Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယေ​ရ​မိ 51:7

Judson Bible

ဗာ​ဗု​လုန်​မြို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​ကိုင်​တော်​မူ၍ မြေ​ကြီး​တစ်​ပြင်​လုံး​ကို ယစ်​မူး​စေ​သော ရွှေ​ဖ​လား​ဖြစ်၏။ ထို​ဖ​လား၌​ပါ​သော စ​ပျစ်​ရည်​ကို လူ​အ​မျိုး​မျိုး​တို့​သည် သောက်၍ အ​ရူး​ဖြစ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

သင်​သည် ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ကို ရည်​ဆောင်၍၊ ပုံ​စ​ကား​ကို ဤ​သို့ မြွက်​ဆို​လိမ့်​မည်။ အ​စိုး​တ​ရ​ပြု​သော​သူ​သည် ဆုံး​လေ​ပြီ​တ​ကား။ ရွှေ​မြို့​တော်​သည် ဆုံး​လေ​ပြီ​ကား။

သင်​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဒါ​ဝိဒ်​မင်း​ကြီး၏​ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ ထိုင်​သော ရှင်​ဘု​ရင်​မှ​စ၍ ယဇ်​ပု​ရော​ဟိတ်၊ ပ​ရော​ဖက်၊ ယေ​ရု​ရှ​လင်​မြို့​သား​ရှိ​သ​မျှ​တို့​နှင့် ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​ကို ယစ်​မူး​ခြင်း​နှင့် ငါ​ပြည့်​စေ​မည်။

ဤ​ပြည်​နှင့် ပြည်​သား​များ​ကို​လည်း​ကောင်း၊ ပတ်​ဝန်း​ကျင်၌​ရှိ​သော လူ​အ​မျိုး​မျိုး​တို့​ကို​လည်း​ကောင်း စစ်​တိုက်​စေ​ခြင်း​ငှာ၊ ငါ၏​ကျွန် ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​အ​စ​ရှိ​သော မြောက်​ပြည်​သား အ​မျိုး​မျိုး​အ​ပေါင်း​တို့​ကို ငါ​မှာ​လိုက်၍ ဆောင်​ခဲ့​ပြီး​လျှင်၊ ရှင်း​ရှင်း​ဖျက်​ဆီး၍၊ ဤ​ပြည်​သား​တို့​ကို အံ့​ဩ​ဖွယ်​ရာ၊ ကဲ့​ရဲ့​သံ​ကို​ကြား​ရာ၊ အ​စဉ်​အ​မြဲ လူ​ဆိတ်​ညံ​ရာ ဖြစ်​စေ​မည်။

ခန်း​ခြောက်​ခြင်း​ဘေး​သည် မြို့၏​ရေ​တို့​အ​ပေါ်​သို့ ရောက်၍ ခန်း​ခြောက်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ထို​ပြည်​သည် ရုပ်​တု​တို့​နှင့် အ​ပြည့်​ရှိ၏။ ပြည်​သား​တို့​သည် ဆင်း​တု​တို့​ကို အ​မှီ​ပြု၍ ဝါ​ကြွား​ကြ၏။

ပျော်​မွေ့​လျက်​နေ​သော လူ​အ​လုံး​အ​ရင်း မြည်​သံ​ကို​လည်း ကြား​ရ၏။ အ​ခြား​သော​သူ​အ​များ​တို့​နှင့်​အ​တူ တော​က​လာ၍၊ လက်၌ လက်​ကောက်၊ ခေါင်း၌ တင့်​တယ်​သော​သ​ရ​ဖူ​ကို ဆောင်း​သော သေ​သောက်​ကြူး​တို့​လည်း ပါ​ကြ၏။

သူ၏ ဦး​ခေါင်း​သည် ရွှေ​စင်​ဖြစ်၏။ ရင်​ပတ်​နှင့် လက်​နှစ်​ဖက်​သည် ငွေ​ဖြစ်၏။

လူ​နေ​ရာ​ရှိ​သ​မျှ​တို့​နှင့် မြေ​ကြီး​သား တိ​ရ​စ္ဆာန်၊ မိုး​ကောင်း​ကင်​ငှက်​များ​တို့​ကို ကိုယ်​တော်​လက်၌ အပ်​ပေး၍၊ ကိုယ်​တော်​သည် အ​လုံး​စုံ​တို့​ကို အုပ်​စိုး​ရ​သော​အ​ခွင့်​ရှိ​တော်​မူ၏။ ကိုယ်​တော်​သည် ရုပ်​တု၏ ရွှေ​ဦး​ခေါင်း​ဖြစ်​တော်​မူ၏။

ကောင်း​ကင်​တ​မန်​တစ်​ပါး​က​လည်း၊ ဗာ​ဗု​လုန်​မြို့​ကြီး ပြို​လဲ​ပြီ။ မိ​မိ​မ​တ​ရား​သော မေ​ထုန်၏ အ​ဆိပ်​အ​တောက်​တည်း​ဟူ​သော စ​ပျစ်​ရည်​ကို လူ​မျိုး​အ​ပေါင်း​တို့​အား တိုက်​လေ​ပြီး​သော ဗာ​ဗု​လုန်​မြို့​ကြီး ပြို​လဲ​ပြီ​ဟု လိုက်၍​ပြော​ဆို၏။-

လော​ကီ​ရှင်​ဘု​ရင်​တို့​သည် မ​တ​ရား​သော မေ​ထုန်​ကို သူ​နှင့်​ပြု​ကြ​ပြီ။ မြေ​ကြီး​သား​တို့​သည် သူ၏ မ​တ​ရား​သော​မေ​ထုန်၏ စ​ပျစ်​ရည်​နှင့် ယစ်​မူး​ကြ​ပြီ​ဟု ပြော​ဆို​လျက်၊-

ထို​မိန်း​မ​သည် အ​ဝတ်​နီ၊ အ​ဝတ်​မောင်း​ကို ဝတ်​လျက်၊ ရွှေ​တန်​ဆာ၊ ကျောက်​မြတ်​တန်​ဆာ၊ ပု​လဲ​တန်​ဆာ​ကို ဆင်​လျက်​ရှိ၏။ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​ရာ​နှင့်​လည်း​ကောင်း၊ မိ​မိ​မ​တ​ရား​သော မေ​ထုန်၏ ညစ်​ညူး​ခြင်း နှင့်​လည်း​ကောင်း ပြည့်​သော​ရွှေ​ဖ​လား​ကို ကိုင်​လျက်​ရှိ၏။-

ဆီ​မီး​အ​လင်း​လည်း သင့်​အ​ထဲ၌ နောက်​တစ်​ဖန် မ​ထွန်း​မ​လင်း​ရ။ မင်္ဂ​လာ​ဆောင် သ​တို့​သား​သ​တို့​သ​မီး အ​သံ​ကို​လည်း သင့်​အ​ထဲ၌ နောက်​တစ်​ဖန် မ​ကြား​ရ။ အ​ကြောင်း​မူ​ကား၊ လော​ကီ​မှူး​မတ်​တို့​သည် သင်၏ ကုန်​သည်​ဖြစ်​ကြ​ပြီ။ လူ​အ​မျိုး​မျိုး​တို့​သည် သင်၏ ပြု​စား​ခြင်း ပ​ရိ​ယာယ်​အား​ဖြင့် လှည့်​ဖြား​ခြင်း​ကို ခံ​ရ​ကြ​ပြီ​ဟု ကောင်း​ကင်​တ​မန် ပြော​ဆို၏။-

အ​ကြောင်း​မူ​ကား၊ လူ​မျိုး​အ​ပေါင်း​တို့​သည် သူ၏ မ​တ​ရား​သော မေ​ထုန်၏ အ​ဆိပ်​အ​တောက် တည်း​ဟူ​သော​စ​ပျစ်​ရည်​ကို သောက်​ကြ​ပြီ။ လော​ကီ​ရှင်​ဘု​ရင်​တို့​သည် မ​တ​ရား​သော မေ​ထုန်​ကို သူ​နှင့်​ပြု​ကြ​ပြီ။ လော​ကီ​ကုန်​သည်​တို့​သည် သူ၏ ကာ​မ​ဂုဏ်​စည်း​စိမ် ကြွယ်​ဝ​ခြင်း​အား​ဖြင့် ဥ​စ္စာ​ရ​တတ်​ကြ​ပြီ​ဟု ပြော​ဆို၏။

စီ​ရင်​တော်​မူ​ခြင်း​အ​ရာ​တို့​သည် ဟုတ်​မှန် ဖြောင့်​မတ်​ကြ၏။ မိ​မိ​မ​တ​ရား​သော မေ​ထုန်​အား​ဖြင့် မြေ​ကြီး​ကို ပုပ်​ပျက်​စေ​သော ပြည့်​တန်​ဆာ​ကြီး​ကို စစ်​ကြော​စီ​ရင်​တော်​မူ​ပြီ။ ကိုယ်​တော်​ကျွန်​တို့၏ အ​သွေး​ကို သူ၏ လက်​ဖြင့်​သွန်း​သော အ​ပြစ်​နှင့်​အ​လျောက် ဒဏ်​ပေး​တော်​မူ​ပြီ​ဟု ပြော​ဆို​ကြ​သည်​ကို ငါ​ကြား၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ