တစ်​နိုင်​ငံ ဘု​ရား​တို့​ရှေ့​မှာ၊ ဤ​အ​ရပ်၌ နံ့​သာ​ပေါင်း​ကို မီး​ရှို့​သ​ဖြင့်၊ ဤ​အ​ရပ်​ကို တစ်​ကျွန်း​တစ်​နိုင်​ငံ​မြေ ဖြစ်​စေ​ကြ​ပြီ။ အ​ပြစ်​မ​ရှိ​သော သူ​တို့၏​အ​သွေး​နှင့် ဤ​အ​ရပ်​ကို ပြည့်​စေ​ကြ​ပြီ။

ငါ​သည် သင်​တို့​သား​များ​ကို အ​ချည်း​နှီး​ဒဏ်​ပေး​ပြီ။ သူ​တို့​သည် ဆုံး​မ​ခြင်း​ကို မ​ခံ​ကြ။ သင်​တို့၏​ဓား​သည် လု​ယူ​ဖျက်​ဆီး​တတ်​သော ခြင်္သေ့​ကဲ့​သို့၊ သင်​တို့၏ ပ​ရော​ဖက်​များ​ကို​ဖျက်​ဆီး​လေ​ပြီ။

ထို​မှ​တစ်​ပါး၊ အ​နိုင်​အ​ထက်​ပြု​သည်​ကို သင်​မ​တွေ့။ အ​ပြစ်​မ​ရှိ​သော ဆင်း​ရဲ​သား​တို့​ကို အ​သေ​သတ်၍၊ သွန်း​သော အ​သွေး​သည် သင်၏​အ​ဝတ်​စွန်း၌ ထင်​ရှား၏။

သို့​ရာ​တွင်၊ ငါ့​ကို​သတ်​လျှင် အ​ပြစ်​မ​ရှိ​သော​အ​သွေး​ကို သင်​တို့​သည် ကိုယ်​အ​ပေါ်​သို့​လည်း​ကောင်း၊ ဤ​မြို့​နှင့် မြို့​သား​တို့ အ​ပေါ်​သို့​လည်း​ကောင်း၊ စင်​စစ်​ရောက်​စေ​လိမ့်​မည်​ဟု ဧ​ကန်​အ​မှန် သိ​မှတ်​ကြ​လော့။ ဤ​စ​ကား​အ​လုံး​စုံ​တို့​ကို သင်​တို့​အား ကြား​ပြော​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို စင်​စစ်​စေ​လွှတ်​တော်​မူ​ပြီ​ဟု မှူး​မတ်​အ​စ​ရှိ​သော လူ​များ​အ​ပေါင်း​တို့​အား ပြော​ဆို​လေ၏။

ထို​သူ​တို့​သည် ဥ​ရိ​ယ​ကို အဲ​ဂု​တ္တု​ပြည်​မှ ယော​ယ​ကိမ်​မင်း​ထံ​သို့ ပို့​ဆောင်​သ​ဖြင့်၊ မင်း​ကြီး​သည် ဥ​ရိ​ယ​ကို ဓား​နှင့်​သတ်၍၊ အ​သေ​ကောင်​ကို ဆင်း​ရဲ​သား​တို့၏​သင်္ချိုင်း၌ ပစ်​ထား​လေ၏။

ငါ၏​ကျွန် ပ​ရော​ဖက်​အ​ပေါင်း​တို့​ကို​လည်း၊ ငါ​သည် စော​စော​ထ၍ သင်​တို့​ရှိ​ရာ​သို့ အ​ထပ်​ထပ်​စေ​လွှတ်​လျက်၊ သင်​တို့​အ​သီး​အ​သီး လိုက်​သော အ​ဓ​မ္မ​လမ်း​ကို ရှောင်​ကြ​လော့။ သင်​တို့​အ​ကျင့်​ကို ပြု​ပြင်​ကြ​လော့။ အ​ခြား​တစ်​ပါး​သော ဘု​ရား​နောက်​သို့ မ​လိုက်၊ ဝတ်​မ​ပြု​ကြ​နှင့်။ ဤ​စ​ကား​ကို နား​ထောင်​လျှင်၊ သင်​တို့​နှင့် သင်​တို့၏ ဘိုး​ဘေး​တို့​အား ငါ​ပေး​သော​ပြည်၌ နေ​ရ​ကြ​လိမ့်​မည်​ဟု မှာ​လိုက်​သော်​လည်း၊ သင်​တို့​သည် နား​ကို​ပိတ်​လျက်၊ ငါ့​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​ကြ​ပြီ။

ဝ​လျက်၊ မျက်​နှာ​ပြောင်​လျက်​ရှိ​ကြ၏။ ဆိုး​သော​သူ​တို့​ထက် သာ၍ ဆိုး​ကြ၏။ တ​ရား​သ​ဖြင့် မ​စီ​ရင်​ကြ။ မိ​ဘ​မ​ရှိ​သော သူ​ငယ်၏​အ​မှု​ကို​စောင့်၍ အ​နိုင်​မ​ပေး​ကြ။ ဆင်း​ရဲ​သော​သူ​ဘက်၌ တ​ရား​သ​ဖြင့် မ​စီ​ရင်​ကြ။

သင်​တို့​ဘာ​သာ​ဓ​လေ့​နှင့် သင်​တို့​အ​ကျင့်​များ​တို့​ကို စုံ​လင်​စွာ ပြု​ပြင်​လျှင်​လည်း​ကောင်း၊ အ​မှု​သည်​ချင်း​တို့​ကို သေ​ချာ​စွာ တ​ရား​သ​ဖြင့် စီ​ရင်​လျှင်​လည်း​ကောင်း၊

သင်​တို့​သည် သူ့​ဥ​စ္စာ​ကို​ခိုး​လျက်၊ လူ​အ​သက်​ကို သတ်​လျက်၊ သူ့​မ​ယား​ကို​ပြစ်​မှား​လျက်၊ မ​ဟုတ်​မ​မှန်​ဘဲ ကျိန်​ဆို​လျက်၊ ဗာ​လ​ဘု​ရား​ရှေ့၌ နံ့​သာ​ပေါင်း​ကို မီး​ရှို့​လျက်၊ ကိုယ်​မ​သိ​ဖူး​သော အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​နောက်​သို့ လိုက်​လျက်​နှင့်၊

ယေ​ရု​ရှ​လင်​မြို့​အ​လယ်၌ ဖြောင့်​မတ်​သော​သူ​တို့​ကို သတ်​တတ်​သော မြို့​သား​ပ​ရော​ဖက်​တို့၏​ဒု​စ​ရိုက်​များ​နှင့်၊ ယဇ်​ပု​ရော​ဟိတ်​တို့၏ အ​ပြစ်​များ​ကြောင့် ဤ​အ​မှု​သည် ရောက်​လေ​ပြီ။

တောင်​ပေါ်​မှာ​မ​စား၊ ဣ​သ​ရေ​လ​အ​မျိုး ကိုး​ကွယ်​သော ရုပ်​တု​တို့​ကို မ​ဖူး​မ​မျှော်၊ သူ့​မ​ယား​ကို မ​ပြစ်​မှား၊ ဥ​တု​ရောက်​သော မိန်း​မ​ကို မ​ချဉ်း​ကပ်၊

သင့်​အ​လယ်၌ မိ​ဘ​တို့​ကို မ​ထီ​မဲ့​မြင်​ပြု​ကြ၏။ တစ်​ပါး​အ​မျိုး​သား​တို့​ကို အ​နိုင်​အ​ထက်​ပြု​ကြ၏။ မိ​ဘ​မ​ရှိ​သော​သူ​နှင့် မု​ဆိုး​မ​တို့​ကို ညှဉ်း​ဆဲ​ကြ၏။

သင်၏​ပြည်၌ တည်း​နေ​သော​ဧည့်​သည်​ကို မ​ညှဉ်း​ဆဲ​ရ။

သင်​တို့​သည် တစ်​ယောက်​ကို​တစ်​ယောက် မ​ညှဉ်း​ဆဲ​ရ။ သင်​တို့၏ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​ရ​မည်။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ဖြစ်၏။

သင်​တို့​ကို စစ်​ကြော​စီ​ရင်​ခြင်း​ငှာ ငါ​ချဉ်း​မည်။ ပြု​စား​တတ်​သော​သူ၊ သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ၊ မ​မှန်​သော ကျိန်​ဆို​ခြင်း​ကို ပြု​သော​သူ၊ သူ​ငှား​ကို အ​ခ​မ​ပေး ညှဉ်း​ဆဲ​သော​သူ၊ မိ​ဘ​မ​ရှိ​သော​သူ​ငယ်​နှင့် မု​ဆိုး​မ​ကို ညှဉ်း​ဆဲ​သော​သူ၊ ဧည့်​သည်​ကို မ​တ​ရား​သ​ဖြင့် စီ​ရင်​သော​သူ၊ ငါ့​ကို​မ​ကြောက်​ရွံ့​သော​သူ​တို့​တစ်​ဖက်၌ ငါ​သည် လျင်​မြန်​သော​သက်​သေ​ဖြစ်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ထို​လူ​အ​ပေါင်း​တို့​က သူ၏​အ​သွေး​သည် ငါ​တို့၏ ခေါင်း​ပေါ်၌​လည်း​ကောင်း၊ သား​မြေး​တို့​ခေါင်း​ပေါ်၌​လည်း​ကောင်း တည်​ရှိ​ပါ​စေ​ဟု ပြန်​ပြော​ကြ၏။-

အ​ကျွန်ုပ် ပြစ်​မှား​ပါ​ပြီ။ အ​ပြစ်​မ​ရှိ​သော​သူ၏ အ​သွေး​ကို အပ်​မိ​ပါ​ပြီ​ဟု ဆို၏။ ထို​သူ​တို့​က​လည်း ငါ​တို့​နှင့် အ​ဘယ်​သို့ ဆိုင်​သ​နည်း။ ကိုယ်​အ​မှု​ကို ကိုယ်​ကြည့်​လော့​ဟု ဆို​ကြ​သော်၊-

သင်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏​ပ​ညတ်​တော်​တို့​ကို နား​မ​ထောင်၊ ယ​နေ့ ငါ​မှာ​ထား​သော​လမ်း​မှ လွှဲ​ရှောင်၍၊ မ​သိ​ဖူး​သော အ​ခြား​တစ်​ပါး​သော​ဘု​ရား​ကို မှီ​ဝဲ​ဆည်း​ကပ်​လျှင်​မူ​ကား ကျိန်​ခြင်း​ကို​ငါ​ထား၏။

တ​ရား​ရှာ​တွေ့​ခြင်း​အ​မှု​မှာ တစ်​ပါး​အ​မျိုး​သား​နှင့် မိ​ဘ​မ​ရှိ​သော​သူ​ကို အ​ရှုံး​မ​ပေး​ရ။ မု​ဆိုး​မ​အ​ဝတ်​ကို အ​ပေါင်​မ​ယူ​ရ။

တ​ရား​တွေ့​ခြင်း​အ​မှု​မှာ တစ်​ပါး​အ​မျိုး​သား၊ မိ​ဘ​မ​ရှိ​သော​သူ၊ မု​ဆိုး​မ​ကို မ​တ​ရား​သ​ဖြင့် အ​ရှုံး​ပေး​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟု ကျိန်​လျှင်၊ လူ​အ​ပေါင်း​တို့​က အာ​မင်​ဟု ဝန်​ခံ​ရ​ကြ​မည်။

သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို သင်​သည်​မေ့​လျော့​သ​ဖြင့်၊ အ​ခြား​တစ်​ပါး​သော​ဘု​ရား​တို့​ကို ဆည်း​ကပ်၍ ဝတ်​ပြု​ကိုး​ကွယ်​လျှင်၊ ပျက်​စီး​ခြင်း​သို့ အ​မှန်​ရောက်​လိမ့်​မည်​ဟု ယ​နေ့​ငါ​သည် သင့်​တစ်​ဖက်၌​သက်​သေ​ခံ၏။

ခ​မည်း​တော်​ဘု​ရား​သ​ခင့်​ရှေ့၌ စင်​ကြယ်​သန့်​ရှင်း​သော သီ​လ​ဟူ​မူ​ကား၊ မိ​ဘ​မ​ရှိ​သော​သူ​ငယ်​တို့​နှင့် မု​ဆိုး​မ​တို့​သည် ဆင်း​ရဲ​ခံ​ရ​သော​အ​ခါ၊ သူ​တို့​ကို ကြည့်​ရှု​ပြု​စု​ခြင်း၊ ကိုယ်​တိုင်​လည်း လော​ကီ​အ​ညစ်​အ​ကြေး​နှင့် ကင်း​စင်​အံ့​သော​ငှာ စောင့်​ရှောက်​ခြင်း​ပေ​တည်း။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ